ခေါင်းဆောင်မှုစွမ်းရည် မိတ်ဆက် မင်းအောင်မင်း vol.2,No.32


ခေါင်းဆောင်မှုစွမ်းရည်အကြောင်းပြောလိုက်လျှင်တိကျစွာ ကျွန်ုပ်တို့ မည် သည်ကို အဓိပ္ပာယ်ဖွင့်ခဲ့သနည်း။ ခေါင်းဆောင်မှု စွမ်းရည်များဟူသည်မှာ လုပ်ဆောင်နိုင်သည့်အရည်အသွေးပြည့်ဝခြင်းများ၊ အပြုအမူများ၊ ဖြည့်စွက် မှုများဖြစ်၍ လူတစ်ဦးကို အောင်မြင်မှုရရန်နှင့် အခြားသူများကိုပါ တိုက်ရိုက် လှုံ့ဆော်ပေးနိုင်သူဖြစ်သည်။ စစ်မှန်သော ခေါင်းဆောင်မှုစွမ်းရည်သည် တစ်စုံတစ်ရာထက် ပိုမိုသောအစိတ်အပိုင်းများ ပါဝင်ပတ်သက်နေသည်။ သူတို့၏ ကိုယ်ပိုင်အရည်အချင်းများဖြင့် လူအများကို တိုးတက်မှုရှိအောင် အကူအညီပေးနိုင်သောစွမ်းရည်ရှိသူများဖြစ်သည်။ ထို့ကြောင့် အောင်မြင်သောခေါင်းဆောင် အများစုသည်အခြားသူများ ကို သူတို့၏ကိုယ်ပိုင်အောင်မြင်မှုများရရန်တွန်းအားပေးနိုင်သည်ဟုဆိုကြသည်။

ခေါင်းဆောင်တစ်ဦးမွေးဖွားခြင်း

သင်သေချာပေါက် ကြားဖူးပြီးသည့် စကားလုံးများရှိသည်။ ယခု ခေါင်း စဉ်ကို ကြားလိုက်သည်နှင့် သင်ဘယ်သူကို ပြေးပြီးစဉ်းစားမိမည်နည်း။ မာတင်လူသာကင်း၊ မဟတ္တမဂန်္တီ သို့မဟုတ် အခြားသမိုင်းထဲမှ ကမ္ဘာ တွင် ကျော်ကြားသော ခေါင်းဆောင်များကိုလား။ သို့မဟုတ် သင်၏ကိုယ်ပိုင် ဘ၀အတွင်း၌ရှိသော ခေါင်းဆောင်များလည်းဖြစ်နိုင်သည်။ သူတို့သည် သင့်အပေါ်ကောင်းမွန်သော အကျိုးသက်ရောက်မှုတစ်ခုရှိခဲ့ကြ၍ဖြစ်သည်။ ထိုပုဂ်္ဂိုလ်များအားလုံး ထိရောက်သော ခေါင်းဆောင်များ ဖြစ်လာအောင် မည်သည့်စွမ်းရည်များက ပြုလုပ်ပေးသနည်း။
- အမြင်တစ်ခု (သို့မဟုတ်) တာဝန်တစ်ခုအပေါ် စူးစိုက်ပြုလုပ်ခြင်း
- သူ၏ အခန်းကဏ္ဍကို နားလည်ခြင်း၊
- ရိုးသားမှု၊ တရားမျှတမှု အရည်အချင်းများကိုပြသခြင်း
- စံနမူနာတစ်ခုထားရှိခြင်း
- အခြားသူများ၏ အပြုအမူ အားမည်သို့လှုံ့ဆော်ရမည်ကို နားလည်ခြင်း
- ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း
- စွန့်စားမှုပြုလုပ်နိုင်ခြင်း
- ပြဿနာဖြေရှင်းနိုင်သော စွမ်းရည်ရှိခြင်း
သင်သည် ခေါင်းဆောင်မှု စွမ်းရည်များနှင့်အတူမွေးဖွားလာခြင်း မဟုတ်သော်လည်း ယင်းတို့ကို လေ့လာသင်ယူနိုင်သည်။

ဖြစ်ရပ်နှင့် ဆန့်ကျင်လျက် ခေါင်းဆောင်များစွာသည် အမြင်တစ်ရပ် ကို တာဝန်ယူပြီး အခြားသူများကို ဆွဲဆောင်နိုင်သော နည်းလမ်းများကို သဘာဝအားဖြင့် ရှာဖွေနိုင်သည်။ ကျွန်ုပ်တို့ အများစုတွင်ခေါင်းဆောင်မှု စွမ်းရည်အဆင့်နှင့် မွေးဖွားလာခြင်းဟု မပြောနိုင်ပေ။ ကျွန်ုပ်တို့အနေဖြင့် ကာလတစ်ရပ်ကျော်လွန်မှသာ သေချာပေါက်ကြီးထွားနိုင်သည်။ အတွေ့ အကြုံများက ထိရောက်သော စွမ်းရည်များဖြစ်လာအောင်လေ့လာ သင် ယူနိုင်သည်။ ခေါင်းဆောင်မှု အရည်အချင်း၏ ယခုဧရိယာများ ကိုသိရှိ လာသောအခါ ယင်းတို့ကို တိုးတက်အောင် (သို့မဟုတ်) အရည်အသွေး ကျယ်ပြန့်အောင် သင်ပြုလုပ်လိုပေမည်။ မည်သူမဆို အတွက်ခေါင်းဆောင် တစ်ဦးအဖြစ် မွေးဖွားလာခြင်းမဟုတ်ဟု သူတို့ ကိုယ်တိုင်စဉ်းစားမိခြင်း မရှိပေ။ သို့မဟုတ် ခေါင်းဆောင်မှုစွမ်းရည်အတွက် သတ်မှတ်သောဧရိယာ များကို ပြုလုပ်ရန် လိုအပ်သည်ဟု စဉ်းစားမိခြင်းမရှိ၍ဖြစ်၏။ ခေါင်းဆောင်မှု စွမ်းရည်များကို လေ့လာသင်ယူနိုင်သည်။ သင်ကိုယ်တိုင် ထိုစွမ်းရည်များကို သင်ယူလိုခြင်း နှင့်အတူစိတ်ရှည်စွာ အာရုံစိုက်မှုကို ဖွင့်ထားဖို့လိုသည်။ လုပ်ဆောင်မှုတစ်ခုအပေါ် ယခုဖော်ပြထားသည်တို့တွင် ဘာကိုလုပ်ကိုင်ပြီး ထည့်သွင်းနိုင်သည်ကို လေ့လာရမည် ဖြစ်သည်။

ဘာကို သင်ယူနိုင်မည်နည်း

ယခုဖော်ပြထားသည်တို့မှာ သင်၏ခေါင်းဆောင်မှု စွမ်းရည်ကိုချက်ချင်း စတင်တည်ဆောက်နိုင်အောင် အကူအညီပေးသော သတင်းအချက်အလက် တို့ဖြစ်သည်။ ထိုပေးအပ်ထားသော သတ်မှတ်ထားသည့်အရာများနှင့်အချက် တို့သည် သင်၏လုပ်ငန်းခွင်ပတ်ဝန်းကျင်တွင် ဘာကိုလေ့လာရမည်ဟု လုပ်နိုင်စွမ်းရှိသည်။ ဖတ်ပြီးသမျှကို အချိန်တစ်ခုအတွင်း အသုံးချနိုင်သည်။ ထိုသို့လုပ်နိုင်လျှင် ခေါင်းဆောင်မှုစွမ်းရည် မည်သို့လျင်မြန်စွာ တိုးတက်အောင် လုပ်နိုင်ခြင်း အပေါ်အံ့သြမည်ဖြစ်သည်။ ထိုသို့ စတင် နားလည်လာချိန်တွင် ထိုနယ်ပယ်အတွင်း သင်၏တုံ့ပြန်မှုတို့ လုံးဝကွဲပြား သွားပေမည်။ ထိုအလုပ်ကို ရှာဖွေနိုင်ခြင်းက သင့်အားပိုမိုကောင်း မွန်သောနေရာတစ်ခုသို့ ရောက်ရှိနိုင်သည်။ အခြားသူများ ကိုလည်း သူတို့၏ ကိုယ်ပိုင်အောင်မြင်မှုရဖို့ သင်က မှန်ကန်စွာဦးဆောင်နိုင်သည်။

တကယ်တမ်း အလုပ်နေရာသည် သင်ဘ၀၏ ဧရိယာမျှသာမဟုတ်။ ထိုစွမ်းရည်တို့ကို အသုံးပြုနိုင်ရန် သင်ကအခြားနေရာတို့သို့ပါ ပြုလုပ်ပေးနိုင် သည်။ ထိုနေရာတွင် စိတ်ကူးအကြံအစည် များစွာ အသုံးပြုရန်ဖြစ်လာနိုင် သည်။ သင့်ဘ၀၏ မည်သည့်နေရာတွင်မဆိုပိုမိုထိရောက်သောခေါင်းဆောင် တစ်ယောက်ဖြစ်လာအောင် အကူအညီပေးနိုင်သည့် မိဘတစ်ဦး၊ ဇနီးခင်ပွန်း တစ်ဦး၊ နည်းပြတစ်ဦး၊ ဘုတ်အဖွဲ့ဝင်တစ်ဦး (သို့မဟုတ်) မည်သည့်ခေါင်းဆောင်အမျိုးအစား မဆိုအတွက် ယခုအချက်အလက် တို့ဖြင့် အသုံးချရန်ပြုလုပ်နိုင်သည်။ သင်ရွေးချယ်သော မည်သည့်ဘ၀၊ ဧရိယာမျိုးမဆိုတွင် အောင်မြင်သောခေါင်းဆောင်တစ်ယောက် ဖြစ်လာရမည်ဟူသောယုံကြည်မှုရှိရန်သာလိုပေသည်။

Ref: Leadership Skills
by MTD Training

Comments

Popular posts from this blog