ခေါင်းဆောင်

ခေါင်းဆောင်တိုင်းပြုလုပ်ရမည့်အရာ (ပြဿ နာများဖြေးရှင်းခြင်း) အပိုင်း-၂ ဖူးကျော်ဇင် (Future Wave) vol.2,No.41


ပြဿ     နာတွေအပေါ် ခေါင်းဆောင်တွေရှုမြင်ကြတဲ့ အပြုသဘော အကြောင်း ကိုပြီးခဲ့တဲ့အပတ်ကဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ခေါင်းဆောင် တိုင်းမဖြစ်မနေလုပ်ဆောင်ရမယ့် ပြဿ     နာဖြေရှင်း ခြင်းနည်း လမ်းကောင်းတွေကိုသိရှိရမှာပါ။
    ပြဿ     နာဆိုတာ ခေါင်းဆောင်တိုင်း မတွေ့မဖြစ် ရင်ဆိုင်ကြုံတွေ့ ရမယ့် ဖြစ်စဉ်တစ်ခုပါပဲ။ ပြဿ     နာတွေရှိလို့သာ ဒီပြဿ     နာတွေကို ရှာဖွေ ဖော်ထုတ်ပြီး ဖြေရှင်းကြတဲ့အတွက် ခေါင်းဆောင်တွေ ဖြစ်ပေါ်လာ ကြတာဖြစ်ပါတယ်။ အမှန်တော့ ပြဿ     နာဆိုတာ ခေါင်းဆောင်တွေကို ဖွားမြင်စေတဲ့အရာသာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပြဿ     နာ များဖြေရှင်းခြင်း (Problem Solving) ဆိုတာ ခေါင်းဆောင်တိုင်းအတွက် အဓိကအကျဆုံး လုပ်ငန်းစဉ်တစ်ရပ်ပဲဖြစ်ပါတယ်။

    ပြဿ     နာကို အောင်မြင်စွာ ဖြေရှင်းနိုင်တဲ့ခေါင်းဆောင်ဟာ အောင်မြင် တဲ့ခေါင်းဆောင်တစ်ယောက်ပါပဲ။ ခက်ခဲတဲ့ပြဿ     နာကို ဖြေရှင်းနိုင်လေ ထူး ချွန်တဲ့ ခေါင်းဆောင်ဖြစ်လေ၊ ကြီးမားတဲ့ ပြဿ     နာကို ဖြေရှင်း နိုင်လေ ကြီး ကျယ်တဲ့ ခေါင်းဆောင်ဖြစ်လေပါပဲ။ ပြဿ     နာတွေ မကြုံ တွေ့သေး သရွေ့ ခေါင်းဆောင်မှုအစွမ်းကို ပြလို့မရနိုင်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်သဘောကျတဲ့ စကားပုံလေးတစ်ခုရှိပါတယ်။ “တည်ငြိမ်နေတဲ့ ပင်လယ်ပြင်ကြီးပေါ်မှာတော့ သင်္ဘောကို ဘယ်သူမဆို ပဲ့ကိုင် နိုင်လိမ့်မယ်” တဲ့။ ဟုတ်ပါတယ်။ လေမုန်တိုင်းနဲ့တိုးပြီး လှိုင်းထန်နေတဲ့ ပင်လယ်ပြင် ကြီးပေါ်မှာတော့ အရည်အချင်းနဲ့ သတ်္တိရှိတဲ့ ခေါင်းဆောင် ကောင်း ကပ္ပတိန် ကသာ ပဲ့ကိုင်နိုင်မှာပါ။

    ဒီလိုပါပဲ။ အရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတိုင်းဟာ မုန်တိုင်းထန်နေတဲ့ကြားကပဲ ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် ကောင်းစွာ ပဲ့ကိုင်ဦးဆောင်နိုင်ကြပါတယ်။ တိုးတက်လှုပ်ရှားမှုရှိတဲ့ အဖွဲ့အစည်း မှန်ရင် ပြဿ     နာကတော့ ရှိကိုရှိမှာပါပဲ။ ဘာပြဿ     နာမှမရှိဘူးဆိုရင်တော့ အဲဒီအဖွဲ့အစည်း အလုပ်မလုပ်သေးလို့ပါပဲ။ ဒါကြောင့် အဖွဲ့အစည်း တွေ ကို ခေါင်းဆောင်မှုပေးမယ့်သူတိုင်းဟာ တိုးတက်လှုပ်ရှားအောင် ဆောင် ရွက်နေတဲ့ကြားက ကြုံတွေ့လာမယ့် ပြဿ     နာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတဲ့ နည်းလမ်းတွေကို သိရှိလေ့လာထားရပါလိမ့်မယ်။ ဒီလိုဖြေရှင်းပေးနိုင် မှလည်း ခေါင်းဆောင်ရဲ့ တာဝန်ကျေပွန်ပြီး လုပ်ငန်းလည်း အထူးတိုးတက် လာမှာဖြစ်ပါတယ်။

ပြဿ     နာဆိုတာဘာလဲ
    ကျွန်တော်တို့အားလုံး အမြဲတစေကြားနေရတဲ့ အကျယ်လောင်ဆုံး အသံကတော့ ပြဿ     နာပဲကွာ၊ ပြဿ     နာတော့ တက်ပြီ၊ ပြဿ     နာမရှာနဲ့၊ ပြဿ   နာမဖြစ်စေနဲ့ စတဲ့ ပြဿ     နာ ပြဿ     နာ ဆိုတာပါပဲ။ ဒီတော့ ပြဿ     နာဆိုတာ ဘာကို ခေါ်တာပါလဲ။ ပြဿ     နာကို မရှင်းခင်အရင်ဆုံး ပြဿ     နာဆိုတာကြီးကို သိမှဖြစ်မှာပါ။ ကဲ ပြဿ     နာဆိုတာ ဘာလဲ။

    တကယ်တော့ ပြဿ     နာဆိုတာ ကိုယ်ရချင်၊ ဖြစ်ချင်တဲ့အရာတွေ ကို ဖြစ်အောင်လုပ်ဆောင်တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ အနှောင့်အယှက်၊ အဟန့်အတား၊ အခက်အခဲ၊ အတားအဆီးတွေကို ခေါ်တာပါပဲ။ အဖွဲ့ အစည်းတွေအနေနဲ့ပြောမယ်ဆိုရင်တော့ ကိုယ့်အဖွဲ့ရဲ့ ရည်မှန်းချက်ပန်း တိုင်တွေဆီရောက်ရှိအောင် လုပ်ဆောင်တဲ့အခါမှာ ပန်းတိုင်ရောက်ရေး ကို ဟန့်တားနေတဲ့ အနှောင့်အယှက်မှန်သမျှအရာတွေဟာ ပြဿ     နာတွေပါပဲ။ အဖွဲ့အစည်းရဲ့ပန်းတိုင်ကို ချီတက်နေတဲ့ လမ်းခရီးမှာ ကြုံတွေ့ ရတတ် တဲ့ နှောင့်ယှက်တားဆီးမှုမှန်သမျှဟာ ပြဿ     နာတွေဖြစ်ပါတယ်။

    ခေါင်းဆောင်မှုရဲ့ ဖြစ်စဉ်ဟာ နောက်လိုက်တွေနဲ့အတူပန်းတိုင်ဆီ
 ရောက်အောင် ချီတက်ကြတဲ့ဖြစ်စဉ်ပါ။ နောက်လိုက်တွေများရင် များ လို နောက်လိုက်ပြဿ     နာတွေလည်း ကြုံရမှာပါ။ ပန်းတိုင်က မြင့်မား ကြီးကျယ် ရင်လည်း ကြုံတွေ့ရမယ့် အနှောင့်အယှက် ပြဿ     နာတွေက ပိုမို များပြားရှုပ်ထွေးလာနိုင်ပါတယ်။ ပန်းတိုင်ကို ချီတက်တဲ့ ခရီးလမ်းက ရှည် ကြာရင်လည်း အခက်အခဲအတားအဆီးတွေကို များများတွေ့ ကြုံရမှာ ဖြစ် ပါတယ်။

    ဘယ်လိုပဲဖြစ်ပါစေ၊ ခေါင်းဆောင်လုပ်သူဟာ ပန်းတိုင်ကိုသာ ရှေးရှု ပြီး အနှောင့်အယှက်တွေကို ရှင်းနိုင်ရမယ်၊ အခက်အခဲတွေကိုကျော်ဖြတ် နိုင် ရမယ်၊ ပြဿ     နာတွေကို ဖြေရှင်းနိုင်ရပါလိမ့်မယ်။ ဒီလိုတာဝန်ယူပြီး ဖြေရှင်း ရဲတဲ့ သတ်္တိအရည်အချင်းရှိလို့သာ သာမန်နဲ့မတူဘဲ ခေါင်းဆောင် တွေဖြစ်နေ ရတာပေါ့။

ပြဿ     နာကို ခွဲခြမ်းစိတ်ဖြာပါ
    ခေါင်းဆောင်တို့ ရင်ဆိုင်ဖြေရှင်းဖို့ ပြဿ     နာတွေ ကြုံတွေ့ပြီဆိုရင် ဘာပြဿ     နာလဲဆိုတာ သိနေဖို့အတွက် ပြဿ     နာကို ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်။ ပြဿ     နာတွေက အမျိုးအစားတွေ စုံလင်စွာရှိပေမယ့် အနှစ်ချုပ်လိုက်ရင် အဓိကပြဿ     နာဟာ နှစ်မျိုးသာရှိပါတော့တယ်။ ဒီ ပြဿ  နာ နှစ်မျိုးကတော့ -
(၁)     စိတ်ပိုင်းဆိုင်ရာ ပြဿ     နာ (Psychological Problems) နဲ့
(၂)     ရုပ်ပိုင်းဆိုင်ရာ ပြဿ     နာ (Physical Problems) တွေပဲဖြစ်ပါတယ်။
    စိတ်ပိုင်းဆိုင်ရာ ပြဿ     နာဆိုတာတော့ လူသားတွေရဲ့ စိတ်ပိုင်းခံ စားချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿ     နာတွေပါ။ စိတ်နေသဘောထား၊ ခံယူချက်တွေ၊ ယူဆချက်တွေ၊ ထင်မြင်ချက်တွေကနေ အခြေခံပြီး ပေါ် ထွက် လာတဲ့ ပြဿ     နာတွေပါပဲ။ ဒီစိတ်ပိုင်းမှာ ဖြစ်လေ့ရှိကြတဲ့ ပြဿ     နာတွေ ကတော့ စိတ်မကျေနပ်မှုတွေ၊ နာကြည်းချက်တွေ၊ တောင်း ဆိုချက်တွေ၊ ဆန္ဒဖော်ထုတ်ပြသမှုတွေ၊ ကလန်ကဆန် ဆန့်ကျင့်လုပ်မှုတွေ၊ သွေးထိုး လှုံ့ဆော်မှုတွေ၊ အဖျက်စိတ်တွေ သွေးကြွလာမှုတွေ၊ စိတ်အနှောင့် အယှက်ပေးမှုတွေ စတာတွေပဲဖြစ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ ပြဿ     နာကတော့ ရုပ်ဝတ္ထုတွေပေါ်မှာမူတည်တဲ့ အတားအဆီးတွေပါ။ ကုန်ထုတ်လုပ်မှုဆိုင်ရာ ပြဿ     နာတွေ၊ ကုန်ကြမ်း အခက်အခဲတွေ၊ လုပ်ငန်းဆိုင်ရာ စက်ကိရိယာ ပစ္စည်းတွေ၊ လျှပ်စစ်မီး တွေ၊ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ၊ သဘာဝ ဘေး အန္တရာယ်တွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ စတာတွေပေါ့။

    ဒါကြောင့် ပြဿ     နာတွေဖြစ်လာရင် ခေါင်းဆောင်တွေဟာ စိတ် ကြောင့်ဖြစ်တဲ့ ပြဿ     နာတွေလား၊ ရုပ်ကြောင့်ဖြစ်တဲ့ ပြဿ     နာတွေလား ဆိုတာ သုံးသပ်စဉ်းစားရပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဒီ ပြဿ   နာနှစ်ရပ်က အပြန်အလှန်ဆက်သွယ်နေတတ်တာကိုလည်း တွေ့ရ မှာဖြစ် ပါတယ်။ ရုပ်ပိုင်းပြဿ     နာကြောင့် စိတ်ပိုင်းပြဿ     နာတွေ ပေါ်လာ စေနိုင် သလို၊ စိတ်ပိုင်းပြဿ     နာကြောင့်လည်း ရုပ်ပိုင်းပြဿ     နာတွေ ဖြစ်လာစေနိုင် ပါတယ်။

    ဥပမာ - ရုပ်ပိုင်းဆိုင်ရာ စက်ကိရိယာတွေ မကောင်းမွန်တော့ လို့၊ ခေတ်မမီလို့၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့၊ ကုန်ကြမ်းတွေ မပြည့်စုံ မလုံလောက်လို့၊ ငွေကြေးမပြည့်စုံလို့ စိတ်ဓာတ်တွေကျလာပြီး စိတ်ပိုင်း ဆိုင်ရာ ပြဿ     နာတွေ ပေါ်ပေါက်လာနိုင်တာဖြစ်ပါတယ်။ ဒီလိုပါပဲ စိတ် ဓာတ် မကောင်းတဲ့အတွက် ရုပ်ဝတ္ထုပစ္စည်းတွေကို ပျက်စီးလေလွင့်စေတာ၊ ပျောက် ဆုံးတာ၊ ခိုးယူတာ၊ စံချိန်မီအောင် မထုတ်လုပ်နိုင်တာ စတဲ့ ပြဿ     နာတွေ လည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

    ဒါကြောင့် ပြဿ     နာတစ်ခုကို ဖြေရှင်းတော့မယ့် ခေါင်းဆောင်တိုင်း ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿ     နာဟာ ရုပ်ပိုင်းလား၊ စိတ်ပိုင်းလား၊ ရုပ်ကြောင့်ဖြစ်တဲ့ စိတ်ပြဿ     နာလား၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပြဿ     နာလား ဆိုတာ ခွဲခြမ်း လေ့လာရမှာ အဓိက အခြေခံပါပဲ။ ပြဿ     နာရဲ့ သဘော၊ အမျိုးအစားနဲ့ ရင်းမြစ်ကို မသိရင် ဖြေရှင်းရတာ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီအချက်တွေကို သေချာလေ့လာပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရ မလဲဆိုတဲ့ နည်းလမ်းပေါင်းစုံကို စဉ်းစားရမှာပါ။

ပြဿ     နာဖြေရှင်းပုံအစီအစဉ်
    ပြဿ     နာတွေကို ဖြေရှင်းတဲ့နေရာမှာ ခေါင်းအေးအေးထားပြီး အစီ အစဉ်အတိုင်း စနစ်တကျဖြေရှင်းသွားရန် အထူးအရေးကြီးပါတယ်။ ဒီ အစီ အစဉ်အတိုင်း ဆောင်ရွက်သွားတဲ့အခါမှာ အကောင်းဆုံး ဖြေရှင်း နိုင်မယ့် နည်းလမ်းတွေကို တွေ့ရှိလာမှာဖြစ်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ်။
၁။     ပြဿ     နာကို ရှာဖွေဖော်ထုတ်ပါ
    ရုပ်ပိုင်းပြဿ     နာလား၊ စိတ်ပိုင်းပြဿ     နာလား စတဲ့ ဖြစ်ပေါ်လာတဲ့ ပြဿ   နာကို သေချာသိရှိအောင် ဖော်ထုတ်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ
 ပြဿ     နာကို သေချာသိရှိဖို့အတွက် “ဘ” ခြောက်လုံးစနစ်ကို သုံးပြီး ဖော် ထုတ်ရမှာပါ။ “ဘ”ခြောက်လုံးဆိုတာကတော့ -
(၁)     ဘာပြဿ     နာလဲ (What)
(၂)     ဘယ်သူကြောင့် ပြဿ     နာပေါ်တာလဲ (Who)
(၃)     ဘာကြောင့် ပြဿ     နာဖြစ်ရသလဲ (Why)
(၄)     ဘယ်နေရာမှာ ဖြစ်တာလဲ (Where)
(၅)     ဘယ်အချိန်ဘယ်အခါမှာ ဖြစ်တာလဲ (When)
(၆)     ဘယ်အရာနဲ့ ပတ်သက်နေသလဲ (Which) တို့ဖြစ်ပါတယ်။
    ဒီလို “ဘ” ခြောက်လုံးနဲ့ သုံးသပ်မိပြီဆိုရင် ပြဿ     နာကို သေချာသိ လာပြီး အဖြေရှင်းဖို့အတွက် အဖြေတစ်ဝက်ရပြီလို့တောင် ဆိုလို့ရပါတယ်။ ဘာပြဿ     နာလဲသေချာသိမှ ဘယ်လိုဖြေရှင်းရမလဲဆိုတာသိမှာ ဖြစ်ပါတယ်။ “အနာသိရင် ဆေးရှိတယ်” လို့ ဆိုကြပါတယ်။ အနာမသိရင် တော့ ဘာဆေးပေးရမှန်းသိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြဿ     နာကို သိအောင် ရှာဖွေဖော်ထုတ်ခြင်းဟာ အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်။

၂။     ဖြစ်နိုင်တဲ့ ဖြေရှင်းပုံနည်းလမ်းတွေကို ရှာပါ
    ကြုံလာတဲ့ပြဿ     နာကို သေချာသိရှိပြီဖြစ်တဲ့အတွက် ဘယ်လိုဖြေ ရှင်းမလဲဆိုတဲ့ နည်းတွေကိုများနိုင်သလောက်များ များရအောင် ကြံဆပါ။ နည်းလမ်းတွေ များလေလေကောင်းလေပါပဲ။ ဖြေရှင်းမယ့် နည်းလမ်း တွေကို ၀ိုင်းကူစဉ်းစားပေးမယ့် သူတွေဆီကလည်း အကြံဉဏ်နည်းလမ်း တွေ အရယူနိုင်ပါတယ်။ ပြဿနာတစ်ခုအတွက် အဖြေတစ်ခုတည်းရှိ တယ်ဆိုတာ မဟုတ်ပါဘူး။ အမှန်က ပြဿနာတစ်ခုအတွက် အဖြေတွေ က အများကြီးရှိတာပါ။ ဒါကြောင့် ဖြစ်နိုင်သမျှ၊ စဉ်းစားရသမျှ နည်းလမ်း တွေကို အကုန်ချရေးထားပါ။

၃။     ဖြေရှင်းနည်းတွေကို အကဲဖြတ်သုံးသပ်ပါ
    ထွက်ပေါ်လာတဲ့ ဖြေရှင်းပုံနည်းလမ်းတွေကို တစ်ခုချင်းစီ အကဲဖြတ် သုံးသပ်ရပါလိမ့်မယ်။ ဒီနည်းနဲ့ဖြေရှင်းရင် ဘယ်လို အကျိုးသက်ရောက် မှုတွေ ရစေနိုင်၊ ဖြစ်စေနိုင်သလဲ။ ဒီနည်းထက် ဟိုနည်းက ပိုများကောင်း မလား။ ဖြေရှင်းနည်းတိုင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေ အားလုံးကို နှိုင်းယှဉ် ကြည့်ပါ။ ဒီလိုဖြေရှင်းနည်းတွေကို နှိုင်းယှဉ်စိစစ်တဲ့အခါမှာ မှန်မှန် ကန်ကန် ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ အရေး ကြီးတဲ့အချက်က အချိန်ယူရပါလိမ့်မယ်။ အလျင်လို ဆန္ဒစောပြီး ပြီးစလွယ် မဆုံးဖြတ်သင့်ပါဘူး။

၎။ အကောင်းဆုံးဖြေရှင်းနည်းကို ဦးစားပေးရွေးချယ်ပါ
    ဖြေရှင်းပုံနည်းလမ်းတွေကို အကဲဖြတ်သုံးသပ်ထားတဲ့အထဲကမှ အ ကောင်းဆုံးဖြေရှင်းနည်းကို ဦးစားပေး တစ်အနေနဲ့ ရွေးထုတ်ပါ။ ဒီလိုပဲ နောက်ဖြေရှင်းနည်းတွေကိုလည်း ဦးစားပေးအစဉ်အတိုင်း ရွေးချယ် သွားဖို့လိုပါတယ်။ ဒီလိုရွေးချယ်တဲ့နေရာမှာ စဉ်းစားရမှာကတော့ - ဒီဖြေရှင်း နည်းဟာ တကယ်ထိရောက်မလား၊ အောင်မြင်ဖို့ အလားအလာ ဘယ် လောက်ကောင်းမလဲ၊ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အချိန်အခါအရ ကွက်တိကျမလား ဆိုတာတွေပါပဲ။

၅။    ရွေးချယ်ပြီး ဖြေရှင်းနည်းကို လက်တွေ့အကောင်ထည်ဖော်လုပ် ဆောင်ပါ
    သေသေချာချာ စိစစ်ရွေးချယ်သုံးသပ်ထားပြီးသား ဖြေရှင်းနည်းတွေ ထွက်လာပြီဆိုရင်တော့ စာတွေ့ဖြေရှင်းရာမှ လက်တွေ့ဖြေရှင်းမှုကို လုပ်ရ တော့မှာပေါ့။ လက်တွေ့စတင်ဖြေရှင်းပြီဆိုရင်လည်း အခက်အခဲတွေ ကြုံနိုင်ဦးမှာပါ။ ကိုယ်ရွေးချယ်ထားတဲ့ ဖြေရှင်းနည်းဟာ လက်တွေ့မှာရော ဘယ်လောက်ထိရောက်အကျိုးရှိသလဲဆိုတာကို လေ့လာဆန်းစစ်နေရ ဦးမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ရွေးချယ်လိုက်တဲ့ ဖြေရှင်းနည်းက လွဲမှားနေတာ၊ အကျိုးသက်ရောက်မှု မကောင်းတာတွေ့ရပြီဆို ရင် ခေါင်း ဆောင်လုပ်သူက အစီအစဉ်ကို ချက်ချင်းပြောင်းလဲသင့်ရင် ပြောင်း လဲပေး ရပါလိမ့်မယ်။

    အခုတင်ပြခဲ့တဲ့ ဖြေရှင်းပုံနည်းလမ်း အဆင့်ဆင့်ကတော့  ယေဘုယျ အနေနဲ့တင်ပြပေးတာဖြစ်ပါတယ်။ ကြုံတွေ့လာတဲ့ ပြဿ   နာအမျိုးအစား ပေါ် မှာ မူတည်ပြီး ဥာဏ်ရှိရင် ရှိသလို ပြောင်းလဲပြုပြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဖြေ ရှင်းပုံ အဆင့်(၅)ဆင့်ဟာလည်း ထိထိရောက်ရောက် ပြဿ   နာ ဖြေရှင်းနိုင် ဖို့ကို လုံးဝအထောက်အကူပြုမှာပါ။ ခေါင်းဆောင်တိုင်း လုပ်ကို လုပ်ရမယ့်
 ပြဿ     နာဖြေရှင်းခြင်းကို ဒီနည်းလမ်းတွေနဲ့ အကောင်းဆုံး ကျော်လွှားနိုင် ပြီး ခေါင်းဆောင်ကောင်းတွေဖြစ်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။


Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

Comments

Popular posts from this blog