"အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ" "စကားပြောဆိုတတ်မှု" လင်းသိုက်ညွန့် (မြန်မာ့မြေ) vol.2,no.37
စကားပြောဆိုတတ်မှုအရည်အချင်းဟာလည်း
အလုပ်ကောင်းကောင်း ရဖို့ မရှိမဖြစ် လိုအပ်ချက်တစ်ချက် ဖြစ်ပါတယ်။
ပြောဖို့ထက် လုပ်ဖို့ကပိုပြီး
အဓိကကျတယ်လို့ဆိုပေမဲ့အပြောကောင်းသူတွေသာအလုပ်ကောင်းကောင်း ရပြီး
ထိပ်တန်းရောက် အောင်မြင်နေကြတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရေး
ပါဆုံးအလုပ်တာဝန်ဖြစ်တဲ့ “အမေရိကန်သမ္မတ ရာထူး” အတွက် ရွေးချယ်
တဲ့နေရာမှာတောင် စကားအချေအတင် (Debate) ပြောဆိုပွဲတွေပြုလုပ်၊
မဲဆွယ်ပွဲတွေပြုလုပ်ပြီး စကားပြောနိုင်တဲ့၊စကားပြောတတ်တဲ့ အရည်အချင်း ကို
ရာခိုင်နှုန်းအတော်များများ အဓိကထားရွေးချယ်ကြတာ ဖြစ်ပါတယ်။
တကယ့်တကယ်ပြောကြမယ်ဟေ့ဆိုရင် စာရေးသူတို့ရဲ့“မြန်မာစကား” ဟာ “အင်္ဂလိပ် စကား” ထက်ပိုပြီး ပြောရဆိုရခက်ပါတယ်။ မြန်မာစကား ကို ပြောဆိုတဲ့နေရာမှာ မျက်နှာအမူအရာ၊ အသံနေအသံထား၊ အသံအတိုး အကျယ် (Volume) စတာတွေကလည်းများစွာ အရေးပါပါတယ်။ မိမိရဲ့ အထက်လူကြီးကို ပြောဆိုရမယ့် အသံနေအသံထား၊ မိမိလက်အောက် ငယ်သားများကို ပြောဆိုရမယ့် အသံနေအသံထား၊ မိမိနဲ့တန်းတူ၊ အဆင့်တူ များကို ပြောဆိုရမယ့် အသံနေအသံထား စတာတွေကို အထူးဂရုပြုပြီး မှန်ကန်အောင် ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။
အလုပ်ခွင်ဝင်ခွင့် အင်တာဗျူးကို ဖြေဆိုတဲ့နေရာမှာ ဖြေဆိုတဲ့သူအနေ နဲ့ အင်တာဗျူးမေးမြန်းသူရဲ့ မျက်နှာ၊ မျက်လုံးကို စေ့စေ့ကြည့်ပြီး ဖြေဆိုဝံ့ဖို့၊ အသံကို ကြည်လင်ပြတ်သားစွာ၊ မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ပြောဆိုနိုင်ဖို့ အထူးလိုအပ်ပါတယ်။ လူတစ်ယောက်ဟာ မျက်စိကိုမှ စေ့စေ့ကြည့်ပြီး စကားတစ်ခွန်းကို မပြောဝံ့ဘူး ဆိုရင် သူပြောတဲ့စကားကိုလည်း ယုံကြည်ဖို့ ရာ တော်တော်ခက်ခဲမှာ ဖြစ်ပါတယ်။
တစ်ခါတလေ လူတွေနဲ့ဆက်ဆံပြောဆို ဆောင်ရွက်တဲ့နေရာမှာ ကိုယ် က မှန်နေတိုင်းလည်း တစ်ဖက်က မှားနေတယ်လို့ တထစ်ချ ယူဆလို့မရပါ ဘူး။ တစ်ခါတလေ နှစ်ဖက်လုံးမှန်ပြီးပြဿနာတက်နေတာမျိုးလည်း ဖြစ်နိုင် ပါတယ်။
ရန်ကုန်မှာ အများသုံး သန့်စင်ခန်းတွေ အများကြီးရှိတာ စာဖတ်သူ တို့အားလုံးအသိပါ။ စာရေးသူကတော့ တော်ရုံတန်ရုံ အဲ့ဒီအများသုံး သန့်စင် ခန်းတွေမှာ တက်လေ့မရှိခဲ့ပါဘူး။ အခြောက်တွေ သောင်းကျန်းလွန်းလို့ပါ။ တစ်နေ့ ကျတော့ အန္တရာယ်မလွယ်နိုင်တာနဲ့ အဲ့ဒီအများ သုံးသန့်စင်ခန်း တစ်ခုကို ၀င်တက်ဖြစ်ပါတယ်။ ခပ်ကြောက်ကြောက်နဲ့ပေါ့။
အဲ့သလိုနဲ့ ကိုယ့်အန္တရာယ် ကိုယ်ဖြေရှင်းရင်း သန့်စင်ခန်း ၀င်နေတုန်း တစ်ဖက်ခန်းကနေ အသံတစ်သံထွက်လာပါတယ်။ “မိတ်ဆွေ .. အဆင်ပြေ လား” တဲ့။ စာရေးသူလည်း အဲ့ဒီအသံကိုကြားတော့ရုတ်တရက် ကြောင်သွား ပါတယ်။ စာရေးသူမှာ သန့်စင်ခန်းတက်တဲ့ အတွေ့အကြုံ ၂၈ နှစ်ရှိပါတယ်။ တစ်ခါမှ သန့်စင်ခန်းထဲမှာ ဒီလိုပြောတာမျိုး မကြားဖူးပါဘူး။ ဒါနဲ့ စာရေးသူ လည်း ရုတ်တရက်ကြောင်သွားပြီး ..
“ဟုတ်ကဲ့၊ အဆင်ပြေပါတယ်” လို့ ပြန်ဖြေလိုက်ပါတယ်။အဲ့ဒါနဲ့ မပြီးသေး ပါဘူး။ ဟိုဖက်က ထပ်ပြီးတော့ ပြောလာပြန်ပါတယ်။
“အဲဒါဆိုရင် ကိုယ်အဲ့ဒီဘက်ကို လာခဲ့လို့ ရမလား”လို့ ထပ်မေးလာ ပါတယ်။ ဟာ ..အဲ့ဒါတော့ နည်းနည်းလွန်လာပြီလို့ ထင်ပါတယ်။ ဘာလဲ ဟ၊ ဂေးလား ..အခြောက်လားပေါ့။ ဒါပေမဲ့ ရုတ်တရက်ဆိုတော့ စာရေးသူ လည်း “ဟုတ်ကဲ့၊ လာခဲ့လို့ရပါတယ်” ဆိုပြီး အဆင်ပြေအောင် ပြန်ဖြေပေး လိုက်ပါတယ်။
စာရေးသူလည်း အဲ့သလိုပြန်ပြောလိုက်ရော တစ်ဖက်ခန်းက လူက သန့်စင်ခန်းနံရံကို တဒိုင်း ဒိုင်းထုပြီး ဒေါသသံကြီးနဲ့ ..
“တော်ပြီကွာ၊ ငါပြီးမှ ပြန်ဆက်လိုက်မယ်၊ ဘယ်ကကောင်မှန်း မသိ ဘူး။ ဒီမှာ ငါဖုန်းပြော နေတာကိုဘေးက လိုက်ပြောနေတယ်”ဆိုပြီး ပြောပါ တယ်။ အဲဒီတော့မှ စာရေးသူလည်း သိပါတော့တယ်။ သြော် ..သူက သူ့ ဘာသာသူ ဖုန်းပြောနေတာကိုး။ နို့ သိမှမသိ ပဲ ..
လောကမှာ တစ်ခါတလေ အဲ့သလိုလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်ဘက်က ကိုယ့်အယူ အဆချည်းနဲ့ပဲ ရပ်တည်လို့မရပါဘူး။ တခြားဘက် ကိုလည်း ကြည့်တတ်ဖို့ လိုပါတယ်။ ခုနက သန့်စင်ခန်းထဲက အဖြစ်အပျက် လိုမျိုး၊ ကြားထဲက သန့်စင်ခန်းနံရံ (wall) ကြီးခံနေတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။
အဲဒီလို နံရံမျိုးရှိနေတယ်ဆိုရင် ဒီနံရံအတား အဆီးကို အသိဥာဏ် မျက်လုံးနဲ့ ဖယ်ရှားနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လူတွေနဲ့ ပြောဆို ဆက်ဆံဆောင်ရွက်ကြတဲ့ နေရာမှာလည်း အဲ့သလိုပါပဲ။ အောက်ဖော်ပြပါပုံ အတိုင်း ပြောသူ (Sender) နဲ့ လက်ခံသူ (Receiver) တို့အကြား မှာ အတား အဆီး (Barrier) မျိုးလည်း ရှိနိုင်ပါတယ်။ ဒီအတားအဆီးတွေကို မိမိအသိ ဥာဏ်နဲ့ ဖယ်ရှားဆောင်ရွက် ပြောဆိုတတ်ဖို့ လိုအပ်ပါတယ်။
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

Comments
Post a Comment