ပြောင်းလဲချိန်
တနေ့ သိန်းငှက်မကြီးတစ်ကောင်ဟာ ပျံသန်းနေရင်း ဥ ဥချင်လာခဲ့တယ် သို့သော်ဌာနေမရောက်သေးတော့ ဘယ်လိုလုပ်ရမည်ကိုမသိဖြစ်နေချိန် မြေပြန့်ကိုကြည့်တော့ ကြက်မကြီးဥခြင်းတစ်ခုကိုတွေပလိုက်တယ် အခြေအနေအရ အကဲခက်ကြည့်တယ် မိမိရဲ့သားလောင်းကို အန္တရာယ် မဖြစ်လေအောင် ထားဘို့ကလဲ မိခင်မေတ္တာ ဆိုတာကဓါတ်ခံရှိနေသေးတာကို
ဖြစ်ချင်တော့ ကြက်မကြီးကလဲ နေရာမှာမရှိဘူးလေ အဲ့တော့ ကြက်ဥခြင်းနားမှာ အမြန်ဆင်းပြီး မိမိရဲ့သားလောင်းဥကို သွားရောက်ဥချခဲ့ပြီး လိုရာခရီးကိုပြန်သန်းသွားပါတော့တယ်
ကြက်မကြီးဟာများမကြာချိန်မှာ မိမိကြက်ဥခြင်းစီကိုပြန်ရောက်လာခဲ့ပါတယ် ရုပ်တရက် ခြင်းအပြင်မှာ ဥတလုံထွက်နေတော့ ဘာလို့ အပြင်ရောက်နေတာလဲတွေးမိသေးတယ်သို့သော်ခဏအတွင်းအဲ့အတွေးဟာပျောက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ ဥကသာမာန်မိမိရဲ့ ဥကလေးတွေလိုမဟုတ်ဘဲ ကြီးနေတာတွေ့လို့ သို့သော် ကြက်မကြီးဟာ ဘာဖြစ်ဖြစ်ကံတရားကြောင့် ရောက်လာခဲ့တဲ့ ဒီဥကိုောကာသားရင်သားမခွဲခြားဘဲ မိမိသားကဲသိုမှတ်ကာ မိမိဥခြင်းထဲကို လိမ့်ယူထည့်လိုက်ပြီး မိမိဥငယ်များနီးတူ မေတတ္တာ အနွေးဓါတ်ပေးပြီး အကောင်ပေါက်စေခဲ့ပါတယ်
တနေ့မှာတော့အကောင်ပေါက်လာခဲ့ပါပြီ သို့သော် ထူခြားနေတာက ကလန်ကလား တစ်ကောင်ပါလာပြီလေ ကြက်ထူးပေါ့ လူစကားနဲ့ ပြောရင်တော့ လူထူးပေါ့ သူဟာလဲက်ြမကြီးသားစာရင်းဝင်ပြီလေ ဒီတော့ ကြက်တွေလိုအစာစား ဆန်ကောက် ပိုးကောင်ကောက် တီကောက် မြေကြီးထဲဘဲ ပကျိပကျိအော်ပြီး ကြက်သားလေးတွေလို၇ှင်သန်လေပြီပေါ့ ဒီအကြောင်းအရာကို ကြက်မကြီးကသိပြီး ပီတိနဲ့ပျော်နေတယ် သင်စရာရှိတာသင်ပေးတယ်ပေါ့  တဖြေးဖြေးအရွယ်ေ၇ာက်လာသိတက်လာတော့ တခြားသောကြက်တွေရဲ့ခွဲခြားဆက်ဆံခြင်းကို စပြီးခံရပါပြီ မင်းဟာငါတို့အမျိုးမဟုတ်ဘူး မင်းငါတို့နဲ့မတူဘူး ငါတို့နဲ့မနေနဲ့စသည်ဖြင့်ပေါ့  ကြာလာတော့ မိခင်ကြက်မကြီးကလဲတစတစကြားလာတယ် သိန်းငှက်ငယ်ကလဲ "အမေသူတို့ပြောတာဟုတ်လား ကျွတ်တော်ဟာအမေ့သားရောဟုတ်ရဲ့လား "ဆိုပြီး ထပ်ခါထပ်ခါမေးလာတော့ ကြက်အမေကြီးမှာလဲဂရုနာဖြစ်လာပြီးဒီလိုတွေးလာပါတော့တယ် ငါသူ့ကိုဒီအတိုင်း တော့ဆက်ထားလို့မဖြစ်တော့ဘူးဒီးအတိုင်းထားရင်တော့ သူ့ဘဝငါတို့လိုမျိုး ဖြစ်တော့မယ် သူဘဝဟာငါတို့နဲ့မြင့်တဲ့ဘဝကလာတာမို့ သူဘဝအမှန်ကိုသိစေပြီးသူကိုသူရက်တည်ျနိုင်မှသာသူ့ဘဝအောင်မြင်ပြည့်စုံမှု၇ှိလိမ့်မယ် ဒီတော့ ငါစီစဉ်မှဘဲလို့တွေးရင်း သိန်းငှက်ငယ်ကိုခေါ်ပြီး တိပ်တဆိပ် ပြောပါတယ်  "သားကြီးမင်းဘဝက်မင်းသိချင်လား " "ဘာအကြောင်းတွေရှိနေလဲအမေ ""မင်းသိချင်ရင် မနက်ဖြန်မနက်မှာမင်းညီးကိုတွေမနိုးခင်အျမနဲ့လိုက်ခဲ့ပါသား" အဲ့တော့ဟုတ်ကဲ့လို့ပြောပြီး စောစောအိပ်တန်းဝင်ခဲ့ကြလေတယ်
သို့သော် တခြားကြက်တွေအိပ်ပျော်နေပေမဲ့က နှစ်ကောင်းသော သူတွေကအိပ်မပျော်ခဲ့ကြဘူးပေါ့ သူတိုအိပ်မပျော်ခြင်းကအတွေးတော့မတူဘူး ကြက်မကြီးကတော့  မျက်ရည်အပြည့်နဲ့မနက်မှာ လင်းတာနဲ့ သူ့သားမဟုတ်သော သိန်းငှက်ငယ် ကိုခွဲခွာရတော့မဲ့အတွေ  ဒီအတွေကမိခင်တိုင်းရဲ့ရင်ကိုထိစေတာကတော့ မေတ္တရားကြီးမားတာကို ရင်ကွဲအုံမယ်ပေါ့ ကံကြောင့်ဆုံခွင့်ရခဲ့တဲ့ ဥတစ်လုံကိုအရွယ်ရောက်ခဲ့တဲ့အထိ ကြွေးမွေပြုစုစောက်ရျောက်ခဲ့ရတဲ့ သံရောဇင် သင်ဆိုရင်ရောဘယ်လိုခံစာမိမှာလဲ  ခေါ်ထားမယ်ဆိုရင်လဲရပါတယ် သို့သော် သူ့ဘဝက အဓိပါယ်မဲ့တော့မယ် လေ ဒီလိုသားသမီးနစ်နာမှာကိုဘယ်မိခင်က ၇ှိစေမှာလဲ မိမိသားသမီး တိုးတက်ကောင်းမွန်တာကိုသာရှိစေချင်ကြတာဘဲလေ အဲ့တော့ ကြက်မကြီးရင်ကွဲခံပါပြီတညလုံးအိပ်မပျော်ပါ
သိန်းငှက်ငယ်ကမိမိဘဝအမှန်တရားကို သိခွင့်ရတော့မယ်ပြောင်းလဲမှုတခုတော့ ဖြတ်သန်းရတော့မယ်ဆိုတဲ့အတွေးတစ်စ နဲ့ ပေါ့
မနက်ရောက်လာပါပြီး သားမိနှစ်ယောက် တိပ်တဆိပ် ထလာကြပြီးကြက်မကြီးခေါ်ရာကို သိန်းငှက်ငယ်က လိုက်ပါရင်း လေးလန်စွာအတွေးကိုယ်စီ ခြေလှမ်းများနဲ့ အလင်းရောက်တော့ တောင်ထိပ်ခြောက်ကမ်းပါးကိုရောက်ခဲ့ကြပါပြီ ဒီတော့ ကြက်မကြီးက "သားနေကောင်းလား မောနေပြီလား" သာမေးနေရတယ် မျက်ရည်တွေ ကို သိန်းငှက်ငယ်မမြင်အောင်ငိုရှိုက်သုပ်သင်နေရပါတယ် သိန်းငှက်ငယ်ကတော့ မိမိသိလိုစိတ်တွေကြောင့် ငယ်သူတွေသဘာဝ တက်ကြွစွာနဲ့ဘာမှမဖြစ်ပါဘူး အမေပေါ့ ကြက်မကြီးက "သားဟိုမှာကြည့်စမ်းအရမ်းမလှပဘူးလား မသာယာဘူးလာ တောင်တန်းတွေနဲ့ မြူခိုးတွေအကြားတိုးထွက်နေတဲ့နေလုံးကြီး  ""အို့ သားယာတာပေါ့အမေရယ်ဒီလိုမျိုသာယာမှုကိုခုမှတွေထိခံစားရတာပျော်စရာကြီး ခေါ်လာပေးတဲ့အမေ့ကိုအများကြီးကျေးဇူးတင်ပါတယ်ပေါ့ "ဒီလိုနဲ့ပြောရင်း စကားတွေအများကြီးပြောကြမေ့လောက်ချိန်မှာရုပ်တရက် ကြက်မကြီးက သိန်းငှက်ငယ် ခြောက်ကမ်းပါးဘက် ရောက်ချိန် တွန်းချလိုက်ပါလေရော ဒီတော့ "အို့အိုးအိုးးးးးးးးး အမေအမေ ဘယ်ဘယ်  "လောက်ဘဲပြောချိန်ရတယ် ကြောက်ကြောက်နဲ့ အတောင်ကိုဖြန့်ပြီး ဝဲလိုက်တာ အရမ်းကိုအံသြစွာ ပျံသန်းနိုင်တာကိုခံစားနိုင်ခဲ့တယ် ဒီတော့မှ စုတ်ချီဆန်ချီ ပျံသန်းနေရင်း မိခင်ကြက်မာကီးကလှမ်းအော်လေရဲ့ သားကြီးအဲ့တာမင်းရဲ့ဘဝအမှန်ဘဲ ဒါကိုမင်းလက်ခံလိုက်ပါ လက်ခံလိုက်တော့ မင်းဟာ အမေတို့မျိုးရိုးကမဟုတ်ပါဘူး မင်းဟယအရမ်းထက်မြတ်မြန်ဆန်သန်မမာလှပတဲ့ အနာဂတ်တွေကိုပိုင်ဆိုင်ထားတဲ့ ငှက်ဘုရင်ဘဲ  ဒီတောဓီတောင်ဓီရေဒီလေ စသည်ဖြင့် အကန့်အသက်မရှိမင်းသွားနိုင်တယ် မြေပေါ်မှာ လမ်းလျောက်ပြီး အစာကောက်စားရတဲ့မျိုးမဟုတ်ဘူး မင်းဘဝကိုမင်းလွတ်လပ်စွာ ပျံသန်းပါတော့ လို့ပြောရင် အသံတုန်ရင် မျက်ရည်အပြည့်ဖြစ် ရင်ကွဲကာကျန်ခဲ့လေတော့တယ် သိန်းငှက်ငယ်ကတော့ မိမိဘဝကြက်မျိုးနွယ်မှာ ပေါက်ဖွားလာခဲ့ပေမဲ့ ကောင်းမြတ်သောမိခင်ရဲ့ မေတ္တာတရားကြောင့် ဘဝလွတ်မြောက်မှုကိုရရှိပြီး လွတ်လပ်အောင်မြင်စွာ ဖြတ်သန်းလေတော့တယ်
ဒီတော့ ဒီစာဖက်နေသူ တွေမှာလဲ မိမိဘဝအခြေအနေအမှန်ကိုသိအောင်လုပ်ဘို့လိုပါတယ် မိမိဘဝအခြေအနေဟာ မိမိဖန်တီးမှုတွေနဲ့ ပါတ်ဝန်းကျင်ပြောင်းလဲမှုတွေအတိုင်းအချိန်ကိုက်ပြောင်းလဲသင့်တာကိုမပြောင်းလဲရင်ာကက်တောထဲမှာဘဲ ဘဝနိဂုံအဆုံသက်မိလိမ်မယ်လို့ သတိတရာရနိုင်ပါစေကြောင့်  တင်ပြရင်း

2013 ထိုင်းနိုင်ငံဘန်ကောက် တွင်တက်ရောက်ခဲ့သော သင်တန်းမှ ပို့ချမှုအချို့အား မျှဝေခြင်းဖြစ်ပါတယ်
မင်းဇော်ဦး (စစ်တောင်းမြေ)

Comments

Popular posts from this blog