ဖြစ်ချင်ရင် ဖြစ်အောင်လုပ်၊ နည်းလမ်းရှာ ဆင်ခြေမပေးနဲ့။
ရှုံးနိမ့်သူတွေဟာ ဘာကြောင့်ဘာကြောင့်ဆိုတဲ့ ဆင်ခြေဆင်လက်တွေ ပြည့်စုံနေတယ်။အောင် မြင်သူတွေကျတော့အမှားရှိလျှင်လည်း
ကလေးတစ်ဦးကိုတောင်းပန်ရမှာဝန် မလေးတက်ကြပါဘူး။ ရှုံးနိမ့်သူတွေကတော့ ပညာရှိလူကြီး လူကောင်းတွေ
တွေကိုအရိုအသေပေးဖို့ ခက်နေတက်တယ်။ တကယ်အောင်မြင်ချင်တဲ့သူ တွေဟာ အောင်မြင်မှုပန်းတိုင်ကို
သွားစဉ်အခါကာလမှာ အကြိမ်ကြိမ်လဲကျ ပေမယ့်လည်း ပြန်ထတယ်။ ရှေ့ကိုမျက်နှာမူတယ်။ ခရီးကိုဆက်ကြပါတယ်။
စိတ်ဓါတ်အဆင့်အတန်း မြင့်တယ၊် နိမ့်တယ် ဆိုတာကလည်းကိုယ့်ရဲ့ စိတ် ဓါတ်ပေါ်မှာအခြေတည်တာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့စိတ်ဓါတ် မြင့်မားလေလေ ကိုယ့်ရဲ့ဘဝလောကဟာလည်း
မြင့်မားလေလေ အထက်တန်းကျလေလေ ပါပဲ။ ၁၈၇၈ ခုနှစ်က အိန္ဒိယနိုင်ငံက ကုလားလူမျိုးတွေ မြန်မာပြည်ကိုရောက်
လာကြတယ်။တစ်ချို့ကလည်းမြန်မာပြည်ရောက်ရင်အလွန်ချမ်းသာကြွယ်ဝ တဲ့သူဌေးကြီးတစ်ယောက်
ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့ လာခဲ့ကြတယ်။ တချို့ကလည်း စစ်ဗိုလ်ချုပ်ကြီး ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့
လာခဲ့ကြ တယ်။တချို့ကလည်း ဖိနပ်ချုပ်သမား၊ အိမ်ဖော်၊ အစေခံ လုပ်မယ်ဆိုတဲ့စိတ် ဓါတ်နဲ့
လာခဲ့ကြတယ်။ ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး ဖြစ်အောင်လုပ်မယ် ဆိုတဲ့ လူတစ်ယောက်ဟာလည်း
အလွန်ချမ်းသာတဲ့ သူဌေးကြီးမဖြစ်တောင် မှ ချမ်းသာတဲ့စာရင်းဝင်တော့ ဖြစ်သွားပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်
ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ လာတဲ့လူကလည်း စစ်ဗိုလ်စာရင်းတော့ဝင် သွားခဲ့တယ်။ ဖိနပ်ချုပ်သမား
လုပ်မယ်ဆိုတဲ့လူကလည်း ဖိနပ်ချုပ်သမားဖြစ် သွားခဲ့တယ်။ အိမ်ဖေါ်၊အစေခံ လုပ်မယ်ဆိုတဲ့လူဟာလည်း
အိမ်ဖေါ်၊အစေခံ ပဲဖြစ်သွားခဲ့ပါတယ်။သူတို့စိတ်ထားသန်တဲ့ဘဝတွေရည်စူးချက်အတိုင်းကိုယ့်
ဘဝကိုယ်စီ ထူထောင်နိုင်ခဲ့ကြတယ်။
မိမိလုပ်ဆောင်နေတဲ့
လုပ်ငန်းဆောင်တာအဝဝကို အဓိပ္ပါယ်သိပြီး အရေးပါအောင် ကိုယ့်ဘဝကို ထူထောင်သွားကြရမယ်။ကိုယ့်ဘဝရဲ့ပန်းတိုင်
ရောက်ဖို့အတွက် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လုပ်ငန်းကိုစိတ်မပါသလို အဓိပ္ပါယ် မရှိသလိုမလုပ်ရဘူး။ကိုယ်တန်ဖိုးထားတာကိုယ်မှန်တယ်လို့ထင်ထားမှတော့
ကိုယ်စိတ်နှစ်ပါး စုံချက်ညီစွာဖြင့် လိုရာကိုရောက်အောင်ကြိုးစားအားထုတ်ရ ပါမယ်။ ဘယ်လိုပြဿနာမျိုးပဲတွေ့လာတွေ့လာ
နည်းမှန်လမ်းမှန်နဲ့လိုရာကို ရောက်အောင်ကိုယ့်သဘောမှန်ကိုရှင်းပြပြီးသွားမယ်ဆိုရင်ပြဿနာသည်ပင် လျှင် ကိုယ့်အတွက်ကြီးပွားရာ ကြီးပွားကြောင်း ဖြစ်လာသလို
စိတ်ဓါတ်အသိ ဥာဏ်တွေလည်း မြင့်မားလာပါမယ်။
ကိုယ်နေထိုင်ရာလောကဆိုတာကလည်း
ကြိုးစားသူမှန်သမျှကိုနေ
ရာပေးပါတယ် ။ ပြစ်ထားတဲ့သဘော မရှိပါဘူး။ အတိတ်ကံ
အလွန်ညံ့ဖျင်းမှ သာ ကြိုးစားရာမှာ နှေးကွေးတာဖြစ်ပါတယ်။ဒါပေမယ့် ခရီးပန်းတိုင်မရောက်
မချင်း ဆက်လက်သွားနေသူများကတော့ လိုရာပန်းတိုင်ကို အနှေးနဲ့အမြန် ရောက်ရှိသွားမှာ
အမှန်ပါပဲ။ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ထားတဲ့အလုပ်တစ် ခုကို ရိုးသားကြိုးစား လုပ်နေသမျှတော့
တစ်နေ့မှာ အကျိုးထူးခံစားရစမြဲပါ။
ကိုယ့်ဘဝကို သတိတရားနဲ့ ချမ်းသာကြစမ်းပါ။
စိတ်ကိုလည်း သ တိတရားနဲ့၊ရုပ်ကိုလည်းသတိတရားနဲ့ ဘဝကိုလည်းသတိတရားနဲ့ အမြဲထိန်း ထားရပါမယ်။
အတွေးအခေါ်ပညာရှင်တစ်ဦးက ‘သင်ရယ်မောနေတဲ့အခါမှာ လောကအားလုံးကလည်း သင်နဲ့အတူလိုက်ပြီး
ရယ်မောကြပါလိမ့်မယ်။ ငို ကြွေးတဲ့အခါမှာတော့ အသင်တစ်ယောက်ထဲ ဖြစ်ပါလိမ့်မယ်။
လောကမှာ အကျင့်ပျက်လို့ အဆင့်မတက်ပဲ ဆင်းရဲတွင်းထဲကို ပြန် ပြန်ရောက်သွားတဲ့
လူတွေအများကြီးပါပဲ။ ကိုယ့်အနေနဲ့ အတိတ်က ဘယ် လိုပင်မကောင်းစေကာမူ ယခုပစ္စုပ္ပန်မှာတော့
ကောင်းမြတ်တဲ့ စိတ်ထားတွေ နဲ့ ကိုယ့်ဘဝသမိုင်းကို အကောင်းဆုံး အတွေ့အကြုံတွေနဲ့ ရေးထိုးခဲ့မယ်ဆို တဲ့ စိတ်မျိုးကိုမွေးမြူလိုက်စမ်းပါ။
မင်းဇော်ဦး စစ်တောင်းမြေ
ခေတ္တဘန်ကောက်
၀၉၇၈၂၂၂၂၅၄၀
၀၀၆၆၈၇၇၇၃၉၂၄၆
Comments
Post a Comment