#Credit#
အတာအိုးကို ဘယ်လို ပြင်ဆင်မလဲ
↔↔↔↔↔↔↔↔↔↔↔↔
ရန်ကုန်၊ ဧပြီ ၅
သင်္ကြန်နဲ့ ပတ်သက်ပြီး မြန်မာတို့ ဓလေ့မှာ မပါမဖြစ် ကတော့ အတာအိုးပါ။
အတာအိုးဟာ သင်္ကြန်ကို ကြိုတဲ့ဓလေ့ ဖြစ်တာကြောင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အခုခေတ် ဈေးတွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ကြည်လင်ပြီး အေးမြတဲ့ ရေကို အမွှေးနံ့သာ ထည့်ထားပြီး ပြင်ဆင်ရပါမယ်။
အတာအိုးမှာ နေ့နံ ခုနစ်မျိုးကို ကိုယ်စားပြုတဲ့ ပန်း ခုနစ်မျိုး ဒါမှမဟုတ် အညွှန့် ခုနစ်မျိုးကို အိုးထဲမှာ ထည့်ကြရပါမယ်။
ထည့်ရမယ့် အညွှန့်တွေ ကတော့ တနင်္ဂနွေနံကို ကိုယ်စားပြုတဲ့ အုန်းလက်၊ တနင်္လာနံကို ကိုယ်စားပြုတဲ့ ခရေ၊ အင်္ဂါနံကို ကိုယ်စားပြုတဲ့ စိန်ပန်း၊ ဗုဒ္ဓဟူးနံကို ကိုယ်စားပြုတဲ့ ရွက်လှ၊ ကြာသပတေးနံကို ကိုယ်စားပြုတဲ့ မြေဇာ၊ သောကြာနံကို ကိုယ်စားပြုတဲ့ သီး သီးညွှန့်၊ စနေနံကို ကိုယ်စားပြုတဲ့ ဒါန်း တို့ကို ထည့်ရမှာ ဖြစ်ပါတယ်။
အတာအိုးထဲမှာ မြန်မာလူမျိုးတို့ရဲ့ အောင်နိုင်ခြင်း လို့ အဓိပ္ဗာယ်ရတဲ့ သပြေညွှန့် ကိုလည်း ထိုးလေ့ရှိပါတယ်။
အတာအိုးရဲ့ အဓိပ္ဗာယ်က သိကြားမင်းကို ကြိုဆိုတဲ့ အပြင်ကမ္ဘာနဲ့ ပြည်သူတွေရဲ့ အေးချမ်းခြင်းကို ဖော်ဆောင်ပါတယ်။
ရည်ညွှန်းကိုးကား (သင်္ကြန်ဓလေ့များစာအုပ်)
Kumudra

Comments
Post a Comment