ယခု ရှမ်းပြည်​က ပရဟိတအဖွဲတစ်​ခု အတွက် တမလန်း တစ်ဘူး နံသာဖြူ တစ်ပြည် လျှော်ဖြူ တစ်ပြည်ုနှင့်​ မလှိုင်​မြို့နယ်​ ​မြောက်​လယ်​ရွာက ဘုန်းကြီး​ကျောင်းတစ်​​ကျောင်းအတွက် တစ်​မလန်းတစ်​ဘူး ​လျှော်​ဖြူ တစ်​ပြည်​ နံသာဖြူ တစ်​ပြီစီ လှူပြီးပါပြီ
နောက်​ဆက်​သွယ်​လာ​သော ပရဟိတအသင်းများနှင့်​ စိုက်​ပျိုးလှူဒါန်​လိုသူများအားလုံးကို ဆက်​လက်​လှူဒါန်း​ပေးသွားပါမယ်​ဗျ

လျှော်ဖြူ၊ နံသာဖြူ၊ တမလန်းနှင့် ၀ါးမျိုးစေ့များအား အခမဲ့ လှူဒါန်းသွားမည်

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မြန်မာနိုင်ငံသားများ သစ်တောသစ်ပင်၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန်သိစေရန် ရည်ရွယ်ချက်ဖြင့် လျှော်ဖြူ၊ နံသာဖြူ၊ တမလန်းနှင့် ၀ါးမျိုးစေ့များအား အခမဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးစေ့များကို ဧပြီလမှ စတင်၍ ပရဟိတ အသင်းအဖွဲများ၊ ရပ်ရွာဘုန်းကြီးကျောင်းများနှင့် အများပိုင် နေရာများတွင် စိုက်ပျိုးလိုသူများနှင့် ပျိုးထောင်၍ ဆင့်ပွား လှူဒါန်းလိုသူများအား ကျော်မျိုးထွန်း လျှော်ဖြူနှင့် သစ်တောသစ်ပင် နှစ်ရှည်ပင် သီးပင်စားပင် မျိုးစေ့ရောင်းဝယ်ရေးမှ အခမဲ့ ဝေငှသွားမည် ဖြစ်သည်။

“အမှန်တကယ် ပျိုးထောင်လှူဒါန်းလိုသူများသာ ဆက်သွယ်ပေးပါ။ ဘယ်ဒေသကိုမဆို လှူမှာပါ။ နေရာမရွေး ပါဘူး။ လှူမယ့်ပမာဏကိုတော့ ပရဟိတအသင်းရဲ့လုပ်ဆောင်မယ့် လုပ်ငန်းစဉ်အပေါ်နဲ့ အဲဒီ ပရဟိတအသင်းကို ယုံကြည်ချက်အပေါ် မူတည်ပါတယ်။ လျှော်ဖြူ မျိုးစေ့ကို ဆိုရင် တစ်တင်း၊ နံသာဖြူမျိုးစေ့ ဆိုရင် တစ်တင်း လှူမှာ ဖြစ်ပါတယ်။ တမလန်းမျိုးစေ့ကို ဆိုရင်တော့ တစ်ပြည်အထိ လှူပေးသွားမှာပါ ခင်မျာ။ နှစ်ရှည်ပင်တွေဆိုတော့ တမလန်းက နှစ်နှစ်ဆယ်အထက်၊ လျှော်ဖြူ ငါးနှစ်၊ နံသာဖြူ ဆယ်နှစ်အထက်၊ ဝါးက ငါးနှစ်အထက် သက်တမ်းရှိ အပင်မျိုးတွေပါ။ ဒေါက်တာဇော်လင်းက သူရောက်ခဲ့တဲ့ ဆေးရုံတိုင်းကို အပင်တွေစိုက်ခဲ့တယ်။ နောက်လာနောက်သားတွေအတွက်တဲ့။ ဒါလေးကို အတုယူမိတယ်။ မနစ်ကလည်း ပုပ္ပါးတောင်ချစ်သူများအဖွဲ့ကို လျှော်ဖြူ တစ်တင်းလှူခဲ့ပါတယ်”ဟု ကျော်မျိုးထွန်း လျှော်ဖြူနှင့် သစ်တောသစ်ပင် နှစ်ရှည်ပင် သီးပင်စားပင် မျိုးစေ့ရောင်းဝယ်ရေးမှ ဦးကျော်မျိုးထွန်းက ပြောသည်။

လျှော်ဖြူတစ်ပြည်လျှင် ဧက၃၀ အထိ စိုက်ပျိုးနိုင်ပြီး အပင် ၄၀၀၀ အထိ ပျိုးပင်ရရှိမည်ဖြစ်သည်။ နံ့သာဖြူတစ်ပြည်လျှင် အပင် ၂၀၀၀ အထိ စိုက်ပျိုးနိုင်ပြီး ၁၀ ဧက အထိ စိုက်ပျိုးနိုင်သည်။ တမလန်းမျိုးစေ့ တစ်ဘူးလျှင် အစေ့၁၅၀၀ အထိ ပါဝင်ပြီး ပေါက်နှုန်းအားဖြင့် အပင်ရေ ၈၀၀ ကျော် ရရှိမည် ဖြစ်သည်။

ကာလပေါက်ဈေးအနေဖြင့် တမလန်းမျိုးစေ့ တစ်ဘူးလျှင် ၂၀၀၀၀ ကျပ်၊ လျှော်ဖြူမျိုးစေ့ တစ်ပြည်လျှင် ၂၀၀၀၀ ကျပ်နှင့် နံသာဖြူမျိုးစေ့ တစ်ပြည်လျှင် ၁၅၀၀၀ ကျပ် ၀န်းကျင်ရှိကြောင်း သိရသည်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

စိုက်ပျိုးလိုသည့် ပရဟိတအသင်းအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ အနေဖြင့် ဖုန်းနံပါတ် 09-960212163   09-790194861  09-402584164 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

..................................

Nan Htet Htet Chit
Reporter
The Farmer Media
09761004270
09445775969
..............................

Comments

Popular posts from this blog