ကျွန်တေါ်ဘာအလုပ်လုပ်လဲမေးသူတွေအတွက်ကျွန်တော့အလုပ်ကိုမပြောပြခင် ဒါလေအရင်ဖက်ကြည့်ပါကျွန်တော့အလုပ်ရဲ့အခြေခံသဘာဝကိုသိပါလိမ့်မယ်

NETWORK MARKETING ဆိုတာဘာလဲ?

တချို့ကသိသလိုလို တချို့ကမသိသလိုလိုနဲ့
Network Marketing ရဲ့သီအိုရီကိုရှင်းပြတာထက်
Network Marketing ရဲ့အနှစ်သာရကိုပြောပြတာ
ပိုအဆင်ပြေပါမယ် ။
ကျနော်တို့
ဘာကြောင့် Network Marketing လုပ်ကြတာလဲ ?
ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကကတော့
ကျနော်တို့ငွေရှာချင်လို့ လုပ်ကြတာပါပဲ။
ဒါဆိုငွေရှာတယ်ဆိုတာက အခြားစီးပွားရေးတွေရော
လုပ်လို့မရဘူးလား?
ဘာလို့ Network Marketing ကိုရွေးလုပ်ရတာလဲ?
ဒါတွေနဲ့ပတ်သက်ပြီးပြောရရင်ငွေရှာတယ်ဆိုတာထက်
ဘဝအဓိပ္ပာယ်ကိုရှာတယ်လို့ပြောရင်ပိုထိရောက်ပါတယ်။
ငွေကတော့ သာမန်လုပ်ငန်းတွေကလည်း ရမှာပါပဲ။
ဝန်ထမ်း …ဆိုင်ဖွင့် … ဈေးရောင်း
ပွဲစားလုပ် … ကုန်သည်လုပ် …လုပ်ကြတာပါပဲ ။
အဲ့အလုပ်တွေကနေ ကျနော်တို့လိုချင်တဲ့
ငွေရနိုင်ပေမယ့်
'' ဘဝအဓိပ္ပာယ်ကိုမရနိုင်ပါဘူး ''
ဘဝအဓိပ္ပာယ်ဆိုတာ
မိမိငွေလည်းရှာနိုင်သလို
မိမိရှာသမျှကို ပိုလျှံစွာသုံးနိုင်တယ်။
လှူ နိုင်တယ် ။
မိသားစု နဲ့ မိမိချစ်ရသူတွေကို အချိန်ပေးနိုင်မယ် ။
မိတ်ဆွေတွေနဲ့လေးနက်တဲ့စကားတွေပြောလို့ရမယ် ။
တစ်သက်လုံးငွေနောက်ပဲ လိုက်နေတာမဟုတ်ပဲ
ငွေကိုကာလတခုလောက် အချိန်ပေးပြည့်စုံစွာရှာပြီးနောက်
ကျန်တဲ့ဘဝအဓိပ္ပာယ်ကို အချိန်ပေးရှာကြဖို့ပါပဲ။
Apple founder ကြီး စတီဗင်ဂျော့က
သူကင်ဆာနဲ့ ရင်ဆိုင်နေရချိန်မှာ
နောင်တရသွားခဲ့တယ်။
လူတွေကသူ့ကိုအရမ်းချမ်းသာ
ကြွယ်ဝအောင်မြင်သူလို့မြင်ကြတယ်။
သူကလည်းထိုငွေကြေးအရအောင်မြင်မှုများနောက်
ကိုအမြဲလိုက်ခဲ့တယ်။
သူ့နောက်ဆုံးအချိန်မှာသူပြောခဲ့တာက
ငွေကြေးပြည့်စုံမှုနောက်
လိုက်လို့ပြီးတဲ့နောက်
ကျန်တဲ့ဘဝအဓိပ္ပာယ်တွေရှာဖို့
သူပျက်ကွက်ခဲ့တဲ့အတွက်
ဘဝပြီးဆုံးခါနီးမှာနောင်တရနေခဲ့တယ်တဲ့။
ကျနော်တို့အနေနဲ့
ဘဝချမ်းသာကြွယ်ဝမှုကိုရခဲ့ပြီးရင်
အနည်းဆုံးတရားဓမ္မဘက်လိုက်ဖို့အချိန်လေးတော့ပေးဖို့သင့်ကြတာပါပဲ။
ဒါပေမယ့်လူတွေကငွေရှာတယ်
ကုန်တယ် ထပ်ရှာတယ် … ဒါနဲ့ပဲ
သံသရာလည်နေကြရတယ်။

ကျနော်တို့ဟာငွေရှာနည်းနဲ့
ပက်သက်ရင် ( ၂ ) နည်း  သိဖို့
လိုပါတယ်။

ဥပမာလေးပြရရင်

• အိမ်မြှောင်အစာရှာနည်းနဲ့

• ပင့်ကူအစာရှာနည်းပါ

အိမ်မြှောင်တစ်ကောင်ဟာ
သူဗိုက်ဆာတဲ့အချိန်ကြိုးစားပမ်းစားထွက်ရှာတယ် …
အစာဝရင် သူပြန်နားတယ်
နောက်ပြန်ဆာလာရင်
ထပ်ရှာစားရပြန်ရော
ဒီလိုပဲတစ်သက်လုံးသံသရာလည်နေတာ
အစာရှာဖို့ကို
သူဟာအစာရှာတိုင်း
ခွန်အားရယ် အချိန်ရယ်
စိတ်ရှည်မှုရယ်ကို
ပေးထားရတယ်အမြဲတမ်း။

ပင့်ကူတစ်ကောင်ကတော့
သူအချိန်တခါထဲပေးတာက
ပင့်ကူအိမ်ဆောက်တုန်းအချိန်ပါပဲ
ပင့်ကူအိမ်ထဲဝင်လာသမျှ
အစာမှန်သမျှဟာ
သူအိပ်နေလည်းသူ့အစာပါပဲ
ဘယ်မှထွက်ပြေးမရပါဘူး
သူပင့်ကူအိမ်ဆောက်ရခြင်းရဲ့
ရည်ရွယ်ချက်ဟာ
သူထပ်မပင်ပမ်းပဲတသက်စာ
အစာရနေဖို့ပါပဲ။

တကယ်တော့
ငွေကြေးပြသနာ
ဖြေရှင်းနည်းတွေ
အမျိုးမျိုးရှိပါတယ်။

လက်တွေ့ကျတဲ့ဖြေရှင်းနည်းကိုပဲကျနော်တို့သဘောကျကြပါတယ်။

မိတ်ဆွေသာဆိုရင်
အိမ်မြှောင်တစ်ကောင်လို
အစာရှာစားမလား ?
ပင့်ကူတစ်ကောင်လို
အစာရှာစားမလား ?

ကြိုက်ရာနည်းလမ်းရွေးပါ

Network Marketing ဆိုတာက
ပင့်ကူအစာရှာနည်းပါပဲ။

ကျနော်တို့အချိန်ရယ်
ခွန်အားရယ် စိတ်ရှည်မှုရယ်ကို
ကွန်ယက်တည်ဆောက်တဲ့
အချိန်မှာ ခဏပေးထားပါမယ်။
ပြီးရင်တော
့ကျနော်တို့ တစ်သက်စာ
ထိုင်စားပါမယ်မိတ်ဆွေ။

ဒါ'' Passive Income Life ''ပါပဲ။

ဒါ Active Income နဲ့
Passive Income ကွာခြားမှုပါပဲ

credited

အောင်မြင်ရေး နည်းလမ်းများ။

Comments

Popular posts from this blog