လိုအပ်ခဲ့ရင် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေဗျာ .....

နည်းစနစ်တွေအကုန်ပေါင်း အကြွေးအကုန်တောင်း
..............................................................

သူငယ်ချင်းတစ်ယောက် အခက်အခဲတော်တော်ဖြစ်နေလို့ ငွေအကူအညီ လာတောင်းတယ် ...
၃ရက်လောက်နေရင်ဖြစ်အောင်ရှာပေးပါ့မယ်တဲ့ ...
ကိုယ်ကလဲချေး လောက်ငှါးလောက်အောင် ရှိ
တာမဟုတ်ဘူး ...
ဒါပေမယ့် မိတ်ဆွေဝတ္တရားနဲ့အညီ ကူညီမယ် စိတ်မပူနဲ့ဆိုပြီး ရတဲ့နေရာကနေရှာလို့ ငွေ ၃သိန်း ကိုယ်တိုင်သွားပို့ပေးလိုက်တယ် ...

၉ လကြာသွားတယ် ...
၂၂ ခေါက်တိတိ ကိုယ့်စရိတ်ကိုယ်စား ၊ ကိုယ့်ဆီ ကိုယ် ထည့်ပြီးသွားတောင်နေတာ ကိုယ့်အပေါ်သဘောထားကတော့ ဖုတ်လေတဲ့ငပိ ပဲ...
သူ့မှာလည်း သိန်း ရာဂဏန်း အကြွေးတွေပတ်လည်ဝိုင်းနေတယ်ဆိုတာ အခုမှသိရတာလေ ...

ကိုယ့်ကိုချေးပေးထားတဲ့သူတွေကိုလည်း ကိုယ်ကပြန်ဆပ်ဖို့ကခက်နေ ...
ကိုယ်တိုင်ဒုက္ခနဲ့လှလှတွေ့နေရော ...
စိတ်ကိုမောနေရတာဗျာ ...

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဓိဋ္ဌာန်တစ်ခု လုပ်လိုက်ပါတယ် ...
ဖယောင်းတိုင် တစ်တိုင်ရဲ့အဖျားဘက်ကနေ အရင်းဘက်ကို ဗုဒ္ဓံ
သရဏံ ဂစ္စာမိ လို့ ခဲတန်ချွန်ချွန်လေးနဲ့ရေးပြီး မှတ်လို့လွယ်
အောင် ၁ လို့ရေးလိုက်သေးတယ် ...

နောက်ထပ်ဖယောင်းတစ်တိုင်မှာလည်း ဓမ္မံ သရဏံ ဂစ္စာမိ ... ၂ လို့ရေးလိုက်တယ် ...

နောက်ဖယောင်းတစ်တိုင်မှာတော့ သံဃံ သရဏံ ဂစ္စာမိ..၃ ဆိုပြီးရေးထားလိုက်တယ် ...
ဒါမှ ၁.၂.၃.မြင်တာနဲ့ သိမှာလေဗျာ ...

လင်ဗန်းတစ်ချပ်ရှာလိုက်တယ် ...
ချင်းတက်ကြီးကြီး သုံးတက် ဝယ်လိုက်တယ် ...
အဝတ်ချုပ်အပ် သုံးချောင်းဝယ်တယ် ...
ပြင်ဦးလွင်က ဇာတ်လိုက်ကျော် ဆရာဝင်းမော်အောင် ပေးလိုက်တဲ့ မတ်စေ့ သုံးစေ့လည်း ထုတ်ထားတယ် ...

ရေဆေးသန့်စင် သုပ်သင်ထားတဲ့ ချင်းတက်တစ်ခုစီပေါ်မှာ နေ့ချင်းလို့ တစ်ခုရေးတယ် ... သံချွန်နဲ့ရေးလည်းရတယ် ... ဆော့ပင်နဲ့ရေးလည်းရတယ် ...

ညချင်း ...လို့ တစ်ခုရေးတယ်. ချက်ချင်း ...လို့တစ်ခုရေးထားလိုက်တယ် ...

ပြီးတာနဲ့ ချင်းတက်တစ်တက်စီပေါ်မှာ အပ်တစ်ချောင်းချတယ် ...
အပေါ်ကနေ မတ်စေ့တစ်စေ့ ဖယောင်းစက်ချပြီးကပ်လိုက်တယ် ...
ချင်းတက်သုံးတက်စလုံးပေါ်မှာ လုပ်ထားတာလေ ... အဲဒီချင်းတက် တစ်ခုစီပေါ်ကို ကျမှ နေ့ချင်းပေါ်မှာ
ဗုဒ္ဓံ ရေးထားတဲ့ ဖယောင်းတိုင်ထွန်း ...
ညချင်းပေါ်မှာ ဓမ္မံ ရေးထားတဲ့ ဖယောင်းတိုင်ထွန်း ...
ချက်ချင်းပေါ်မှာ သံဃံရေးထားတဲ့ ဖယောင်းတိုင်ထွန်း ...
လုပ်လိုက်တော့ နေ့ချင်းညချင်းချက်ချင်း အပ်ချမတ်ချ သရဏဂုံ အလင်းတိုင်ဖြစ်သွားတာပေါ့ ...

အဲဒီလိုလုပ်ပြီးတော့မှ ဗုဒ္ဓံ ၊ဓမ္မံ၊သံဃံ အစဉ်အတိုင်းထွန်းညှိပူဇော်
ရတယ် ...

ပြီးရင် ဘုရားကန်တော့ သောက်တော်ရေသုံးခွက်ကပ် သီလခံယူ
ကံကြွေးချေပြီး ဗုဒ္ဓံသရဏံ ဂစ္စာမိ ...
၁၀၈ ပုတီးနဲ့ ၁ ပတ်စိတ်တယ် ...
ဓမ္မံ သရဏံ ဂစ္စာမိ ၁ ပတ်စိတ်တယ် ...
သံဃံ သရဏံ ဂစ္စာမိ ဆိုပြီး
၁ ပတ်စိတ်တယ် ...

ဂုဏ်တေ၉ပါး ရသေးရင်လည်းထပ်ရွတ်ပေါ့...ပြီးတာနဲ့ နေ့ချင်းညချင်း ချက်ချင်း အကြွေးကင်းရပါစေ..လို့ ၁ ပတ်ထပ်စိတ်တယ်..အကုန်ပြီးရင် မေတ္တာပို့ ကြေးစည်တီးအမျှဝေ
လိုက်တော့တာပဲ..အဲဒီအစီအစဉ်အတိုင်း မနက်တစ်ကြိမ် ည.
တစ်ကြိမ် ..၂၇ ရက်လုပ်ကြည့်ပေါ့...

အဲလိုကြံကြီးစည်ရာ ထလုပ်လိုက်တာ ၁၆ရက်မြောက်မနက်မှာပဲ
ကျနော့်ငွေလေးသုံးသိန်း တစ်ပြားမလျော့ပဲ ပြန်ရခဲ့တဲ့အပြင် ၅ သောင်းပိုပေးလိုက်ပါသေးတယ်..ဒါပေမယ့် ကျနော် ပိုပေးငွေကိုမယူခဲ့ပါဘူး...ဒါလောက်ဆိုရင် ကျနော့်အကြွေးပူလေး
တွေက ဆပ်လို့ရပြီလေဗျာ...

ဒီနည်းက ကျနော့်နည်းမဟုတ်ပါဘူး..အဘမင်းသိင်္ခကိုယ်တိုင်သူ့မိတ်ဆွေ စာရေးဆရာ မကွေး ညိုစိမ့် နဲ့၊သူ့တပည့်တွေကိုသင်ပေးလေ့ရှိတဲ့
နည်းစနစ်အစုံကို ရောပြီးအစုံသုပ်လုပ်ထားတဲ့ ယတြာနည်းပါ..

ဒီနည်းနဲ့ကျနော်ရဲ့၂ ကြိမ်မြောက် အခက်အခဲကို ကျော်နိုင်ခဲ့ပါပြီ..
ကျနော့်မိတ်ဆွေများ ငွေကြေးကိစ္စ အကြွေးကိစ္စများ နဲ့ အခြားအခက်အခဲများ ရှိနေမယ်ဆိုရင် ဘုရားရှိခိုးရင်း သရဏဂုံ
လည်းဆောက်တည်ရင်း .. ယတြာလည်းချေပြီးသားဖြစ်သွား
အောင် တစ်ကယ်လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေဗျာ...
နေ့ချင်း ညချင်း ချက်ချင်း အပ်ချ မတ်ချ ဆိုတာတွေက နိမိတ်တွေ ဓာတ်တွေပါ.. သရဏဂုံကတော့ နဂိုကတည်းက ဘယ်သူ့အတွက်ဖြစ်ဖြစ် ကောင်းပြီးသားပါဗျာ..
အောက်ကစာတွေက ဆုတောင်းထားတဲ့စာတွေပါ.. အလင်းဓာတ် အပွင့်ဓာတ် ရေမီး ဖယောင်းက နဝင်းဓာတ်တွေပါ...ချင်းတက် ကလည်း နဝင်းတွဲလေ..ချင်းတက်ပေါ်မီးထွန်းပြီး ပုတီးစိတ်ရင်တောင်ပြေလည်ပါတယ်..


Credit ဆရာနိုင်အောင်လှိုင်

Comments

Popular posts from this blog