ပယင်းဆိုတာဘာလဲ

ပယင်း သည်ကျောက်မျက်ရတနာတပါးဖြစ်သော်လည်း
အခြားများသောကျောက်မျက်ရတနာတို့ကဲ့သို့
 အင်အော်ဂဲနစ်ကျောက်မျက်မဟုတ်ပဲတိရိစ္ဆာန် သစ်ပင်စသည့်တို့မှ ရသည့်အော်ဂဲနစ်ကျောက်မျက် မျိုးဖြစ်သည်။ ယင်းသည်ကြွပ်ဆက်သည်။ယေဘုယျအားဖြင့်ဝါညိုရောင်ရှိပြီးအလင်းပေါက်သည်။
  ရှေးအခါက ဂရိ ၊ ရောမ နှင့်ဖီးနီးရှန်း လူမျိုးတို့သည် ပယင်းကို တန်ခိုးက္ကုဒ္ဒိပါဒ် နှင့် ပြည်စုံသည်ဟု ယုံကြည်ကာအထွတ်အမြတ်ထားကြသည်။  ထို့ကြောင့်ဆိုသော် ပယင်းကိုပွတ်တိုက်ပါက လျှပ်စစ်ဓာတ်တမျိုး ပေါ်ထွက်လာကာ သေးငယ်ပေါ့ပါးသည့်
စက္ကူစလေးများကို ဆွဲငင်နိုင် ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့်ပယင်းကို ဂရီဘာသာစကားဖြင့်(electron)ဟုခေါ်သည်။
ယင်းမှယခုခေါ်ဝေါ်သုံးစွဲနေသည့်electricityဟူသောဝေါဟာရဖြစ်ပေါ်လာသည်။

၁။ မြန်မာ့ပယင်း (ဗားမိုက်)
မြန်မာ့ ပယင်းဧ။် သမိုင်းအကြောင်းကို တရုတ်မှတ်တမ်းများတွင် စိတ်ဝင်စားဖွယ်ရာ
ဖော်ပြထားကြောင်းမကြာခဏတွေ့ရသည်။အေဒီ၁ရာစုဟန်မင်းဆက်
မှတ်တမ်း များတွင် မြန်မာနိုင်ငံ ရှမ်းတို့အုပ်စိုး ရာဒေသမှ ပယင်း နှင့် ပုလဲများရရှိကြောင်းဖော်ပြထားသည်ကိုထောက်ရှုခြင်းအားဖြင့်
တရုတ်တို့သည် မြန်မာ့ပယင်းတွင်းများအကြောင်းကိုထိုအချိန်ကပင်သိရှိခဲ့ကြောင်း၊
မြန်မာနှင့်တရုတ်တို့ဆက်ဆံရေးသည်ထိုအချိန်စာပေမှတ်တမ်းများတွင်
မြန်မာပယင်းအကြောင်းကို မကြာခဏ ဖော်ပြရေးသားထားသည်ကိုတွေ့ရဧ။်။

ပယင်းကိုယူနန်ပြည်နယ်တောင်ပိုင်းမှရရှိကြောင်း မှတ်တမ်းတင်ထားခဲ့သော်လည်းယူနန်သည်
 မြန်မာနှင့်တရုတ်တို့ရောင်းဝယ်
ဖောက်ကား ကုန်ပစ္စည်းဖလှယ်ရာဒေသသာဖြစ်ပြီး ပယင်းတွင်းရှိရာဒေသကမဟုတ်ပေ။မြန်မာပြည်အကြောင်းရေးသားထားသောတရုတ်စာပေ မှတ်တမ်းအားလုံးတွင် မြန်မာမာ့ပယင်းအကြောင်း
ဖော်ပြထားခြင်းမှာပိုမို စိတ်ဝင်းစားဖွယ် ပင် ဖြစ်သည်။
မြန်မာပြည်တွင် ပယင်းကို ချင်းတွင်းမြစ်၏ လက်တက်တစ်ခုဖြစ်သောဟူကောင်းမြစ်၏ ချိုင့်ဝှမ်း နှင့်ကျောက်စိမ်းတွင်း ဒေသ နှင့် မနီးမဝေးအ၇ပ်များတွင်
အမြောက်အမြား တွေ့ရသည်။မြန်မာ့ပယင်းသည်ဗောလတစ် ပင်လယ်ကွေမှ ထွက်သောနာမည်ကြီးသစ်စီနိုက် ပယင်းအမျိုးစားထက် ပိုမိုမာကျော သိပ်သည်းသည်။ ပယင်းထဲတွင်အောင်းဝင်ပစ္စည်းအဖြစ်ဖြင့်တွေ့ရသည်။ပယင်းကြွယ်ဝသော
ဒေသများသည် ဟူးကောင်းတောင်ကြား ရှိမိုင်ခွမ်(၂၆ံ ၁၈' ၃၀" - ၉၆ံ ၃၂')ပတ်ဝန်းကျင်ဒေသ ဆိုင်ဖို  လူမျိုးတို့ နေထိုင်ရာဖြစ်သည်။
မိုင်ခွမ်တောင်ပိုင်းရှိ တောင် ကြောထိပ်များတွင် ပယင်းတွင်းများ တည်ရှိသည်။ ယင်းအတွင်းများအကြောင်းကို ဟန်နေ (၁၈၃၆)နှင့် ဂရစ်ဖစ် (၁၈၃၇) တို့က အကျယ်တ၀င့် ရေးသားဖော်ပြခဲ့သည်။ယင်းတို့ဖော်ပြချက်အ၇ ပယင်းတွင်းများ သည် အများ အားဖြင့် လူတကိုယ်ဝင်ရ်ျ အလုပ်လုပ်နိုင်ရုံသာကျယ်ဝန်းသည်။လုပ်ငန်းကိုနှစ်စဉ်မတ်လမှ မေလအထိ လုပ်ကိုင်လေ့ရှိသည်။ပယင်းတွင်းတတွင်းတွင်လုပ်သားသုံးယောက် အလုပ်လုပ်လေ့ရှိသည်။ယင်းတို့အနက် တဦးသည်တွင်းအထဲသို့ဆင်း၍တူးရပြီး နှစ်ဦး သည် တွင်း၏အပေါ်နှုတ်ခမ်းဝတွင်နေ ပြီး အောက် ပယင်းပါ ဖြုန်းမြေစာများထည့်သောခံတောင်းခွက်
ကိုအပေါ်သို့ဆွဲတင်ရသည်။လုပ်ကိုင်ပုံစနစ်သည်  မိုးကုတ် ရတနာမြေ ဒေသတွင်ပတ္တမြား၊ နီလာ တူးဖော် သည့်စနစ်နှင့်ခပ်ဆင်ဆင်တူသည်။

http://ambergemworld.blogspot.com/2014/07/blog-post_22.html

Comments

Popular posts from this blog