မိုးၾကိဳးအႏၱရယ္ လမ္းညႊန္ခ်က္္

နားထဲ … စီကနဲ ဝီကနဲ ေခါင္းထဲ … က်င္ကနဲဲ
တစ္ကိုိယ္လုံး … ဖ်ဥ္းကနဲ အေမႊးေတြ … မတ္ကနဲ
ျဖစ္သြားၿပီလား ?
မ်က္ေစ့ ျမင္ရေသးရင္ ၀န္းက်င္ တစ္ခ်က္ၾကည့္လိုက္ပါ။
ျဖဴကနဲ ျပာကနဲ … ျမင္ေနရင္ အသက္ရႉရ ခက္ေနရင္ က်ိမ္းေသပါၿပီ
လွ်ပ္စီးထိၿပီး မိုးႀကိဳးပစ္ခံရပါေတာ့မယ္။
သင္ … ေျပးႏိုင္ပါေသးလား။ ႏိုင္ရင္ အမိုးတစ္ခုခုေအာက္ ေျပး၀င္းပါ။ စကၠန႔္ ၃၀ ေလာက္ အခ်ိန္ရပါတယ္။
သို႔ေသာ္ … လႈပ္မရ‌ေတာ့ဖို႔ မ်ားပါတယ္။
ဒါ့ေၾကာင့္ … ဖေနာင့္ ႏွစ္ဖက္ထိၿပီး ေျခဖ်ားေထာက္ ထိုင္ခ်လိုက္ပါ။
ေခါင္းကို ရသေလာက္ငုံ႔ပါ။ လက္ႏွစ္ဖက္က နားေတြ အတင္း ဖိအုပ္ထားလိုက္ပါ။
လဲမသြားပါေစနဲ႔။
လွဲမခ် လိုက္ပါနဲ႔။
သင့္ကိုိ … မိုးႀကိဳး ဒဲ့ ပစ္ခံရျခင္းက လြတ္ႏိုင္ပါ‌ေသးတယ္။
မိုးႀကိဳး အပစ္ခံရတဲ့သတင္း‌ေတြ အမ်ားႀကီးေတြ႕ေနလို႔ ေရးေပးတာပါ။
ကြင္းထီးထီး ေတာင္ထီးထီး အပင္ထီးထီး တိုင္ထီးထီး
ေရျပင္ႀကီးငယ္ ပိုိက္အသြယ္သြယ္ မီးႀကိဳးမွန္သမွ် ေဝးေဝးေရွာင္ၾကပါလို႔။
ေဘးကင္းၾကပါေစ။
Aung Myo Oo
Unicode
နားထဲ … စီကနဲ ဝီကနဲ ခေါင်းထဲ … ကျင်ကနဲဲ
တစ်ကိိုယ်လုံး … ဖျဉ်းကနဲ အမွှေးတွေ … မတ်ကနဲ
ဖြစ်သွားပြီလား ?
မျက်စေ့ မြင်ရသေးရင် ၀န်းကျင် တစ်ချက်ကြည့်လိုက်ပါ။
ဖြူကနဲ ပြာကနဲ … မြင်နေရင် အသက်ရှူရ ခက်နေရင် ကျိမ်းသေပါပြီ
လျှပ်စီးထိပြီး မိုးကြိုးပစ်ခံရပါတော့မယ်။
သင် … ပြေးနိုင်ပါသေးလား။ နိုင်ရင် အမိုးတစ်ခုခုအောက် ပြေးဝင်းပါ။ စက္ကန့် ၃၀ လောက် အချိန်ရပါတယ်။
သို့သော် … လှုပ်မရ‌တော့ဖို့ များပါတယ်။
ဒါ့ကြောင့် … ဖနောင့် နှစ်ဖက်ထိပြီး ခြေဖျားထောက် ထိုင်ချလိုက်ပါ။
ခေါင်းကို ရသလောက်ငုံ့ပါ။ လက်နှစ်ဖက်က နားတွေ အတင်း ဖိအုပ်ထားလိုက်ပါ။
လဲမသွားပါစေနဲ့။
လှဲမချ လိုက်ပါနဲ့။
သင့်ကိို … မိုးကြိုး ဒဲ့ ပစ်ခံရခြင်းက လွတ်နိုင်ပါ‌သေးတယ်။
မိုးကြိုး အပစ်ခံရတဲ့သတင်း‌တွေ အများကြီးတွေ့နေလို့ ရေးပေးတာပါ။
ကွင်းထီးထီး တောင်ထီးထီး အပင်ထီးထီး တိုင်ထီးထီး
ရေပြင်ကြီးငယ် ပိိုက်အသွယ်သွယ် မီးကြိုးမှန်သမျှ ဝေးဝေးရှောင်ကြပါလို့။
ဘေးကင်းကြပါစေ။
Aung Myo Oo

Comments

Popular posts from this blog