ဘ၀အောင်မြင်ရေးနှင့် အလုပ်အကိုင်ရွေးချယ်မှု လင်းသိုက်ညွန့်(မြန်မာမြေ) vol.2,no.33
လူသားဟူ၍ ဖြစ်လာပါက အလုပ်အကိုင် တစ်ခုခုကို
မဖြစ်မနေလုပ်ကိုင် ကြရမည် ဖြစ်သည်။ အလုပ်အကိုင်ဟူသည် မိမိတို့၏ ဘ၀ရပ်တည်မှု
အသက်မွေးဝမ်းကျောင်းအတွက်သာမက မိမိတို့၏ပုံရိပ် (Image)၊
မိမိတို့၏ဂုဏ်သိက္ခာ တို့နှင့်လည်း များစွာဆက်စပ်ပတ်သက်နေသည် ဖြစ်ရာ
ဘ၀အောင်မြင်တိုးတက်ရေးအတွက် အလုပ်အကိုင်ရွေးချယ်မှုမှာ များစွာ အခရာကျ
လာသည်။
ယနေ့လူငယ်တော်တော်များများ စာရေးသူကို မေးလေ့ရှိကြ သည့်မေးခွန်းများမှာ-
“မိမိတို့နှင့် ဘယ်လိုအလုပ်အကိုင်မျိုးက အသင့်တော်ဆုံးလဲ”
“မိမိတို့ဘ၀ ဖွံ့ဖြိုးတိုးတက်အောင်မြင်ဖို့အတွက် ဘယ်လိုအလုပ်အကိုင်မျိုးကို ရွေးချယ်ရမလဲ”
“မိမိတို့နှင့် သင့်လျော်ကိုက်ညီသည့် အလုပ် အကိုင်မျိုးကို ဘယ်လိုရွေးချယ်ရမလဲ”
စသည်တို့ ဖြစ်သည်။
စာရေးသူ၏ လုပ်ငန်းသဘောသဘာဝအရ စာရေးသူအနေဖြင့် ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့ အစည်းများအတွက် Corporate Training များ ပို့ချပေးရသည်ဖြစ်ရာ ၀န်ထမ်းအတော်များများ နှင့် ထိတွေ့ဖြစ်သည်။
စာရေးသူတို့ဆီမှ ၀န်ထမ်းအများစုမှာ “သောကြာနေ့ရောက်လျှင် အင်မတန်ပျော်ကြသည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်တော့မှာမို့ လို့ ဖြစ်သည်။ ဟော..တနင်္ဂနွေနေ့ည ရောက်လျှင်တော့ ကြက်ကြီးတွေလည် လိမ်ထားတဲ့အတိုင်း တမှိုင်မှိုင်တတွေတွေ ဖြစ်ကုန်ကြသည်။ တနင်္လာနေ့ ရုံးပြန်ဖွင့်တော့မှာမို့ အင်မတန်စိတ်ညစ်ကြသည်တဲ့။ ပြီးတော့ ..ဒါက ဒီအတိုင်းမနေသေး။Facebook ပေါ်အထိ တက်လာသည်။ Status တွေမှာ ရေးထားတာလည်း ကြည့်ဦး ... “မနက်ဖြန်ရုံးဖွင့်တော့မယ် ..စိတ်ညစ်လိုက်တာ” ဟူသတဲ့။
သည်လိုစိတ်ထား (Mind set) မျိုးများဖြင့် ဆောင်ရွက်လုပ်ကိုင်နေ လျှင်တော့ ဘ၀မှာ မည်သည့်နည်းနှင့်မျှ ထိပ်တန်းရောက် အောင်မြင်ဖို့ ရာ မဖြစ်နိုင်ပါ။ သို့ဖြစ်၍ လူငယ်များက စာရေး သူကို-
“ကိုယ်Talent ပါတဲ့အလုပ်အကိုင်ကို ဘယ်လိုရွေးချယ်လုပ်ကိုင်ရမလဲ”
ဆိုတဲ့မေးခွန်းကို မေးလာတဲ့အခါတိုင်း စာရေးသူ ပြန်လည်ဖြေကြားလေ့ရှိသည်မှာ-
“ဘ၀မှာ ကိုယ့်ရဲ့စိတ်ထဲက လုပ်နေတယ်လို့ တောင် မထင်ရတဲ့အလုပ်၊ လက်မှာပတ်ထား တဲ့နာရီကို မကြည့်မိလောက်အောင် တရှိုက် မက်မက်လုပ်ဖြစ်တဲ့အလုပ်”
အဲ့သလိုအလုပ်မျိုးကို ရွေးချယ်ပြီး လုပ်ကိုင်ပါ။ သေချာပေါက် ထိပ်တန်းရောက် အောင်မြင် ပါလိမ့်မယ် ဟူ၍ ဖြစ်ပါတယ်။
လူဆိုတာ ကိုယ်ဗီဇ၀ါသနာ (Talent) ပါတဲ့ အလုပ်အကိုင်မျိုး ကိုရွေးချယ်လုပ်ကိုင်နိုင်မှ အောင်မြင်မှာပါ။ ဒီနေရာမှာ 'Talent' ဆိုတာ ဘာကိုပြောတာလဲဆိုပြီး မေးစရာရှိလာပါတယ်။ Talent ဆိုတာမွေး ကတည်းက ကိုယ်က သူများ ထက်သာအောင် လုပ်နိုင်တဲ့အရာတွေ မှန်သမျှ ကို ဆိုလိုတာပါ။ ဥပမာ-ကိုယ်က မွေးကတည်း က သူများထက်ပိုပြီး သီချင်းဆိုတတ်တယ်။ က, တတ်တယ်။ ပန်းချီဆွဲတတ်တယ်။ ဒါတွေဟာTalent တွေပါပဲ။ Talent ဆိုတာ မွေးကတည်းက ကိုယ့်မှာ အတိုင်းအတာတစ်ခုအထိ ပါလာပြီး သားဖြစ်တဲ့အတွက် သင်ယူလေ့လာ အားထုတ် လုပ်ကိုင်လိုက်တဲ့အခါ ထိပ်တန်းရောက်အောင်မြင်လာနိုင် တဲ့သဘော ဖြစ်ပါတယ်။
လူတစ်ယောက်အနေနဲ့ ဘ၀မှာ အောင်မြင် ဖို့ အသက်မွေး ၀မ်းကျောင်းအလုပ်အကိုင် ရွေး ချယ်တဲ့နေရာ မှာ ဖော်ပြပါပုံအတိုင်းရွေး ချယ် နိုင်ဖို့ လိုအပ်ပါတယ်။လူတစ်ယောက်အနေနဲ့ အလုပ်အကိုင်ရွေး ချယ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့်အချက် ၃ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့ ..
(၁) စိတ်ပါဝင်စားမှု (Interest)
မိမိလုပ်ကိုင်မယ့်အလုပ်အကိုင်မှာ စိတ်ပါ ၀င်စားဖို့၊ လုပ်ကိုင်ချင်စိတ်၊ သင်ယူချင်စိတ်၊ တီထွင်ဖန်တီးချင်စိတ်ရှိဖို့ လိုအပ်ပါတယ်။
(၂) ကိုယ်ရည်ကိုယ်သွေး (Personality)
စိတ်ဝင်စားရုံနဲ့ မရသေးပါဘူး။ မိမိလုပ်ကိုင် မယ့် အလုပ်အကိုင်မှာ လုပ်ကိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေး (ဥပမာ-အရပ်အမြင့်၊ ရုပ်ရည်)၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (ဥပမာ-စိတ်ရှည် သည်းခံနိုင်မှု၊ ယဉ်ကျေးပျူငှာမှု) စတာတွေလည်းရှိဖို့ လိုအပ်ပါတယ်။
(၃) တတ်ကျွမ်းဆောင်ရွက်နိုင်မှု (Skills & Abilities)
ဒါကတော့ အရေးအကြီးဆုံးပါ။ မိမိမှာ အလုပ်တစ်ခုကို လုပ်ကိုင်ဖို့ စိတ်ပါဝင်စားမှုလည်း ရှိတယ်။ လိုအပ်တဲ့ Personality တွေလည်းပြည့်စုံ ပြီဆိုရင် အဲဒီအလုပ်ကို လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေ၊ တတ်ကျွမ်းမှု တွေလည်း ရှိဖို့ လိုအပ်ပါတယ်။
ဒီအချက် ၃ ချက်ဟာ ပုံမှာပြထားတဲ့အတိုင်း အလယ်မှာ ဆုံနေတဲ့နေရာမျိုးမှာရှိတဲ့ အလုပ် အကိုင်မျိုးကို ရွေးချယ်လုပ်ကိုင်နိုင်ပါက မုချ အောင်မြင်လာနိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ရွေးချယ်ပြီး အောင်မြင်မှုဆီကို ချီတက်ကြပါစို့။ှနန
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

Comments
Post a Comment