ပညာရေးဈေးကွက်နှင့် ပညာရေးဈေးတွက် ဒေါက်တာမောင်မောင်စိုး vol.2,no.40

ဈေးကွက်စီးပွားရေးစနစ်တွင်ပညာရေးနှင့်ပတ်သက်သော
ဘောဂဗေဒအမြင် မှ လေ့လာသုံးသပ်သော Education economics ဟုခေါ်ခေါ်၊ Economics
of Education ဟုပင်ခေါ်ခေါ်၊ ပညာရေးဘောဂဗေဒသည် ပေါ်လာခဲ့သည်။ ပညာရေးကို
စီးပွားရေးတွက်- တွက်သည်ဟူပင် ခေါ်စေကာမူ၊ ဈေးကွက် စီးပွားရေးစနစ်အရတော့
တွက်သင့်သည်။ တိုင်းပြည်တစ်ပြည်၏ တိုးတက်ဖွံ့ ဖြိုးမှုတွင် ပညာရေးအပေါ်
မည်မျှလောက် လိုလိုလားလားရှိသည့် ပညာရေး လိုချင်တောင့်တမှု Demand For
Education နှင့် ပညာရေးကို မည်မျှအထိ ပံ့ပိုးပေးနိုင်သနည်း၊
တိုင်းပြည်အတွက်လိုအပ်သောပညာရေး၊ တိုင်းသူပြည် သားများလိုချင်သော ပညာရေးကို
အစိုးရအပါအ၀င်၊ ပညာရေးဆိုင်ရာအဖွဲ့ အစည်းများက မည်မျှအထိ
ပံ့ပိုးပေးနိုင်ပါသနည်းဟူသော Supply of Education အပေါ်မူတည်ပြီး
ပညာရေးတိုးတက်မှု (သို့မဟုတ်) ဆုတ်ယုတ်မှု များဖြစ်ပေါ်လာပါသည်။
ပညာလိုအိုသည်မရှိဟု ဆိုရိုးရှိသော်လည်း အိုသာ သွားသည်၊
ပညာသင်ယူနိုင်ခွင့်မရှိသောလူများအတွက်လည်း ပညာရေးဘောဂဗေဒသည် အရေးကြီးလာသည်။
တိုင်းပြည်တွင် ကုန်ထုတ်စွမ်းအား Productivity သည်အရေးကြီး သည်ဟုသာပြောသည်။ ထိုကုန်ထုတ်စွမ်းအားနောက်တွင် အဓိ ကမောင်း နှင်ပေးသောအတတ်ပညာသည် ကုန်ထုတ်စွမ်းအားကို ပိုင်းဖြတ်နိုင်စွမ်း ရှိသည်ကားအမှန်ဖြစ်သည်။ ထိုအတတ်ပညာများအတွက် အတတ်ပညာ ရရှိနိုင်သောဇာစ်မြစ်သည်ကား ကျောင်းအပါအ၀င် ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများပင်ဖြစ်တော့သည်။ တိုင်းပြည်တစ်ပြည်တိုးတက် ရန်အတွက်ဆိုသည်မှာ လူတစ်ဦးချင်းစီအတွက် သင်ယူခဲ့သော အတတ် ပညာ ရပ်ဆိုင်ရာ ကျောင်းတက်ရောက်ခဲ့မှု Schooling နှင့် လုပ်အားဈေး ကွက် Labour Market တို့၏ ဆက်စပ်မှုသည် အလွန်အရေးကြီးသည်။ ပညာရေးနှင့် သက်ဆိုင်သော ဘောဂဗေဒလေ့လာမှုများတွင် ထိုသို့သော လူ တစ်ဦးချင်းစီ၏ အသက်မွေးဝမ်းကျောင်းအတွက် မည်သို့တတ်မြောက် ခဲ့သောပညာအရည်အသွေးနှင့် လုပ်ကိုင်နေသော လုပ်ငန်းခွင်အနေအထား တို့ကိုလေ့လာသုံးသပ်ခြင်းသာဖြစ်သည်။
ပညာရေးသည် ရင်းနှီးမြှုပ်နှံမှုသဘောသာဖြစ်သည်။
(Education as an investment)
ကုန်ထုတ်လုပ်ရာတွင် ကုန်ထုတ်စွမ်းအားစုများဖြစ်သော မြေယာ၊ လုပ်အား၊ အရင်းအနှီးနှင့် လုပ်ငန်းရှင်များရှိကြမည်ဖြစ်သည်။ မြေယာ နှင့် အရင်းအနှီးသည် ရုပ်ဝတ္ထုသာဖြစ်သည်။ ခံစားမှု Emotional လည်း မရှိ၊ စေ့ဆော်မှု Motivation လည်း မရှိသော ကုန်ထုတ်စွမ်းအားစုများ သာဖြစ်သည်။ သူတို့၏ တုံ့ပြန်မှုများသည် ပုံသေတုံ့ပြန်မှုများသာဖြစ်သည်။ သို့သော်လည်း ကျန်ကုန်ထုတ်သွင်းအားစုနှစ်ခုဖြစ်သော လုပ်အားနှင့် လုပ် ငန်းရှင်များတွင်မူ၊ ခံစားမှုလည်းရှိသည်။ စေ့ဆော်မှုလည်း ရှိမည်ဖြစ်သည်။ စီမံခန့်ခွဲမှုအခက်ဆုံးသော ကုန်ထုတ်စွမ်းအားစုများတွင် လူသည် အခက်အခဲ ဆုံးဖြစ်သည်။ ခက်ခဲရခြင်းမှာလည်း လူဖြစ်နေသော ကြောင့်ဖြစ်သည်။ လုပ်အားနှင့် လုပ်သားသည်လည်း ခွဲခြားမရသော ကြောင့်လည်းဖြစ်သည်။ လုပ်အားကို ရုပ်ဝတ်္ထုကဲ့သို့ စံချိန်စံညွှန်းချိန် ကိုက်ထားလို့မရ၊ စက်ပစ္စည်း လည်ပတ်သလို၊ နှုန်းထားသတ်မှတ်လို့ မရသောသဘောရှိပါသည်။ ထိုသို့ သတ်မှတ်မှုခက်ခဲသည့်အတိုင်းအတာ တွင်ပင် ထပ်မံအကဲဖြတ်သောအရာ က ထိုဝန်ထမ်း၏ ပညာတတ်မြောက်မှုအခြေအနေနှင့် ထိုပညာတတ်မြောက် မှုမှ မည်မျှအထိ ကျွမ်းကျင်သည့် အခြေအနေက ထပ်မံအကဲဖြတ်ပါသေး သည်။ အမှန်တကယ်သင်ယူပြီး၊ အမှန်တကယ်တတ်မြောက်မည်ဆိုပါက၊ ထိုတတ်မြောက်ထားသည့် ပညာနှင့်သက်ဆိုင်သောလုပ်ငန်းခွင်တွင် လုပ်ကိုင်ပြီး၊ လုပ်ငန်းခွင်လိုအပ် ချက်နှင့် ပြည့်စုံသောထုတ်လုပ်မှုအခြေ အနေကိုလည်း ပြည့်စုံနေမည်ဆိုပါက အလုပ်သမားများအနေဖြင့် ကုန်ထုတ် စွမ်းအား Productivity တိုး တက်မည်သာဖြစ်ပါသည်။ ထို့ကြောင့်လည်း အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးပြီး၊ အမှန်တကယ် တတ်မြောက်အောင် သင်ကြားနိုင်ရန်အတွက် လုံ့လ၀ီရိယစိုက်ထုတ်မှု၊ အချိန်ပေးနိုင်မှု၊ ငွေအင်အားနှင့် အခြားသောလိုအပ်ချက်များကို စိုက်ထုတ် ရင်းနှီးရမည်ဖြစ် သောကြောင့် လူစွမ်းအားအရင်းအနှီး Human Capital ဟု လည်း ခေါ်ကြခြင်းဖြစ်သည်။ ထိုလူ့စွမ်းအားအရင်းအနှီးအတွက်ပင် အခွင့် အရေးမရရှိ ပါကလည်း ကုန်ထုတ်စွမ်းအားလည်း မြင့်တက်လာစရာ အကြောင်းရှိ မည်မဟုတ်ပါ။ သို့သော်လည်း ထိုသို့လူ့စွမ်းအားအပေါ်တွင် စိုက်ထုတ် ရသောအရင်းအနှီးကို ရင်းနှီးရမှန်းမသိသော အရင်းအနှီး အဖြစ်လည်း သတ်မှတ်မှားနေကြပြန်သောကြောင့်လည်း နားလည်ရန်လို အပ်လာသည်။ လူ့စွမ်းအားအရင်းအနှီးဟု ကြီးကျယ်သောစကားလုံး၊ လှပသော စကားလုံးများဖြင့် တန်ဆာဆင်သော်လည်း အမှန်အားဖြင့် ပညာရေးနှင့် ဗဟုသုတရှာမှီးရေးအတွက် အချိန်ပေးမှု၊ ငွေပေးမှု၊ ခွန်အား စိုက်ထုတ်မှု တို့ကိုသာ အဓိကရည်ညွန်းခြင်းဖြစ်သည်။
အကြောင်းနှင့် အကျိုး ပညာရေးရင်းနှီးမြှုပ်နှံမှု
• လူတိုင်းအတွက် ပညာရေးဆိုသည်မှာ မရှိမဖြစ်လိုအပ်သောအရာ ဆိုသည့်သဘောကို လူတိုင်းသဘောပေါက်ရန်လိုသည်။
• လူ့ဘ၀တွင် အခြားတိရစ္ဆာန်များထက်လိုအပ်သောအချက်မှာ ထို ပညာရေးသင်ယူမှုပင်ဖြစ်သည်။ အလိုလိုတတ်မြောက်သွားသည်။ အတုမြင် လို့ အတတ်သင်သဘောများသည် ပညာရေးတွင် အမှတ် မမှားစေရန် လို အပ်သည်။
• ပညာရေးနှင့်ပတ်သက်သော အချိန်ပေးရမှု၊ ငွေပေးရမှု၊ ကိုယ်တိုင် အပင်ပန်းခံရမှု စသည်တို့သည် မဖြစ်မနေစိုက်ထုတ်ရင်းနှီးရမည့် အရင်း အနှီးများအဖြစ် ခံယူနိုင်ရမည်ဖြစ်သည်။ လုပ်ငန်းခွင်များ တွင် ရုပ်ဝတ္ထုများ၊ စက်ပစ္စည်းများ ရင်းနှီးမြှုပ်နှံသလို၊ ရင်းနှီးမြှုပ်နှံ ရမည့်အရာဆိုသည့်အချက် ကို သဘောပေါက်နားလည်ရန် လိုအပ်သည်။
• ပညာရေးတွင် ထိုသို့ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကုန်ထုတ်စွမ်းအား Productivity တိုးတက်စေသည်ဟူသောအယူအဆကို လက်ခံနိုင်ရ မည်ဖြစ် သည်။ မှန်ကန်ကြောင်းလည်း သက်သေပြနိုင်ရမည်ဖြစ်သည်။
• ပညာရေးအပေါ်တွင် ရင်းနှီးမြှုပ်နှံမှုကို ကာလ၊ နေရာ၊ အချိန်၊ မှန်ကန် စွာပြုလုပ်နိုင်မည်ဆိုပါက ထိုရင်းနှီးမြှုပ်နှံမှုများမှ ပြန်ရသော ပြန်ရချက် return on investment သည်လည်း မြင့်မားပြီး ၀င်ငွေ ရရှိမှုလည်း မြင့်မား လာနိုင်မည့် အလားအလာများကိုလည်း နားလည်နိုင်စွမ်းရှိရမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုစရိတ်များ (Investment costs)
ပညာရှာပမာ သူဖုန်းစားဟူသောစကားလည်းရှိပါသည်။ ပညာရွှေအိုး လူမခိုးဆိုသောစကားလည်း ရှိပါသည်။ ပညာရဲရင့်ပွဲလယ်တင့်ဟူ သော စကားလည်းရှိပါသည်။ ယင်းသည်ပညာရေးရင်းနှီးမြှုပ်နှံမှုများ၏ အကြောင်းနှင့် အကျိုးများကို ရည်ညွှန်းနေသလိုဖြစ်သည်။ ပညာရှာပမာ သူ ဖုန်းစားသည် ပညာရေးအတွက်တော့ ပညာလိုချင်လျှင် ငွေပေးရမည်။ မာန်မာနနှိမ့်ချတတ်ရပေဦးမည်။ ယင်းသည် ရင်းနှီးမြှုပ်နှံမှုသာဖြစ်သည်။ ငွေ မှသာ ရင်းနှီးမြှုပ်နှံမှုမဟုတ်ပါ။ လူမှုရေး၊ ယဉ်ကျေးမှုအရလည်း ရင်း နှီးမှုရှိရ မည့်သဘောဖြစ်သည်။ ပညာတစ်ရပ်အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက် သည် ငွေချည်းသာမဟုတ်သေးသည်ကို နားလည်ဖို့လိုပါမည်။
များသောအားဖြင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် အစိုးရ ပိုင်း ကသာသက်ဆိုင်သည်ဟု ဥရောပတိုင်းပြည်များတွင် သတ်မှတ်ထား ကြ သည်။ အာရှတွင် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုများသည် လူတစ်ဦး ချင်းနှင့်သာသက်ဆိုင်သည်ဟု သတ်မှတ်မှုများလည်းရှိပါသည်။ အမှန် အားဖြင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်းများသည် အစိုးရ လုပ်ဆောင်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ပြီး၊ ထိုအကောင်းဆုံး သော ရင်းနှီးမြှုပ်နှံမှုများကို တစ်ဦးချင်းက လိုလားနှစ်ခြိုက်နားလည်စွာ ရယူကြိုး စားနိုင်လျှင် အကောင်းဆုံးသာဖြစ်ပါမည်။ တစ်နည်းအားဖြင့် အစိုးရက ပံ့ပိုးပေးပြီး၊ လူများက မက်မက်မောမောသင်ယူကြမည်ဆိုလျှင် တိုင်းပြည် အတွက် ပညာရေးသည် အတက်ဘက်သို့သာ ဦးတည်နေမည် ဖြစ်သည်။ EU နိုင်ငံများတွင် ပညာရေးအတွက် အသုံးပြုမှုသည် GDP ၏ ၃% မှ ၈% အထိ သုံးစွဲကြသည်ကို တွေ့ရသည်။ ပျမ်းမျှခြင်းအားဖြင့် GDP ၏ ၅% လောက်သုံးစွဲကြသည်ကို တွေ့ရသည်။
ပညာရေးတွင် ထိုသို့ GDP မှ များများကျခံသုံးစွဲခြင်းကြောင့် အခွင့် အလမ်းစရိတ် Opportunity Costs များကို တွက်ချက်ကြခြင်းလည်း ရှိပါ သည်။ ပညာရေးစရိတ်များများသုံးစွဲလိုက်ခြင်းကြောင့် ကျောင်းတက်နိုင် မှု အခွင့်အလမ်းများလာသည်။ ကျောင်းတက်နိုင်မှု အခွင့်အလမ်းများ လာခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သောအလုပ်သမား များလည်းရှားသွားနိုင်သည့်သဘောကိုတင်ပြထားသည်များကိုလည်းတွေ့နေရသည်။ ထိုအခြေအနေကား ပညာသင်ကြားခွင့် အပြည့်အ၀ ရရှိထား ပြီးသောကြောင့်သာ ထိုသို့အခွင့်အလမ်းစရိတ်မျိုးကို တွက်ချက် နိုင်ခြင်းဖြစ် သည်။ ပညာသင်ကြားခွင့်အပြည့်အ၀လည်းမရရှိ၊ စားဝတ် နေရေးနှင့် ပတ်သက်ပြီး ရုန်းကန်နေရသောဘ၀မျိုးနှင့်နိုင်ငံများအတွက် တော့ ထိုသို့သော အခွင့်အလမ်းမျိုးတွက်ချက်နိုင်မည်မဟုတ်သေးပါ။ ပညာရေး အတွက် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များတွက်ချက်ရာတွင် အစိုးရပိုင်း အနေဖြင့်ရော၊ ပညာသင်ကြားသူ တစ်ဦးချင်းအပိုင်းရော၊ အသီးသီး အခွင့် အလမ်းစရိတ်များရှိကြမည်သာဖြစ်သည်။ ထိုအခွင့်အလမ်း စရိတ်များကို ထည့်သွင်းတွက်ချက်မည်ဆိုလျှင် ပညာရေးအတွက် ရင်းနှီး မှုစရိတ် သည် ငွေကြေးအရကုန်ကျသည်ထက်ပိုမိုများလာနိုင်စရာအ ကြောင်း ရှိပါသည်။

Comments
Post a Comment