ဒီနေ့  တင်ပြပေးမှာကတော့ Amber ခေါ် ပယင်းရနာအကြောင်းကိုတင်ပြပေးပါမယ် (် online ပေါ်တွင်  Amber ဟု ရိုက်ရှာပြီးလေ့လာနိုင်
ပါတယ် )
ပထမဦးစွာ ပယင်းရဲ့မျိုးရိုးဗီဇနှင့် ပယင်းရတနာကျောက် ဖြစ်တည်လာပုံကို
တင်ပြပါရစေ ပယင်းရတနာသည် စဖရူး နှင့်ပိုင်းခေါ် ထင်းရှူးနှင့် ထင်းရှူးးမျိုးနွယ်
တူ အပင် တို့မှထွက်သော အဆီများသည် အစိုင်အခဲဖြစ်လာပြီး သဘာဝအလျှောက်မာကျောလာကာ နှစ်ပေါင်းသန်းသုံးဆယ်နှင့်အထက်
ကြာမြင့်ချိန်တွင် ပယင်းရတနာ ကျောက်အဖြစ်သို့ ရောက်ရှိလာလေသည်||
 ပယင်းသည် သက်တမ်းရင့်လေ အရည်သွေးကောင်းလေဖြစ်ပြီး တန်ဖိုးလဲ
ကြီးလာလေသည် || ပယင်းရတနာသည် အရောင်သွေးအားဖြင့် စုံလင်လှပြီး အဝါရောင် ဝါရွှေရောင် လိမ္မော်ဝါ လိမ္မောနီ  အညိုရောင် အမဲရောင် ဝက်ဆီဖတ်
ဖြူရောင် ဓာတ်ဆီနီရောင် အင်ဂျင်ဝိုင်နီရောင် ကြက်သွေးနီရောင် အနီရင့်ရင့်
(ပတ္တမြားရောင်)  ပယင်းဖြူ အစရှိသဖြင့် စုံလင်လှပြီး ပယင်းဖြူသည် တန်ဖိုး
အကြီးဆုံးဖြစ်ပြီး ပယင်းလုပ်နေသော က္ဈန်ုပ်သည်ပင်လျှင် ယနေ့ချိန်ထိ
မမြင်ဖူးသေးချေ || အနီရင့်ရင့်သည် ဒုတိယတန်ဖိုးအကြီးဆုံးဖြစ်ပြီး
ရှားပါးသော်လည်း အနည်းငယ် တွေ့နိုင်ပေသည် တတိယနေရာ၌
ဝက်ဆီဖတ်အဖြူရောင်နှင့် ဓာတ်ဆီရောင် အင်ဂျင်ဝိုင်နီ (စင်္ကာပူခေါ် အင်ဂျင်ဝိုင်)
ရောင်တို့ဖြစ်ပြီး စတုတ္တနေရာ၌ ဝါရွှေရောင် လိမ္မော်နီ လိမ္မော်ရောင် လဘက်စိမ်းရောင်တို့ဖြစ်ပြီး
ပဉ္စမနေရာတွင် အဝါရောင် ဆဋ္ဌမနေရာတွင် အဝါဖျော့ဖျော့ သတ္တမနေရာတွင်
အညိုရောင်နှင့် နောက်ဆုံးဆင့်မှာ အမဲရောင်နှင့်အမိုက်များစွာပါဝင်ကာ
မဲမှောင်နေသောကျောက်တို့ဖြစ်လေသည် ||
_______________________________________________________
    အထက်တွင်တင်ပြခဲ့ပြီးသော ထင်းရှူးနှင့် ထင်းရှူးမျိုးနွယ်တူ အပင်များမှ
အဆီများထွက်ကျလာသော သစ်ဆီပေါ်သို့  ခြင် ပုရွက်ဆိတ် ကင်းမှီးကောက်
ကင်းခြေမျာူး ပုရစ်နှင့် သစ်ရွက် အစရှိသည်တို့သည် သစ်ဆီပေါ်သို့
ထိမိကပ်မိသောအခါ မကွာတော့ပဲ သစ်ဆီတို့သည် ငုံသွားပြီး
ထိုသစ်ဆီအတွင်းတွင် မပုပ် မသိုးနှစ်သန်းပေါင်းများစွာကြာသည့်တိုင်
ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်ကျန်ရစ်လေသည် || ထိုသစ်ဆီပေါ်ကျရောက် ထိကပ်
မိသော မည်သည့် အကောင်သတ္တဝါဖြစ်စေကာမူ တွဲကပ်မိသွားပြီး ပြန်ခွါမရ
ဖြစ်လေသည် || ထိုအထဲတွင် ပုတ်သင်ညို အိမ်မြောင် ဖား အစရှိသော
အကောင်ထိ ပါဝင်လေသည် ||
ထိုသစ်ဆီနှင့်ပယင်းတို့၏ သဘောသည် သက်ရှိသတ္တဝါတို့ကို ငုံမိသောအခါ
မပုပ်မသိုး ရှိနေနိုင်သည် ဖြစ်၍ မြန်မာနိုင်ငံတွင် နာဂဘုရင်တို့သည်
ရှင်ဘုရင်နှင့် မိဖုရားတို့ နတ်ရွာစံသောအခါ အခေါင်းပြုလုပ်၍ မပုပ်မသိုး
ထားကြ၏ဟု သမိုင်းများတွင် မှတ်တမ်းတင်ထားလေသည်||
________________________________________________________

    လွန်ခဲ့သော နှစ်တသောင်းကျော်က ရောမကိုရောက်ရှိလာသော သမိုင်းမတိုင်မှီလူသားတို့သည် ပယင်းကို ရတနာအဖြစ် အသုံးပြုခဲ့ကြသည်||
နောက်ပိုင်းတွင် ဘောတစ်ပင်လယ်မှ ဂရိခေါမ ဗြိတိန် ပါရှား အိန္ဒိယနှင့်
အိန္ဒိယအလွန် တိုင်းနိုင်ငံများအထိ ပယင်းကို ရောင်းဝယ် ဖေါက်ကားရာတွင်
ကုန်ပစ္စည်းလှဲလှယ်ရေး မဏ္ဍိုင်အဖြစ် သုံးကြသည် ||
(မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ဘယ်အရာမဆို သိရှိနားလည်အောင်
မကြိုးစားကြ လေ့လာမှု့ အားနည်းပြီး အစစ်ထက် အတုကို ပို၍ တန်ဖိုးထားတတ်
ကြသည် အဘယ်ကြောင့်ဟူသော် အတုမှန်သမျှတို့သည် အပြင်ပန်းကြည့်လျှင်
အစစ်ထက် လှနေတတ်သောကြောင့် ဖြစ်လေသတည်း) ???
==========================================
အသုံးပြုခဲ့ကြပုံနှင့် အသုံးဝင် အသုံးတည့်သည့် အကြောင်းရာများ
-------------***-------------------------------***--------------
    သမိုင်းစဉ်တလျှောက် လူသားတို့သည်  ပယင်းကို ရောဂါကုစားနိုင်သော
အာနိသင်ရှိသည်ဟု ယုံကြည်ခဲ့ကြသည် ဘီစီ ၄၀၀ ခန့်တွင် ဝမ်းနာ ရောဂါ
ကုစားရာ၌ အမုန့်ထောင်းထားသော ပယင်းကို သုံးသည် ||
ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါကို ထိုပယင်းမှုံ့နှင့် အုန်းဆီတို့ဖြင့်
လည်ပင်းနှင့် ရင်အုံ ကိုသုတ်လိမ်း ကုသကြသည် ||
ယနေ့တိုင်အောင် ဒိန်းမတ်နိုင်ငံ စတာဂျင် ဆိပ်ကမ်းအလုပ်သမားများနှင့်
ရေလုပ်သားများသည် ပယင်းများကို လည်တွင်ဆွဲထားကြသည်မှာ
ဂေါက်ရောဂါမှ ကာကွယ်ရန်ဖြစ်သည် || ယခုအခါတွင် မြန်မာနိုင်ငံ၌
လေဖြတ်ခြင်းခံရသော ရောဂါဝေဒနာရှင်များကို ပယင်းမုန့်နှင့်မုန့်ညှင်းဆီ
စစ်စစ်တို့ဖြင့် ရောစပ်ကာ နေပူလှန်းပြီး လိမ်းပေးခြင်းဖြင့် လေဖြန်းခြင်း
ရောဂါကို ကုသနေကြသည် || ထိုဝေဒနာရှင်ကို ပယင်းရတနာ လက်ပတ်
နှင့် ကြိုးကုံးများကိုလည်း ဝတ်ဆင်ပေးကြလေသည် || သုံးလတိတိ မခ္ဈတ်ပဲ
ဝတ်ဆင်ထားလျှင် သွပ်ချာပါဒ လေငန်း လေဖြတ်ခြင်းနှင့် နောက်ကျောတက် ညောင်းညာ ကိုက်ခဲခြင်းများ သိသိသာသာ သက်သာစေသည် ဟု
ပညာရှင်တို့၏ တွေ့ရှိချက် မှတ်တမ်းများတွင် သက်သေခံ  ထောက်ခံထား
ကြသည်ကို တွေ့ရှိရပါသည် ||
  ရှေးရောမသားတို့သည် ပယင်းကို လည်တွင်ဆွဲထားလျှင် မကောင်းဆိုးဝါးများ
မကပ်ရောက်နိုင်ဟု ယုံကြည်ကြသည် ||
အရှေ့အာရှနိုင်ငံများတွင် ပယင်းကို လည်တွင်ဆွဲထားသည်မှာ လုံ
ကားရန်ဖြစ်သည် ||
   က္ဈန်တော့်ရဲ့ မိတ်ဆွေ၏ ကိုယ်တွေ့အဖြစ်ပျက်တခုကို တင်ပြရလျှင်
က္ဈန်ုပ်၏ မိတ်ဆွေအား ပယင်းလက်ပတ် လက်ဆောင်ပေးခဲ့ဖူးပါသည်||ပ
တနေ့တွင် က္ဈန်ုပ်၏ မိတ်ဆွေရဲ့ လက်အား အမှတ်မထင် ကင်းမှီးကောက်
အကိုက်ခံရ၍ ခဏအတွင်းတွင် ကင်းဆိပ်တက်လာလေသည်တွင်
ကြံရာမရ က္ဈန်ုပ်ပေးသော ပယင်းလက်ပတ်လေးကို သတိရ၍ ဝတ်ဆင်လိုက်
တယ်ဆိုရင်ပဲ နာရီဝက်အတွင်း လုံးဝနီးပါး သက်သာပျောက်ကင်းသွားသည်
ဟု က္ဈန်ုပ်အား ပြောပြခဲ့ဖူးပါသည် || ဆိုလိုသည်မှာ သတ္တဝါ သက်ရှိများ၏
အဆိပ်များကိုလည်း နိုင်နင်းသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည် ||
က္ဈန်တော်တို့ ပယင်းသွေးဖြတ် ပြုလုပ်သူများသည် အမှတ်မထင်
ထိခိုက်ရှနာ ဖြစ်လျှင်  ထိုရှသောနေရာကို ပယင်းမှုံ့ဖြင့်သာ သုတ်လိမ်း၍
ဆေးအဖြစ် ထည့်လေ့ရှိ၏ ||
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
 
   ပယင်းထွက်ရှိသော ဒေသများမှာ ဥရောပ ဥရောပ မြောက်ဘက်ခြမ်းနှင့်
အလယ်ပိုင်း  အာဖရိက ဂရိ ခေါမ ဗြိတိန် ပါရှား အိန္ဒိယ ရုရှားနိုင်ငံ
ဘောတစ်ပင်လယ် အမေရိကန်အလယ်ပိုင်း နှင့် မြန်မာနိုင်ငံတို့တွင်
ထွက်ရှိသည် || ပယင်းအများဆုံးထွက်ရှိရာဒေသများမှာ ဘောတစ်ပင်လယ်
ကမ်းခြေ ပိုလန်နှင့် လစ်သိုအာနီးယား အကြား ရုရှားပိုင်နယ်မြေတွင်ရှိသော
ကာလင်နင်ဂရက်အနီး ယန်တာနီ နှင့် မြန်မာနိုင်ငံတို့တွင်အများဆုံးထွက်ရှိသည်||
အခြားသောနိုင်ငံတို့မှ ထွက်ရှိသော ပယင်းတို့သည် နှစ်သန်း ၅၀ အောက်တွင်
သာရှိပြီး မြန်မာနိုင်ငံမှ ထွက်ရှိသောပယင်းသည်  အမေရိကန် သုသေသန
ဋ္ဌာနရဲ့ July လတွင် ထုတ်ပြန်ချက်အရ နှစ်သန်း ၁၀၀ ခန့် ဝန်းကျင်ရှိပြီး
ကမ္ဘာ့သက်တန်းအရင့်ဆုံးပယင်းသည် မြန်မာနိုင်ငံမှထွက်ရှိသည်||
လန်ဒန်မြို့တော် သဘာဝသမိုင်းပြတိုက်တွင် ပြသထားသော ကမ္ဘာ့အကြီးဆုံး
ပယင်းမှာ မြန်မာနိုင်ငံမှ ထွက်သွားသော ပယင်းတုံးကြီးဖြစ်ပြီး အလေးချိန်
၃၃•၆ ပေါင် ရှိသည် ||မြန်မာနိုင်ငံတွင် ထိုထက်မက ကြီးသော ပယင်းများ
ရှိသော်လည်း အတုံးလိုက် မထုတ်နိုင်ခြင်းကြောင့် ခွဲခြမ်းခွဲထုတ်၍ တွင်းပေါ်သို့
ထုတ်ယူရ၍သာ ထိုထက်ကြီးသော ပယင်းတုံးကို မထုတ်နိုင်ခြင်းဖြစ်သည်||
€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€
  ပယင်းကို အတုစစ်ခွဲရသည်မှာ အမတန် လွယ်ကူလှပြီး
ဆားရည်ပြစ်ပြစ်ဖျော်၍ ထိုဆားရည်ထဲသို့ အတုအစစ်ခွဲလိုသော
ပယင်းကို ပစ်ထဲ့လိုက်လျှင် ပယင်းအစစ်သည် ဆားရည်၌ ပေါလောပေါ်၏||
အတုသည် ရေအောက်နစ်သွားပါသည် || ထို့ကြောင့်ပင်လျှင် ဘောတစ်ပင်လယ်တွင် ပင်လယ်ရေသည် အလိုလျောက် ငံသည့်အား
လျော်စွာ ပယင်းတုံးတို့သည် ပင်လယ်ရေ၌ ပေါလောပေါ်၍ အမိုက်ဒိုက်များဖြင့်
လုံးထွေးနေတတ် သဖြင့် ထိုဒေသနေ လူအများသည် ပယင်းကို ပင်လယ်ထဲတွင်
ရှာဖွေစုဆောင်းလေ့ရှိကြပါသည် ||
ဘောတစ်ပင်လယ်တွင် ပင်လယ်ကြမ်းပြင်အောက်၌ ပယင်းရတနာများ ရှိနေပြီး
ပင်လယ်ရေလှိုင်းကြောင့် ကြမ်းပြင်များ လှုပ်ခတ်သွားကာ ပယင်းတို့ က္ဈတ်ထွက်
လာပြီး ပင်လယ်ရေရဲ့ အငံဓာတ်ကြောင့် ရေပေါ်သို့ ပေါလောပေါ်၍
လာလေတော့၏||
ဘောတစ်ပင်လယ်၌ ပယင်းများရှိနေခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်းသန်း
၄၀ ခန့်ချိန်ထိ ကုန်းမြေဖြစ်နေခဲ့သော ဥရောပ အလယ်ပိုင်းနှင့် ဥရောပ
မြောက်ပိုင်းတို့တွင် ထင်းရှူးးတောများဖုံးလွှမ်းလျှက်ရှိခဲ့ပြီး လွန်ခဲ့သော
နှစ်ပေါင်းသန်း ၃၀ ကျော် ၄၀ ဝန်းကျင်တွင် ထိုထင်းရှူးးတောများသည်
ပင်လယ် ရေမျက်နှာပြင်အောက် ကျရောက်သွားခဲ့၍သာ ယခုအခါ၌
ဘောတစ်ပင်လယ်၌ ပယင်းရတနာများ တည်ရှိနေခြင်းဖြစ်လေသည်||
[ပယင်းသည် ထင်းရှူးနှင့် ထင်းရှူးးမျိုးနွယ်တူ အပင်တို့ရဲ့ အဆီမှ ဖြစ်လာသော
ပယင်းရတနာဖြစ်ကြောင်းကို အထက်တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည် ||]
ဘောတစ်ပင်လယ်သည် ဥရောပနှင့်ရုရှားအစပ်တွင်တည်ရှိပါသည်||

  ၁၉၉၅ ခု အောက်တိုဘာလထုတ် သုတပဒေသာ တွင် ဒေါက်တာခင်မောင်ညွှန့်် ဘာသာပြန် ရေးသားထားသည်ကို အဓိက မှီငြမ်းပြီး ခေတ်နှင့်တပြေးညီ ပေါ်ပေါက်လာသော အကြောင်းရာ အတွေ့ကြုံ  တွေ့ရှိသမျှပေါင်းစပ်ကာ တင်ပြပေးခြင်းဖြစ်ပါသည်||
ဆက်လက်၍လည်း ပယင်းနှင့်ပတ်သက်သော အခြားမှတ်တမ်းမှတ်ရာ
တွေ့ရှိသမျှ ရေးသားဖေါ်ပြပေးပါမည် ||
********************************************************
  ရောဂါဝေဒနာခံစားနေရ၍ ပယင်းအမှုံ့များကို မှာယူလိုပါက မေတ္တာ စေတနာ
ဖြင့် ဆောင်ရွကပို့ဆောင်ပေးပါမည် ||
အတိုအစများကိုကား သက်သာသောနှုံးထားဖြင့် အမြတ်ငွေကြေး ရလိုမှု့ကို
အဓိကမထားပဲ ဆေးသုံးရန် ကိစ္စများကို ကူညီဆောင်ရွက်ပေးပါမည်||

အလှဝတ်ဆင်လိုသူများ ဆေးဖြစ်ဝတ်ဆင်လိုသူများကိုလည်း
ပယင်းရတနာများကို ဈေးနှုံးချိုသာစွာဖြင့် အသက်သာဆုံးဖြစ်အောင်
ဆောင်ရွက် ပို့ဆောင်ပေးနေပါပြီ ရပ်ဝေးရပ်နီး အသီးသီးမှ ကြိုတင်
မှာယူနိုင်ပြီဖြစ်ကြောင်းကိုပါ သတင်းကောင်းပါးအပ်ပါသည် ||

                  တိမ်ယံထက်

Comments

Popular posts from this blog