ယုံကြည်မှုဖြင့် အောင်မြင်မှုကိုတည်ဆောင်ပါ ဖူးကျော်ဇင် (Future Wave) vol.2,no.31


ယုံကြည်မှုဟာ အောင်မြင်မှုကို ဖြစ်စေပါတယ်။ အဖွဲ့အစည်းတစ်ခု ကို ဦးစီးဦးဆောင်ပြုနေတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေဖို့ အထူးလိုအပ်ပါတယ်။ အဖွဲ့ကို ဦးဆောင်နိုင် ပါ့မလား၊ ဖြစ်မှဖြစ်ပါ့မလား၊ အောင်မြင်နိုင်ပါ့မလား၊ အဆင်ပြေနိုင်ပါ့မလားစ သဖြင့် သံသယအတွေးတွေ ခေါင်းထဲမှာဝင်နေရင် လုံးဝဖယ်ရှား ထားဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်ကယုံကြည်မှုအား နည်းနေမယ်ဆိုရင်ဘယ်လိုနည်းနဲ့မှအဖွဲ့သားတွေကို စိတ်ဓါတ်ခွန်အား တွေပေးနိုင်မှာမဟုတ်ပါဘူး။ သတ်္တိတွေပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင်တော့ အဖွဲ့အစည်းဟာဘယ်လိုမှ တိုးတက်အောင်မြင်မှာ မဟုတ်ပါဘူး။
ခေါင်းဆောင်ရဲ့ ယုံကြည်စိတ်ပြင်းပြမှုဟာ နောက်လိုက်တွေဆီကို ကူးစက်စေနိုင်ပါတယ်။ ဒီလိုပါပဲခေါင်းဆောင်ရဲ့တွေဝေမှုနဲ့ သံသယစိတ်တွေ ဟာလည်း နောက်လိုက်တွေကိုကူးစက်စေမှာပါပဲ။ ဘာကြောင့်လည်း ဆိုတော့ ခေါင်းဆောင်ရဲ့စိတ်ဟာ အဖွဲ့အစည်းအပေါ် လွှမ်းမိုး သက်ရောက်နေလို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ယုံကြည်မှုဟာ အဖွဲ့အစည်း တစ်ခုလုံးကို ယုံကြည်မှုတည်ဆောက်ပေးနိုင်ဖို့ အခရာပါပဲ။

ခေါင်းဆောင်တိုင်းရဲ့အဓိကတာဝန်ဟာမိမိဦးဆောင်ရာအဖွဲ့အစည်း ကို အောင်မြင်မှု ပန်းတိုင်ဆီသို့ အရောက်ပို့ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ပန်းတိုင်ကို အောင်မြင်စွာမောင်းနှင်နိုင်ဖို့ အဓိကတွန်းအားကတော့ ဖြစ် ကိုဖြစ်ရမယ်၊ အောင်ကိုအောင်မြင်ရမယ်ဆိုတဲ့ယုံကြည်မှုပါပဲ။ ဒီလိုယုံကြည် မှုဟာ ခေါင်းဆောင်တစ်ဦးတည်းသာမကနောက်လိုက်တွေ အားလုံးမှာပါ အပြည့်ရှိနေရပါလိမ့်မယ်။  အောင်မြင်မှုကိုလိုချင်ရင် "သံသယစိတ်" တွေပွားနေမယ့်အစား "ယုံကြည်စိတ်"တွေ၊ "အောင်စိတ်" တွေကို ခေါင်းဆောင်ရော နောက်လိုက်တွေပါ မွေးမြူရမှာပါ။
ယုံကြည်မှုနဲ့ ပတ်သက်လာရင် မိမိကိုယ်ကို ယုံကြည်ခြင်း၊ အများကို မိမိက ယုံကြည်ခြင်း၊ အများက မိမိကိုယုံကြည်ခြင်းဆိုပြီး အမျိုးမျိုးရှိပါ တယ်။ ခေါင်းဆောင်လုပ်သူဟာကိုယ်တိုင်လည်းယုံကြည်မှုရှိရမယ်။နောက် လိုက်တွေကိုလည်းစိတ်ချယုံကြည်ရမယ်။ နောက်လိုက်တွေရဲ့ ယုံကြည် မှုတွေရအောင်လည်းပြုလုပ်နိုင်ရပါမယ်။

အဖွဲ့အစည်းအတွင်းမှာ သံသယအတွေးတွေ၊ စကားလုံးတွေဟာ အန္တရာယ်ရှိတဲ့အရာတွေပါပဲ။ ခေါင်းဆောင်ကနောက်လိုက်တွေကို မယုံ ကြည်ရင် နောက်လိုက်တွေကလည်းခေါင်းဆောင်ကိုယုံကြည်မှာ မဟုတ် ပါဘူး။ အပြန်အလှန် ယုံကြည်မှုတွေမရှိမှတော့အဖွဲ့အစည်းဟာ ပြိုလဲဖို့ပဲ ရှိတော့မှာပေါ့။ ဒါကြောင့် အောင်မြင်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာစေဖို့ဆိုရင် ယုံကြည်မှုတွေနဲ့ မိမိကိုယ်ကို ၀န်းရံထားရပါမယ်။

ခေါင်းဆောင်ဟာ အဖွဲ့အစည်းနဲ့ ပတ်သက်လာသမျှ ကိစ္စအ၀၀ကို တာဝန်ယူနိုင်တယ်၊ ပြဿနာတွေ ရှိလာရင်လည်း ဖြေရှင်းနိုင်တယ်၊ ဖြစ်လာ သမျှကိုယုံကြည်မှုအပြည့်နဲ့သတိ္တရှိရှိရင်ဆိုင်ရဲတယ်၊ အဖွဲ့သားတွေ ယုံကြည်စိတ်တွေဖြစ်လာစေရန်ပျိုးထောင်ပေးနိုင်တယ်ဆိုရင် အဖွဲ့သားတွေ ရဲ့လေးစားခြင်းနဲ့ယုံကြည်ခြင်းတွေကို အပြည့်အ၀ရရှိလာပါလိမ့်မယ်။ အဖွဲ့သားတွေကခေါင်းဆောင်အပေါ်လေးစားယုံကြည်လာမှ ခေါင်း ဆောင်ရဲ့သွန်သင်ဆုံးမသြ၀ါဒတွေနဲ့ညွှန်ကြားမှုတွေကိုလိုက်နာဆောင် ရွက်ကြမှာဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်သူကကိုယ့်ကိုယ်ကိုမယုံကြည်၊ တာဝန်လည်းမယူရဲ၊ ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာလည်းတွေဝေ၊ သံသယစိတ်တွေက လည်းပွားဆိုရင်တော့ နောက်လိုက်အဖွဲ့သားတွေရဲ့ ယုံကြည်မှုတွေလည်း ဆုံးရှုံးလာမှာပါပဲ။ ခေါင်းဆောင်အပေါ်ယုံကြည်မှုမရှိမှတော့ ခေါင်းဆောင်ရဲ့ အကြံဉဏ်တွေ၊ အမိန့်ပေးချက် ညွှန်ကြားချက်တွေကိုလည်း လေးစား လိုက်နာကြတော့မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာရင် အောင်မြင်မှု ပန်းတိုင် ရနိုင်ဖို့ အလွန်ခဲယဉ်းသွားပါလိမ့်မယ်။

ဒါကြောင့် ခေါင်းဆောင်ရဲ့ယုံကြည်စိတ်ဟာ အဖွဲ့အစည်းအပေါ် သက်ရောက်မှုပြင်းထန်တယ်လို့ဆိုရတာပေါ့။ သင်ဟာအဖွဲ့အစည်းတစ်ခု၊ ဌာနတစ်ခုရဲ့ ဦးဆောင်သူဖြစ်နေပြီဆိုရင်ဘယ်တော့မှ အပျက်သဘော အတွေးတွေ၊ သံသယစိတ်တွေကိုမမွေးမြူပါနဲ့။ ရှိနေရင်လည်း အခုချက်ချင်း ဖယ်ထုတ်ပစ်ဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်တွေရဲ့ အတွေးတွေ၊ စိတ်ဓါတ်တွေဟာအပျက်သဘောမဆောင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။
အဖွဲ့အစည်းရဲ့ ပန်းတိုင်တိကျသေချာမှု ရှိခြင်းမရှိခြင်းဟာလည်း ယုံကြည်မှုနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အဖွဲ့အစည်းက ဘယ်ကို ဦးတည်နေလည်းမသိ၊ ဘယ်လိုပန်းတိုင်ဆီကိုချီတက်နေမှန်းမသိ ရင်တော့ ခေါင်းဆောင်ရောနောက်လိုက်ပါယုံကြည်မှုတွေနည်းလာပြီး စိတ်ဓါတ်တွေ ကျလာမှာဖြစ်ပါတယ်။ ဒါကြောင့်ခေါင်းဆောင်တိုင်းဟာ တိကျသေချာမှုရှိတဲ့ ပန်းတိုင်တွေကို ခိုင်မာစွာချမှတ်တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီပန်းတိုင်တွေဆီကို ရောက်ကိုရောက်ရမယ်ဆိုတဲ့ ယုံကြည် မှုလည်း အရေးကြီးပါတယ်။

ခေါင်းဆောင်တိုင်းဟာ  "မဖြစ်နိုင်ပါဘူးကွာ" လို့ တွေးနေမယ့် အစား "ဖြစ်အောင်ဘယ်နည်းနဲ့လုပ်ရမလဲ" ဆိုတာ တွေးတောဖို့လိုပါ တယ်။ "ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့ ယုံကြည်မှုလည်းထားရှိပါ။ "ဘယ်လောက်ထိ အောင်မြင်ချင်စိတ်ပြင်းပြသလဲ" ဆိုတာကို ခံစားကြည့်ပါ။ ပြီးရင်အောင်မြင်ခြင်းအပေါ်မှာအာရုံစိုက်ထားပြီး ယုံကြည်စွာနဲ့ တစိုက် မတ်မတ်လုပ်ဆောင်ပါ။ ဒါဆိုရင်အောင်မြင်မှုတွေကို လက်ဝယ်ပိုင်ဆိုင်ရမှ လုံးဝအသေအချာပါပဲ။

"လောကမှာမဖြစ်နိုင်တာဘာမှမရှိပါဘူး။ မဖြစ်သေးတာပဲ ရှိပါတယ်။" အောင်မြင်ကျော်ကြား ထိပ်တန်း ခေါင်းဆောင်တိုင်းဟာ ဒီလိုပဲတွေးလေ့ရှိကြပါတယ်။ တစ်ဖွဲ့သားလုံးဟာ ယုံကြည်မှုအပြည့်နဲ့ တက်ညီလက်ညီ ကြိုးစားအားထုတ်ကြရင် အောင်မြင်မှုတွေ လွယ်ကူ စွာရရှိလာမှာကျိန်းသေပါတယ်။ ဒါကြောင့်သံသယ အတွေးအခေါ်တွေ ကို ဖယ်ထုတ်၊ အောင်မြင်တိုးတက်ရေးကို အာရုံစိုက်၊ ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်စိတ်သွင်း၊ ပြီးရင်အဖွဲ့အစည်းရောက်ချင်တဲ့အောင်မြင်မှုပန်းတိုင် ဆီကိုသင့်အဖွဲ့သားတွေနဲ့အတူလျှောက်လှမ်းလိုက်ပါတော့ဟု တိုက်တွန်း ပါရစေ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

Comments

Popular posts from this blog