ဂျင်စင်း သောက်တော့မည်ဆိုလျှင်
Health Updates Journal
ကျန်းမာရေး ကျွမ်းကျင်သူများ ၏ ပြောကြားချက်အရ တရုတ်နာမည် ကျော် တိုင်းရင်းဆေးဖြစ်သည့် ဂျင် စင်းက ဆီးအိတ်ကင်ဆာဖြစ်စေနိုင် ကြောင်း သိရပါသည်။ အကယ်၍ သင့်အနေနဲ့ ဂျင်စင်းကို ဖြည့်စွက်စာ အဖြစ် သုံးစွဲမည်ဆိုလျှင် ဘာမှ မသိဘဲ သုံးစွဲမည့်အစား သူ့ရဲ့ဘေး ထွက်ဆိုးကျိုးကို သိရှိပြီးမှ သုံးစွဲသင့် သည်ဟု အကြံပြုခဲ့သည်။ ဂျင်စင်းကို အများအားဖြင့် စွမ်းအားဖြည့် အချို ရည် (သို့) သဘာဝဆေးဖက်ဝင် လ္ဘက်ရည်အနေဖြင့် သုံးလေ့ရှိပြီး၊ သွေးတွင်းအချိုဓာတ် ကျစေရန်၊ အဆီများကျစေရန်၊ စိတ်ဖိစီးမှုများမှ ကာကွယ်ရန်၊ စွမ်းအားတိုးရန်၊ ပင် ပန်းနွမ်းနယ်မှုများ လျော့ချရန် စသည့်ရည်ရွယ်ချက်များဖြင့် သုံးလေ့ ရှိသည်။ ဂျင်စင်းက ဆီးအိတ်ကင်ဆာ ဖြစ်စေသည်မှာ ထင်ရှားပြီး အိန္ဒိယ၌ လည်း ဂျင်စင်းသောက်၍ ဆီးအိတ် ကင်ဆာဖြစ်ပွားသူ အနည်းငယ်ရှိနေ ကာ၊ တကမ္ဘာလုံး အတိုင်းအတာအရ ဂျင်စင်းကြောင့် ဆီးအိတ်ကင်ဆာဖြစ် ပွားသူဦးရေမှာ တရုတ်၌ အများဆုံး ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဆီးကြိတ်ကင် ဆာလက္ခဏာများနှင့် ပတ်သတ်၍ လည်း သတိထားသင့်ကြောင်း အကြံ ပြုခဲ့သည်။ အကယ်၍ ဆီးသွားစဉ် နာကြင်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် ကျ ခြင်း၊ တစ်ညလျှင် သုံးလေးကြိမ် ဆီး ထသွားရခြင်းစသည့်ပြဿနာများ ကြုံနေပါက တစ်စုံတစ်ရာ မှားယွင်း နေသည်ကို သတိထားသင့်ကြောင်း အကြံပြုခဲ့သည်။ ကမ္ဘာနှင့် အ၀န်း တွင် ဆီးကြိတ်ကင်ဆာက အမျိုးသား များတွင် အဖြစ်အများဆုံး ကင်ဆာ စာရင်း၌ ဒုတိယနေရာတွင် လိုက်နေ ကြောင်း သတိပေးခဲ့သည်။ အိန္ဒိယ ဆေးပညာကောင်စီမှ ပြုလုပ်ခဲ့သော အမျိုးသားကင်ဆာမှတ်တမ်းဌာနမှ စာရင်းဇယားများအရ နောက်နှစ် အနည်းငယ်အတွင်း ယခုဖြစ်သည့် နှုန်းထက် ၁၄၀% ပိုများလာနိုင်သည် ဟု သတိပေးခဲ့သည်။
ဖိုးသောကြော
Ref; IANS

Comments
Post a Comment