ခေါင်းဆောင်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် (ဖူးကျော်ဇင် Future Wave)

ခေါင်းဆောင်မှု ဆိုသည်မှာ အဘယ်နည်း။
“အဓိပ္ပာယ်သိမှအဓိပ္ပာယ်ရှိမည်” ဆိုသည့် စကား အတိုင်း ခေါင်းဆောင်မှု၏
အဓိပ္ပာယ်ကိုလည်း ရှင်းရှင်း လင်းလင်း သိမြင်ရန် အရေးကြီးပါသည်။
ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး အယူအဆပေါင်း များစွာရှိပါသည်။ ပညာရှင်များ
အသီးသီးကလည်း အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားကြ ပါသည်။
“ခေါင်းဆောင်မှုသည် ရည်မှန်းချက်များကို ပြီးမြောက်စေရန် အတွက်လူအများနှင့်အတူပူးတွဲ၍ ဖြစ်စေ၊လူအများမှတစ်ဆင့်ဖြစ်စေ ဦးဆောင်လုပ် ကိုင်နေခြင်းဖြစ်သည်”” ဟုဆိုကြပါသည်။
“ခေါင်းဆောင်မှုဆိုသည်မှာ ရည်မှန်းချက်ပန်းတိုင်သို့ အရောက် ချီတက်နိုင်ရေးအတွက် လူအများကို လွှမ်းမိုးဆွဲဆောင်နိုင်ခြင်း” ဟုလည်း အချို့က ဖွင့်ဆိုကြပါသည်။
“ခေါင်းဆောင်မှုသည် အဖွဲ့ အစည်း၏ ပန်းတိုင်ကို လှမ်းကိုင်နိုင် စေရေး အတွက် လှုပ်ရှားကြိုးစား ဆောင်ရွက်ချက်ဖြစ်ပြီး အဖွဲ့ဝင် များကို စုစည်းလှုံ့ဆော်နိုင်သည့် ကိုယ်ရည်ကိုယ်သွေးဖြစ်သည်” ဟု လည်း ဆိုကြပါသည်။
ဤဖွင့်ဆိုချက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် ခေါင်း ဆောင်မှု၏ အနက်အဓိပ္ပာယ်ကို ရိပ်စားသိမြင်နိုင်ပါသည်။ ပညာရှင် များ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်တိုင်း တွင်ခေါင်းဆောင်တိုင်းအတွက် အထူး လိုအပ်သော အခြေခံအချက် နှစ်ချက်ကို အခုလိုတွေ့မြင်နိုင်ပါ သည်။
၁။ ရည်မှန်းချက် ပန်းတိုင်f (Goal)
၂။ နောက်လိုက်အုပ်စု (Group)
ထိုအချက်နှစ်ချက်သည် ခေါင်း ဆောင်မှု ဖြစ်ပေါ်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သည်။ ခေါင်း ဆောင်မှန်လျှင် သူ့နောက်ကထက် ထက်သန်သန် လိုက်ပါလိုသည့် နောက်လိုက်အုပ်စု (Follower Group)တွေရှိ ကိုရှိရပါမည်။နောက် လိုက်တစ်ဦးတစ်ယောက်မျှ မရှိဘဲ ခေါင်းဆောင်ဟု မသတ်မှတ်နိုင်ပါ။ ထို့အပြင် ခေါင်းဆောင် လုပ်သူသည် နောက်လိုက်များနှင့် အတူတကွ သွားရောက်လိုသည့် ဦးတည်ရာ ပန်းတိုင် (Goal) ရှိကိုရှိပါမည်။ ထိုအချက်နှစ်ချက်ကို ပိုင်ဆိုင်သူ သာ ခေါင်းဆောင် (Leader) ဖြစ် ပါသည်။ ထို့ကြောင့် “ခေါင်းဆောင် ဆိုတာ ဘယ်လိုပုဂ်္ဂိုလ်ကို ခေါ်သ လဲ”ဟု မေးခွန်းထုတ်သည်ရှိသော် နောက်လိုက်နှင့် ပန်းတိုင်ရှိသော ပုဂ်္ဂိုလ်ကို ခေါ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။
ခေါင်းဆောင်လုပ်သူ (Leader) သည် နောက်လိုက်အဖွဲ့(Group) ကို လွှမ်းမိုးဆွဲဆောင်ကာ အဖွဲ့အစည်း၏ရည်မှန်းချက် ပန်းတိုင် (Goal) ဆီသို့ အောင်မြင်စွာရောက်ရှိစေရန်ဦးဆောင်ဦးရွက် ပြုနေခြင်းသည် ခေါင်းဆောင်မှုပင် ဖြစ်ပါသည်။
ခေါင်းဆောင်မှုနှင့် ပတ်သက် ပြီး ကျော်ကြားတဲ့ စာရေးဆရာ တစ်ယောက်ဖြစ်သည့် ဆရာကြီး John C. Maxwell က “ခေါင်း ဆောင်မှုသည် သြဇာလွှမ်းမိုးစေမှု ဖြစ်၏” ဟု အရှင်းလင်းဆုံး ဖွင့်ဆိုခဲ့ပါသည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက် မှာ ရိုးရှင်းသော်လည်း အနှစ်သာရ အလွန်ရှိပါသည်။
ခေါင်းဆောင်မှု၏ သြဇာလွှမ်း မိုးမှုနှင့်စပ်လျဉ်း၍ ကျွန်တော်နှစ် သက်သည့်အဆိုအမိန့်စကားတစ်ခု ရှိပါသည်။ “လူတစ်ယောက်သည် မိမိက ခေါင်းဆောင်မှုပေးနေသည် ဟု ထင်မှတ်နေ၏။ သို့ရာတွင် ထို သူ၏နောက်သို့ လိုက်ပါလာသူ မရှိ ပါက ထိုသူသည် ဦးဆောင်နေခြင်း (Leading) မဟုတ်။ လမ်းလျှောက် ထွက်နေခြင်း (Walking) သာလျှင် ဖြစ်ပါမည်”။
မှန်ပါသည်။ သြဇာလွှမ်းမိုး နိုင်မှု (Influence) မရှိပါက သင် သည် လူအများကို လိုက်ပါလာကြ အောင် ဆွဲဆောင်နိုင်မည် မဟုတ်ပါ။ လူအများသင့်နောက်ကို လိုက် ပါမလာပါကသင်သည်ခေါင်းဆောင် တစ်ဦးမဟုတ်နိုင်တော့ပါ။
ခေါင်းဆောင်၊ ခေါင်းဆောင် မှုနှင့် ပတ်သက်ပြီး ထင်မှတ်မှားလေ့ ရှိကြသောအယူအဆပေါင်းများစွာ ရှိပါသည်။ အချို့က ခေါင်းဆောင် မှုဟူသည် ရာထူးအဆင့်အတန်း များဟု ထင်မှတ်လေ့ရှိကြသည်။ ရာ ထူးအဆင့်အတန်းသည်ခေါင်းဆောင် တစ်ဦးဖြစ်မလာစေပါ။ ရာထူးကြီး ကြီး၊ အဆင့်အတန်းမြင့်မြင့် ဖြစ် သော်လည်း လူအများကို သြဇာလွှမ်းမိုး သက်ရောက်နိုင်မှု မရှိလျှင် ခေါင်းဆောင်မဟုတ်ပါ။ ရာထူးမရှိ သော်လည်းလူ အများကို နောက်သို့လိုက်ပါ ဆောင်ရွက်လာအောင် လွှမ်းမိုးနိုင်သော သူသည် ခေါင်း ဆောင်ဖြစ်ပါသည်။
အချို့ကလည်း ခေါင်းဆောင် မှုဆိုသည်ကို စီမံခန့်ခွဲမှု (Management) ဟု ထင်မှတ်လေ့ရှိကြပါ သည်။ စီမံခန့်ခွဲမှုသည် နည်းစနစ် များနှင့်လုပ်ငန်းစဉ်များ စနစ်တကျ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုဖြစ်ပြီး ခေါင်းဆောင်မှု သည် လူအများအား ထက်ထက် သန်သန်လိုက်ပါလာအောင် သြဇာ သက်ရောက်စေမှုဖြစ်ပါသည်။
ခေါင်းဆောင်မှုကို အစစ်အ မှန်ဆုံးတိုင်းတာနိုင်ခြင်းသည် သြဇာလွှမ်းမိုးနိုင်မှုပင်ဖြစ်ပါသည်။သင်သည်ခေါင်းဆောင်မှုအကြောင်း ကို စိတ်ပါဝင်စားပြီး လေ့လာနေသူ တစ်ဦးဖြစ်ပါက သင့်အနီးပတ်ဝန်း ကျင်ရှိ ခေါင်းဆောင်ဟူသော ပုဂ်္ဂိုလ်များ၏ သြဇာလွှမ်းမိုးသက် ရောက်မှု အဆင့်များကို သိမြင် သတိပြုမိလာမည် ဖြစ်ပါသည်။
ခေါင်းဆောင်အစစ်သည် ခေါင်းဆောင်အဖြစ် မွေးဖွားလာ ကြသူများမဟုတ်ပါ။ ခေါင်းဆောင် ဖြစ်ဖို့အတွက်ခေါင်းစဉ်တွေမလိုပါ။ သင်ကိုယ်တိုင်လည်း ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်ရန် လေ့ ကျင့်ပျိုးထောင်နိုင်ပါသည်။
အချုပ်ဆိုရသော် ခေါင်း ဆောင်မှုသည် လူအများအပေါ် သြဇာသက်ရောက်စေသည့်အပြင် ရည်မှန်းချက်ပန်းတိုင် သို့ ရောက် အောင်ဆောင်ရွက်ယူခြင်းပင်ဖြစ် ပါသည်။
Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

Comments
Post a Comment