အဌမတန်းအောင် ကျောင်းသား / ကျောင်းသူများ၏
ပညာရေးအတွက် သတင်းကောင်းပါ။

၂၀၁၈ ပညာသင်နှစ်အတွက်
စင်္ကာပူအစိုးရက ပညာရေးတွင် ထူးချွန်သော
မြန်မာကျောင်းသား /ကျောင်းသူများကို
အာဆီယံပညာသင်ဆု ရွေးချယ်ပေးအပ်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသားဖြစ်ပြီး
၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း မွေးဖွားသူ
အဌမတန်းအောင် ကျောင်းသား / ကျောင်းသူများ
အာဆီယံ ပညာသင်ဆု လျှောက်ထားနိုင်ပါသည်။

ရွေးချယ်ခံရသူများသည် . . .
စင်္ကာပူအစိုးရကျောင်းများတွင်
Secondary Three မှ
Pre - University Two Level အထိ
(၄) နှစ်တာ ပညာသင်ယူခွင့် ရရှိမည် ဖြစ်ပါသည်။

သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများသည်
သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ပညာရေးမှူးရုံးများတွင်
(၂၆ . ၄ . ၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍
လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသူသည် . . .
အင်္ဂလိပ်စာ။ သင်္ချာ။ သိပ္ပံ ထူးချွန်သူ
ဖြစ်ရပါမည်။

ပညာသင်ဆုအတွက် ပဏာမ ရေးဖြေစာမေးပွဲကို
(၁၁ . ၅ . ၂၀၁၇) ရက်နေ့တွင်
သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် ပညာရေးမှူးရုံးက
သတ်မှတ်ပေးသည့် ကျောင်းများတွင် ဖြေဆိုရပါမည်။

အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို
(၂၆ . ၅ . ၂၀၁၇) ရက်နေ့တွင် ကြေငြာမည် ဖြစ်ပြီး
အောင်မြင်ပါက ရန်ကုန်မြို့တွင်
(၂၈. ၅ .၂၀၁၇)( ၃၀ .၅ .၂၀၁၇)ရက်နေ့အတွင်း
ပညာသင်ဆု လျှောက်လွှာပုံစံ ဖြည့်စွက်ရပါမည်။

အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို
၂၀၁၇ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံမှ လာရောက်၍
ရေးဖြေ စာမေးပွဲ ထပ်မံ စစ်ဆေးမည် ဖြစ်ပါသည်။

အာဆီယံ ပညာသင်ဆု ထပ်မံ ရွေးချယ်ခံရသူများကို
၂၀၁၇ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးခြင်းကို
ထပ်မံ ဖြေဆိုရမည် ဖြစ်ပါသည်။

အောင်မြင်ကြပါစေ . . .
ညီငယ် ညီမငယ်တို့

Credit: Thein Win Oo

Comments

Popular posts from this blog