ဒီနေ့ စာသင်ခန်းထဲ ဒေါက်တာယုအချိန်မှာ မြန်မာရဟန်းတော်များ ပါသလားလို့ မေးတော့ မယောင်မလယ် လက်ထောင်လိုက်တယ်။
သူမက ဆက်ပြောတယ်…
“ ငါ မင်းတို့ကို သတိပေးချင်းတာလေး ရှိတယ်။ မင်းတို့ အားလုံးဟာ မင်းတို့ နိုင်ငံကို ကိုယ်စားပြုတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စတိုင်းဟာ မင်းတို့နဲ့ သက်ဆိုင်တယ်။
ငါ မြန်မာကို သွားတော့ ရန်ကုန်မြို့လယ်မှာ ကိုရီးယားဘာသာခြား သာသနာပြုတွေရောက်နေတာကို ငါတွေ့ခဲ့တယ်။ မိဘမဲ့ကျောင်းကြီးဖွင့်ထားတာ အင်မတန်ကြီးတယ်။ ငါတို့ကိုရီးယားနိုင်ငံဟာ ရှေးယခင်က ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရာခိုင်းနှုံးပြည့်ရှိခဲ့တယ်။
ဒါပေမဲ့ အနောက်က ဘာသာခြား သာသနာပြုတွေ ရောက်လာပြီးချိန်မှာ ရာခိုင်နှုံးဦးရေ ရော့ကြသွားခဲ့တယ်။ သူတို့တွေက နည်းဗျူဟာပိုင်း၊ ငွေကြေးပိုင်း အားကောင်းကြတော့ တို့နိုင်ငံဟာ ခုခြေနေဖြစ်သွားခဲ့ရတာပဲ။ မင်းတို့နိုင်ငံလည်း အဲ့ဒီလို ဖြစ်သွားမှာကို ငါမဖြစ်စေချင်ဘူး။
ခု ကိုရီးယား ဘာသာခြားသာသနာ ပြုတွေ မြန်မာပြည်ကို ရောက်နေပြီ။ သူတို့တွေက ငွေကြေးပိုင်း၊ နည်းစနစ်ပိုင်း သာလွန်ကြတော့ နည်းစနစ် ငွေကြေးအားနည်းတဲ့ မင်းတို့နိုင်ငံမှာ ဒီအခြေနေကို မကာကွယ်ရင် နောက် (၁၀) နှစ်လွန်ကာလမှာ တစ်ခုခု ဖြစ်လာတော့မယ်။ ငါ ငါ့လူမျိုးတွေအကြောင်း ကောင်းကောင်းသိတယ်။
(မှန်ပါတယ်၊ မိမိကိုယ်တိုင် မြန်မာတကာသုံးယောက်နဲ့ ဆိုလ်းမြို့ပေါ်သွားဖို့ ရထားဘူးတာအသွား၊ သားနားစွာဝတ်ထားတဲ့ လူနှစ်ယောက်က အတင်းအဓမ္မလိုက်ကာ သူတို့ဘုရားကျောင်းကိုလာဖို့ ရထားစီးကာနီးအထိ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ပါတာကို ပေါ်တင်ပဲ လိုက်ပြောတာကို ကြုံဘူးပါတယ်။ မိမိတို့လူမျိုးတွေကတာ အားနာတာတို့ လူမှုရေးတို့ ရှိပေမဲ့။ သူတို့ကတော့ ပြောင်ပြောင်ပဲ အရှက်မရှိ လိုက်ပြောကြပါတယ်။)
မြန်မာဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ ခံတပ်ကြီးတစ်ခုပါ။ ရှေးယခင်က အင်ဒိုနီးရှား မလေးရှားနိုင်ငံတွေဟာ ထေရ၀ါဒနိုင်ငံတွေပါ။ ခုချိန်မှာတော့ အားလုံးပြောင်းပြန် ဖြစ်နေပါပြီ။ ငါမင်းတို့ နိင်ငံတွေအတွက် အရမ်းစိုးရိမ်မိပါတယ်” လို့ ကိုရီးယားဆရာမ ဒေါက်တာယု သတိပေးပြောကြားခဲ့တယ်။
မှန်လွန်းလှ၏။ ယနေ့ မြန်မာပြည်မှာ ကိုရီးယားရောဂါ စွဲကပ်နေမှုက ဘယ်လိုမှ ငြင်းလို့မရပါ။ ဒီအခြေနေက ကိုရီးယားဘာသာခြား သာသနာပြုတွေ ၀င်ရောက်ဖို့ အခွင့်ရေးကောင်းတစ်ခု ဖြစ်နေပါတယ်။ သူတို့ဖွင့်မဲ့ ကိုရီးယားဘာသာစကား သင်တန်းတွေတက်မယ်။ ကျောင်းသားတွေ အတွက်ဆိုရင် ကိုရီးယားရှိ သူတို့ဖွင့်လစ်ထားတဲ့ ကျောင်းတွေကို စကောလားရအောင် ဆောင်ရွက်ပေးမယ်။
လူငယ်တွေအတွက် အကသင်တန်းတွေ ဖွင့်ပေးမယ်။ ခုဆို ရန်ကုန်မြို့မှာ လူငယ်တွေ အုပ်စုလိုက် ကသည့် အဖွဲ့တွေ၊ ပြိုင်ပွဲတွေ လုပ်နေကြတာက သက်သေပါ။ မိမိနှင့် သိကျွမ်းသူများပင် ဒီလိုအဖွဲ့တွေမှာ ပါဝင်နေကြတာကို တွေ့ရပါတယ်။
ဘာသာစကားသင်တန်းဆိုလည်း ကိုရီးယားနိုင်ငံက ဘယ်တက္ကသိုလ်အသိအမှတ်ပြု၊ ဘာညာနဲ့ကြေငြာနေတဲ့ ကိုရီးယားပညာရေးကုမ္ပဏီတွေ လှည်းတန်းမီးပွိုင့်နားတွင် တွေ့လာရပါတယ်။ ပိုင်ရှင်တွေဟာ မြန်မာပြည်မှ ကိုရီးယားဇတ်သွင်းထားတဲ့ မြန်မာလူမျိုးဘာသာခြားနှင့် ကိုရီးယားနိုင်ငံရှိ ကိုရီးယားလူမျိုးတို့ပဲ ဖြစ်ပါတယ်။
ဒါက မိမိကိုယ်တိုင် တွေ့ကြုံဘူးပါတယ်။ မြန်မာ ဗုဒ္ဓဘာသာဝင် လူငယ်တွေဟာ ဒီနောက်ကြောင်းတွေကို ဂရုမမှုကြပါဘူး။ ဗုဒ္ဓရုပ်ပုံတွေကို ထဘီ၊ အင်္ကျီ၊ ဖိနပ်နှင့် အတွင်းခံဘောင်းဘီတွေမှာ တံဆိပ်ရိုက်ပြီး ကလေးငယ်တွေကို ၀တ်ဆင်စေတာမျိုးတွေကို ပြောင်ကြကြ စော်ကားနေကြတာပါ။
ဗုဒ္ဓကိုအင်မတန် ကိုင်းရှိုင်းတဲ့ သီရိလင်္ကာနိုင်ငံမှာပင် ဘာသာခြားများက အတွင်းခံဘောင်းဘီကို ဘုရားပုံတံဆိပ်ရိုက်ပြီး ကလေးတွေ ၀တ်ဆင်စေတာ ရှိခဲ့ပါတယ်။ ဒါဟာ ငယ်ရွယ်ကတည်းက ဗုဒ္ဓကို လေးစားကြည်ညိုစိတ် ပျောက်ကင်းအောင်၊ ဂရုပြုစရာ မလိုအပ်ဟု စိတ်ထဲမှတ်ယူလာအောင် ပြုလုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။
သူတို့ပဲ ခတ်ပညာတွေ တတ်လှခြေရဲ့ဆိုပြီး အခြားသူများ အမြတ်တနိုးထားတဲ့ဘာသာတရားကို စော်ကားတတ်တာ နားမလည်နိုင် ဖြစ်မိတယ်။ အခြားဘာသာတစ်ယောက်ကို စည်းရုံးနိုင်ရင် ကောင်းကင်ဘုံရောက်ဖို့ သူတို့ဘုရားက ဂရမ်တီပေးတယ်လို့ သင်ကြားကြောင်းလဲ မှတ်သားဘူးပါတယ်။ မိမိ ဘယ်လိုမှ နာလည်လို့မရပါဘူး။
ကိုရီးယားလူမျိုးကိုယ်တိုင်က သူတို့လူမျိုးရဲ့ စရိုက်ကို သိလို့၊ ဘာသာရေးစိတ်ဓာတ်ရှိလို့ သတိပြုပြောကြားတာပါ။ သူမလို ရှေးဟောင်း ဘာသာပညာရှင်တစ်ယောက်က ဘယ်လိုရည်ရွယ်ချက်မှ မရှိပါဘူး။ သူမှ တွေ့ရှိတာကို တဆင့်မျှဝေပြခြင်းမျှပါပဲ။ မြန်မာလူမျိုးများလည်း နိုးကြားနိုင်ပြီး ဘာသာ သာသနာကိုစောင့်ရှောက်နိုင်ပါစေ။
Credit ; Ja Buda
10:59pm

Comments
Post a Comment