Description: {{ တရား ကိုလည်း သိပါ ၊ ဓါးတွေကိုလည်း ကြည့်ပါ }}
************************************

ရှေးပဝေသဏီကတည်းက ဗုဒ္ဓသာသနာနှင့် ပတ်သက်လာလျှင်
"မြေကြီးက တစ်လက်မခန့် လွတ်အောင်ဈာန် ပျံပြနိုင်လျှင် (သို့)
အခြားသော တန်ခိုး သိဒ္ဓိ တို့ကို ပြသနိုင်လျှင် သူတစ်ထူးတို့ အ
ထင်ကြီး လေးစားပြီး ပူဇော်မှုကို ခံရနိုင်သည် ”  ဟု  အယူစွဲမှား
များကို အသုံးပြုပြီး ဗုဒ္ဓဘာသာတရား၏အရိပ်အောက်၌ အရည်
ခြုံ၍ ကိုယ်ကျိုးရှာမှုများလည်း ရှိခဲ့ကြလေသည် ။ 

မြတ်စွာဘုရားသည် တန်ခိုးပြ၍သာသနာပြုခြင်း(သို့) ပူဇော်မှုကို
ခံယူခြင်းကိုနှစ်သက်တော်မမူခဲ့၍ တားမြစ်တော်မူခဲ့သည် ။ မြတ်
စွာဘုရားသက်တော်ထင်ရှားရှိစဉ်က နာလန္ဒမြို့နေဒါယိကာတစ်
ဦးက လျှောက်ထားဖူးသည်။ " မြတ်စွာဘုရား ဤ နာလန္ဒမြို့နေ
လူအားလုံး သာသနာတော်ကို ပိုမိုသက်ဝင်ယုံကြည်အောင်တန်
ခိုးပြာဋိဟာ ပြသပေးနိုင်သောရဟန်းတစ်ပါးကို အမြဲခန့်ထားပေး
ပါဘုရား ” ဟူ၍ တောင်းပန်လျှောက်ထားခဲ့လေ၏ ။ 

ထိုအခါ မြတ်စွာဘုရားရှင်က “ ဤသို့ မြေလျှိုးမိုးပျံ သာသနာပြု
မည် ဆိုပါက ထိုရဟန်းကို ဂန္ဓာရီ ၊ ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ထူးအဖြစ်ဖြင့်
သာ ကိုးကွယ်ဆည်းကပ်ကြလတ္တံ ။ ထိုရဟန်း၏ သီလ၊ သမာဓိ၊
ပညာတို့ကို ကြည်ညိုမြတ်နိုး ရကောင်းမှန်း သိမည်မဟုတ် ” ဟု
မိန့်တော်မူပြီး တန်ခိုးပြ၍ သာသနာ အပေါ်သက်ဝင် လာစေရေး
ကို ပယ်မြစ်တော်မူ  ခဲ့လေသည် ။ ထို့ပြင် မြေလျှိုး မိုးပျံ စသော 
တန်ခိုးများသည် အံ့သြစရာကောင်းရုံမှတပါး အားကိုးအားထား
ရာ မဟုတ်ပါချေ ။

စားနပ်ရိက္ခာ စိုက်ပျိုးရေး အတွက် လယ်သမားကို သာအားထား
ရပေမည် ။ ကုန်ထုတ် လုပ်ငန်းများအတွက် အလုပ်သမားများကို
သာ အားထား ရပေမည် ။ တိုင်းပြည် ကာကွယ်ရေး အတွက် စစ်
သည်များကိုသာ အားထားရပေမည်။ မှန်ကန်၍တရားမျှတသော
လူမှု ဆက်ဆံရေး၊ လူ့ကျင့်ဝတ် ၊ ယဉ်ကျေးမှုများ ထွန်းကားရေး
အတွက် ဗုဒ္ဓဘာသာ အတွက်ဆိုလျှင် စာတတ် ပေတတ် အကျင့်
သိက္ခာနှင့် ပြည့်စုံသော ရဟန်းတော်များ ၊ အခြား ဘာသာတရား
များတွင်လည်း သက်ဆိုင်ရာ ဘာသာရေး တရားဟော ဆရာများ
ကိုသာ အားထားရပေမည်။ လူအများ မခိုးမဝှက် ၊ မလိမ်ကောက်
အောင် ၊ စာရိတ္တမြင့်မားအောင် ရဟန်းတော်များ (သို့) သက်ဆိုင်
ရာ ဘာသာတရား ဆရာများက ဟောပြောပြသ လမ်းညွှန်သည့်
အတိုင်း ကိုယ်တိုင် ကျင့်သုံးလျက် သီလ၊ စာရိတ္တ မြင့်မားအောင်
နေထိုင်ပြုမူတတ်မှသာလျှင် မြင့်မြတ်သော လူသားဖြစ်ရကျိုးနပ်
ပေလိမ့်မည် ။ ကိုယ် ယုံကြည်ရာသာသနာကို မြှင့်တင်ရာရောက်
ပေလိမ့်မည် ။ 

သို့သော် သာသနာ့အန္တရာယ် ဓမ္မန္တရာယ်ကာကွယ်ခြင်းသည် သီး
ခြားကဏ္ဍ ဖြစ်ပါကြောင်းကို တင်ပြပါဦးမည် ။

ရဟန်းတော်များ သည် လူ ဒါယိကာများ အယူဝါဒ မှန်ကန်၍ အ
ကျင့် စာရိတ္တကောင်း အောင်ဟောကြား ဆုံးမသွန်သင်မှုကို မပြု
ပဲတန်ခိုးပြရုံသာ ပြနေကြပါက ဗုဒ္ဓသာသနာတော် အမြန်ကွယ်ပ
ရန်သာ ဖြစ်၏ ။ သာသနာနှစ် တစ်ထောင် ကျော်က အိန္ဒိယပြည်
တွင် တန္တရ  မန္တရဂိုဏ်းဝင် ဘုန်းတော်ကြီးများ သည် မန္တာန်များ၊
အင်းအိုင် ၊ ခါးလှည့် လက်ဖွဲ့များ ၊ အဆောင်များ ၊ နတ်ရုပ်များ ၊
ကန်တော့ပွဲ များဖြင့် ဟိတ်ဟန် ထုတ်ကာ တန်ခိုးပြ၍ စား ခဲ့ကြ
သည် ။ ယင်း တန်ခိုးရှင်ကြီးများသည် -

“ ထွက်ရပ်ပေါက် (သိဒ္ဓိရှင်) ဝိဇ္ဇာဓိုလ်” 

စသည်ဖြင့် အမည်ခံ၍ အညွှန့်ခူးခဲ့ကြသည် ။ တိုင်းပြည် အုပ်ချုပ်
သော မင်းဘုရင်က အစ တိုင်းသူ ပြည်သား များ အဆုံး ထို ဝိဇ္ဇာ
ဘုန်းတော်ကြီးများကို အလွန်အမင်းယုံကြည်ကိုးကွယ် ခဲ့ကြလေ
သည် ။ ထို့နောက် သာသနာနှစ် တစ်ထောင့်သုံးရာကျော်ခန့်တွင်
အိန္ဒိယပြည်ကြီးသို့ တူရကီအနွယ် မဟာမေဒင် တို့က တစ်မြို့ပြီး
တစ်မြို့ တိုက်ခိုက်သိမ်းပိုက် သာသနိက အဆောက်အဦးတို့ နှင့်
မြို့ရွာတို့ကို ဖျက်ဆီးကြ၏ ။ ကောသလ တိုင်း နှင့်မဂဓတိုင်း တို့
ကျဆုံး ပျက်စီး သွားသော်လည်း နိုင်ငံအုပ်ချုပ်သူ ဘုရင်နှင့်တိုင်း
သူပြည်သားတို့ နိုးကြားမှု မရှိကြသေးချေ ။ တန်ခိုးတော်များဖြင့်
တားဆီးနိုင်မည်ဟု ယုံကြည်နေ ကြသလို ၊ မဟာ မေဒင် မြင်းစီး
စစ်သား နှစ်ရာခန့် ဟု၍သာ သိထား၍ အထင်မြင်သေးပြီးလျှော့
တွက်ထားခဲ့ကြဟန်ရှိလေသည် ။ 

အမှန်စင်စစ် တူရကီ မဟာမေဒင် တို့သည် စိတ်ဓါတ်ရေးကို ဦး
စွာ ပထမတိုက်စစ်ဆင်သည့် အနေနှင့် ဘာသာရေး အလွန်ယုံ
ကြည်မှုလွန်ကဲသော အိန္ဒိယပြည်သားတို့ ကိုးကွယ်ရာ ဝိဇ္ဇာဓိုရ်
သာသာနာ့ ဝန်ထမ်းများကို တိုက်ခိုက် သုတ်သင် ဖျက်ဆီးပြီးမှ 
၎င်းတို့ အလိုရှိရာကို စီမံကြလေသည် ။ နောက်ဆုံး ကျန်ရစ်နေ
သော ဝင်္ဂတိုင်း (ဘင်္ဂလားပြည် ) သို့ သိမ်းပိုက်ရန် ချီတက်လာ
ချိန်တွင် ဝင်္ဂတိုင်း ပြည့်ရှင် ဘုရင် ပါလမင်း သည်  မဟာမေဒင်
တို့၏ အန္တရာယ်ကို ကာကွယ် နိုင်ရန် စစ်သည် အင်အား အဖြစ်
နှစ်သောင်းကျော် ရှိနေပါလျက် စစ်ပြင်ဆင်မှုကို မစီမံ ၊ စစ်ရေး
လေ့ကျင့်မှုကို မပြုလုပ် ၊ တိုင်းသူပြည်သားများ မှလည်း ဘုရင်
၏ အလုပ် ဟု သတ်မှတ်ပြီး နိုးကြားမှု သတိမရှိကြ။ တန်ခိုးရှင် 
ဝိဇ္ဇာဓိုရ် ဘုန်းကြီးများ ထံကို ချဉ်းကပ်ပြီး ဗေဒင် ယတြာ ၊ အင်း
အိုင်လက်ဖွဲ့အစီအမံတို့ဖြင့်သာ မယောင်ရာဆီလူးနေခဲ့ကြ၏ ။

ထိုအချင်းအရာကိုသိရှိပြီးဖြစ်သော မဟာမေဒင် တူရကီစစ်ဗိုလ်
က မြင်းစီးစစ်သား နှစ်ရာခန့်ဖြင့် မြို့တွင်းဝင်ရောက်ပြီးသည် နှင့်
ဦးစွာပထမ ဘုန်းတော်ကြီး ကျောင်းသို့ဝင်ရောက်စီးနင်းပြီးဘုန်း
တော်ကြီးများကို သတ်ဖြတ်သုတ်သင်၍ ဘုန်းတော်ကြီးကျောင်း
နှင့်တကွနတ်ကွန်းများကို မီးရှို့ဖျက်ဆီးကာ ဘင်္ဂလား ဘုရင်နှင့်
တကွ ပြည်သူ တို့၏ စိတ်ဓါတ်ကို ပျက်ယွင်းစေခဲ့၏ ။ ထို့နောက်
တွင်မှ လွယ်လင့်တကူပင် ပါလဘုရင်ကို သတ်ဖြတ်၍တိုင်းပြည်
ကို သိမ်းပိုက်လိုက်လေတော့သည် ။ ထိုအချိန်မှ စ၍ အိန္ဒိယ -
တစ်ပြည်လုံးတွင် ဗုဒ္ဓသာသနာ သည် လုံးဝ ကွယ်ပျောက်ခြင်း
သို့ ဆိုက်ရောက်ရလေသည် ။ 

တန်ခိုးကို ယုံကြည်မှု လွန်ကဲခြင်းကြောင့် သော် လည်းကောင်း၊
ဓမ္မန္တရာယ် ကို ခွဲခြား သိမြင် နိုင်မှု အားနည်းခြင်း ကြောင့် သော်
လည်းကောင်း ၊ သာသနာ့ အန္တရာယ်ကို ပေါ့ပျက်ပျက် သဘော
ထားခြင်းကြောင့် သော်လည်းကောင်း ၊ တိုင်းပြည်အုပ်ချုပ်သေါ
မင်းဘုရင်တို့သည် လည်းကောင်း၊ ရေလိုက်လွဲနေသောနိုးကြား
သတိမရှိသော တိုင်းသူပြည်သားတို့၏ အားနည်းချက် အစုစုတို့
ကြောင့် သူတစ်ပါး၏ ဓါးချက်အောက် ၊ မီးတုတ်အောက် ၌ ချုပ်
ငြိမ်း  ခဲ့ရသော သာသနာတော် နှင့် တကွ တိုင်းပြည် နှင့် လူမျိုး
တို့၏ ရာဇဝင်သည် ယနေ့တိုင် ငြိမ်းချမ်းမှုမရှိ ဝမ်းနည်း ဖွယ်ရာ
များဖြင့်သာ ပြည့်နှက်နေသည်ကား အမှန်ဖြစ်ပေတော့သည်။

ဦးယဉ်ကျေး ။ ။
၂၂၊၁၀၊၁၃။
{{ တရား ကိုလည်း သိပါ ၊ ဓါးတွေကိုလည်း ကြည့်ပါ }} ************************************ ရှေးပဝေသဏီကတည်းက ဗုဒ္ဓသာသနာနှင့် ပတ်သက်လာလျှင် "မြေကြီးက တစ်လက်မခန့် လွတ်အောင်ဈာန် ပျံပြနိုင်လျှင် (သို့) အခြားသော တန်ခိုး သိဒ္ဓိ တို့ကို ပြသနိုင်လျှင် သူတစ်ထူးတို့ အ ထင်ကြီး လေးစားပြီး ပူဇော်မှုကို ခံရနိုင်သည် ” ဟု အယူစွဲမှား များကို အသုံးပြုပြီး ဗုဒ္ဓဘာသာတရား၏အရိပ်အောက်၌ အရည် ခြုံ၍ ကိုယ်ကျိုးရှာမှုများလည်း ရှိခဲ့ကြလေသည် ။ မြတ်စွာဘုရားသည် တန်ခိုးပြ၍သာသနာပြုခြင်း(သို့) ပူဇော်မှုကို ခံယူခြင်းကိုနှစ်သက်တော်မမူခဲ့၍ တားမြစ်တော်မူခဲ့သည် ။ မြတ် စွာဘုရားသက်တော်ထင်ရှားရှိစဉ်က နာလန္ဒမြို့နေဒါယိကာတစ် ဦးက လျှောက်ထားဖူးသည်။ " မြတ်စွာဘုရား ဤ နာလန္ဒမြို့နေ လူအားလုံး သာသနာတော်ကို ပိုမိုသက်ဝင်ယုံကြည်အောင်တန် ခိုးပြာဋိဟာ ပြသပေးနိုင်သောရဟန်းတစ်ပါးကို အမြဲခန့်ထားပေး ပါဘုရား ” ဟူ၍ တောင်းပန်လျှောက်ထားခဲ့လေ၏ ။ ထိုအခါ မြတ်စွာဘုရားရှင်က “ ဤသို့ မြေလျှိုးမိုးပျံ သာသနာပြု မည် ဆိုပါက ထိုရဟန်းကို ဂန္ဓာရီ ၊ ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ထူးအဖြစ်ဖြင့် သာ ကိုးကွယ်ဆည်းကပ်ကြလတ္တံ ။ ထိုရဟန်း၏ သီလ၊ သမာဓိ၊ ပညာတို့ကို ကြည်ညိုမြတ်နိုး ရကောင်းမှန်း သိမည်မဟုတ် ” ဟု မိန့်တော်မူပြီး တန်ခိုးပြ၍ သာသနာ အပေါ်သက်ဝင် လာစေရေး ကို ပယ်မြစ်တော်မူ ခဲ့လေသည် ။ ထို့ပြင် မြေလျှိုး မိုးပျံ စသော တန်ခိုးများသည် အံ့သြစရာကောင်းရုံမှတပါး အားကိုးအားထား ရာ မဟုတ်ပါချေ ။ စားနပ်ရိက္ခာ စိုက်ပျိုးရေး အတွက် လယ်သမားကို သာအားထား ရပေမည် ။ ကုန်ထုတ် လုပ်ငန်းများအတွက် အလုပ်သမားများကို သာ အားထား ရပေမည် ။ တိုင်းပြည် ကာကွယ်ရေး အတွက် စစ် သည်များကိုသာ အားထားရပေမည်။ မှန်ကန်၍တရားမျှတသော လူမှု ဆက်ဆံရေး၊ လူ့ကျင့်ဝတ် ၊ ယဉ်ကျေးမှုများ ထွန်းကားရေး အတွက် ဗုဒ္ဓဘာသာ အတွက်ဆိုလျှင် စာတတ် ပေတတ် အကျင့် သိက္ခာနှင့် ပြည့်စုံသော ရဟန်းတော်များ ၊ အခြား ဘာသာတရား များတွင်လည်း သက်ဆိုင်ရာ ဘာသာရေး တရားဟော ဆရာများ ကိုသာ အားထားရပေမည်။ လူအများ မခိုးမဝှက် ၊ မလိမ်ကောက် အောင် ၊ စာရိတ္တမြင့်မားအောင် ရဟန်းတော်များ (သို့) သက်ဆိုင် ရာ ဘာသာတရား ဆရာများက ဟောပြောပြသ လမ်းညွှန်သည့် အတိုင်း ကိုယ်တိုင် ကျင့်သုံးလျက် သီလ၊ စာရိတ္တ မြင့်မားအောင် နေထိုင်ပြုမူတတ်မှသာလျှင် မြင့်မြတ်သော လူသားဖြစ်ရကျိုးနပ် ပေလိမ့်မည် ။ ကိုယ် ယုံကြည်ရာသာသနာကို မြှင့်တင်ရာရောက် ပေလိမ့်မည် ။ သို့သော် သာသနာ့အန္တရာယ် ဓမ္မန္တရာယ်ကာကွယ်ခြင်းသည် သီး ခြားကဏ္ဍ ဖြစ်ပါကြောင်းကို တင်ပြပါဦးမည် ။ ရဟန်းတော်များ သည် လူ ဒါယိကာများ အယူဝါဒ မှန်ကန်၍ အ ကျင့် စာရိတ္တကောင်း အောင်ဟောကြား ဆုံးမသွန်သင်မှုကို မပြု ပဲတန်ခိုးပြရုံသာ ပြနေကြပါက ဗုဒ္ဓသာသနာတော် အမြန်ကွယ်ပ ရန်သာ ဖြစ်၏ ။ သာသနာနှစ် တစ်ထောင် ကျော်က အိန္ဒိယပြည် တွင် တန္တရ မန္တရဂိုဏ်းဝင် ဘုန်းတော်ကြီးများ သည် မန္တာန်များ၊ အင်းအိုင် ၊ ခါးလှည့် လက်ဖွဲ့များ ၊ အဆောင်များ ၊ နတ်ရုပ်များ ၊ ကန်တော့ပွဲ များဖြင့် ဟိတ်ဟန် ထုတ်ကာ တန်ခိုးပြ၍ စား ခဲ့ကြ သည် ။ ယင်း တန်ခိုးရှင်ကြီးများသည် - “ ထွက်ရပ်ပေါက် (သိဒ္ဓိရှင်) ဝိဇ္ဇာဓိုလ်” စသည်ဖြင့် အမည်ခံ၍ အညွှန့်ခူးခဲ့ကြသည် ။ တိုင်းပြည် အုပ်ချုပ် သော မင်းဘုရင်က အစ တိုင်းသူ ပြည်သား များ အဆုံး ထို ဝိဇ္ဇာ ဘုန်းတော်ကြီးများကို အလွန်အမင်းယုံကြည်ကိုးကွယ် ခဲ့ကြလေ သည် ။ ထို့နောက် သာသနာနှစ် တစ်ထောင့်သုံးရာကျော်ခန့်တွင် အိန္ဒိယပြည်ကြီးသို့ တူရကီအနွယ် မဟာမေဒင် တို့က တစ်မြို့ပြီး တစ်မြို့ တိုက်ခိုက်သိမ်းပိုက် သာသနိက အဆောက်အဦးတို့ နှင့် မြို့ရွာတို့ကို ဖျက်ဆီးကြ၏ ။ ကောသလ တိုင်း နှင့်မဂဓတိုင်း တို့ ကျဆုံး ပျက်စီး သွားသော်လည်း နိုင်ငံအုပ်ချုပ်သူ ဘုရင်နှင့်တိုင်း သူပြည်သားတို့ နိုးကြားမှု မရှိကြသေးချေ ။ တန်ခိုးတော်များဖြင့် တားဆီးနိုင်မည်ဟု ယုံကြည်နေ ကြသလို ၊ မဟာ မေဒင် မြင်းစီး စစ်သား နှစ်ရာခန့် ဟု၍သာ သိထား၍ အထင်မြင်သေးပြီးလျှော့ တွက်ထားခဲ့ကြဟန်ရှိလေသည် ။ အမှန်စင်စစ် တူရကီ မဟာမေဒင် တို့သည် စိတ်ဓါတ်ရေးကို ဦး စွာ ပထမတိုက်စစ်ဆင်သည့် အနေနှင့် ဘာသာရေး အလွန်ယုံ ကြည်မှုလွန်ကဲသော အိန္ဒိယပြည်သားတို့ ကိုးကွယ်ရာ ဝိဇ္ဇာဓိုရ် သာသာနာ့ ဝန်ထမ်းများကို တိုက်ခိုက် သုတ်သင် ဖျက်ဆီးပြီးမှ ၎င်းတို့ အလိုရှိရာကို စီမံကြလေသည် ။ နောက်ဆုံး ကျန်ရစ်နေ သော ဝင်္ဂတိုင်း (ဘင်္ဂလားပြည် ) သို့ သိမ်းပိုက်ရန် ချီတက်လာ ချိန်တွင် ဝင်္ဂတိုင်း ပြည့်ရှင် ဘုရင် ပါလမင်း သည် မဟာမေဒင် တို့၏ အန္တရာယ်ကို ကာကွယ် နိုင်ရန် စစ်သည် အင်အား အဖြစ် နှစ်သောင်းကျော် ရှိနေပါလျက် စစ်ပြင်ဆင်မှုကို မစီမံ ၊ စစ်ရေး လေ့ကျင့်မှုကို မပြုလုပ် ၊ တိုင်းသူပြည်သားများ မှလည်း ဘုရင် ၏ အလုပ် ဟု သတ်မှတ်ပြီး နိုးကြားမှု သတိမရှိကြ။ တန်ခိုးရှင် ဝိဇ္ဇာဓိုရ် ဘုန်းကြီးများ ထံကို ချဉ်းကပ်ပြီး ဗေဒင် ယတြာ ၊ အင်း အိုင်လက်ဖွဲ့အစီအမံတို့ဖြင့်သာ မယောင်ရာဆီလူးနေခဲ့ကြ၏ ။ ထိုအချင်းအရာကိုသိရှိပြီးဖြစ်သော မဟာမေဒင် တူရကီစစ်ဗိုလ် က မြင်းစီးစစ်သား နှစ်ရာခန့်ဖြင့် မြို့တွင်းဝင်ရောက်ပြီးသည် နှင့် ဦးစွာပထမ ဘုန်းတော်ကြီး ကျောင်းသို့ဝင်ရောက်စီးနင်းပြီးဘုန်း တော်ကြီးများကို သတ်ဖြတ်သုတ်သင်၍ ဘုန်းတော်ကြီးကျောင်း နှင့်တကွနတ်ကွန်းများကို မီးရှို့ဖျက်ဆီးကာ ဘင်္ဂလား ဘုရင်နှင့် တကွ ပြည်သူ တို့၏ စိတ်ဓါတ်ကို ပျက်ယွင်းစေခဲ့၏ ။ ထို့နောက် တွင်မှ လွယ်လင့်တကူပင် ပါလဘုရင်ကို သတ်ဖြတ်၍တိုင်းပြည် ကို သိမ်းပိုက်လိုက်လေတော့သည် ။ ထိုအချိန်မှ စ၍ အိန္ဒိယ - တစ်ပြည်လုံးတွင် ဗုဒ္ဓသာသနာ သည် လုံးဝ ကွယ်ပျောက်ခြင်း သို့ ဆိုက်ရောက်ရလေသည် ။ တန်ခိုးကို ယုံကြည်မှု လွန်ကဲခြင်းကြောင့် သော် လည်းကောင်း၊ ဓမ္မန္တရာယ် ကို ခွဲခြား သိမြင် နိုင်မှု အားနည်းခြင်း ကြောင့် သော် လည်းကောင်း ၊ သာသနာ့ အန္တရာယ်ကို ပေါ့ပျက်ပျက် သဘော ထားခြင်းကြောင့် သော်လည်းကောင်း ၊ တိုင်းပြည်အုပ်ချုပ်သေါ မင်းဘုရင်တို့သည် လည်းကောင်း၊ ရေလိုက်လွဲနေသောနိုးကြား သတိမရှိသော တိုင်းသူပြည်သားတို့၏ အားနည်းချက် အစုစုတို့ ကြောင့် သူတစ်ပါး၏ ဓါးချက်အောက် ၊ မီးတုတ်အောက် ၌ ချုပ် ငြိမ်း ခဲ့ရသော သာသနာတော် နှင့် တကွ တိုင်းပြည် နှင့် လူမျိုး တို့၏ ရာဇဝင်သည် ယနေ့တိုင် ငြိမ်းချမ်းမှုမရှိ ဝမ်းနည်း ဖွယ်ရာ များဖြင့်သာ ပြည့်နှက်နေသည်ကား အမှန်ဖြစ်ပေတော့သည်။ ဦးယဉ်ကျေး ။ ။ ၂၂၊၁၀၊၁၃။

Comments

Popular posts from this blog