<<ဆီးအောင့်ဆီးချုတ်ရောဂါ>>>
ဆီးအောင့်ဆီးချုတ် ဆီးမသွားနှိုင်သောရောဂါသည်
အလွန်ခံရဆိုးသောရောဂါဖြစ်သည်
ဘယ်လိုဆီးအောင့်တာမျိုးမဆို လွယ်ကူသောဆေးနည်းကိုတင်ပြပေးမှာဖြစ်ပါတယ်။
ပြုလုပ်ပုံလွယ်သလို ရှာရတာလဲ
မခက်ပါဘူး။
နာနတ်ရွက်အစို………25 ကျပ်သား
သကြား……………………10 ကျပ်သား
နာနတ်ရွက်အစိုကိုမီးကင်ပါ။
အနေတော်ပူလာလျှင်ကျောက်ငြုတ်ဆုံသန့်သန့်တွင်ထောင်းထု၍
အရည်ရအောင်ညှစ်ယူပါ။
ညှစ်ယူ၍ရသောအရည်များကို
သကြားတစ်ဆယ်သားနှင့်ရောမွှေ
ပြီး တစ်နေ့သုံးကြိမ်သောက်နှိုင်သလောက်သောက်ပါက ဆီးအောင့်ရောဂါပျောက်ကင်းသလို
ဆီးကျောက်တည်နေလျှင်ကျောက်ပါကျမှာဖြစ်ပါတယ်။
မှတ်ချက်…Lasix ဆေးသည်လူကို
ရင်တုန်စေသလိုအားကိုကုန်ခမ်းစေသည်။၎င်းLasixဆေးနှင့်မပျောက်
သောဝေဒနာရှင်များယုံကြည်စိတ်ချစွာသောက်သုံးကြည့်ပါ။
ဆီးရောဂါအတွက်ဆေးနည်းမျိုးစုံရှိသေး၏။
အခါအခွင့်သင့်လျှင်ထပ်မံတင်ပြပါဦးမည်။
ဆီးရောဂါသမားများအထူးရှောင်ရန်
အပူအစပ်လွန်ကဲစွာမစားရ။
ပဲကြီး မှို သဘောင်္သီးသုပ် လက်ထည့်ချဉ်များအထူးရှောင်ရမည်။
@ဘေးပြောတာမယုံနဲ့ဆေးပြောတာယုံ@
Comments
Post a Comment