တရုတ်ပြည် ပီကင်းမြို့တော်မှာ ကိုဗစ် လူနာအသစ် လုံးဝမတွေ့တာ ၅၅ ရက်တောင်ကြာပြီမို့ လုံးဝကင်းစင်သွားပြီလို့ ထင်ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် ပီကင်းမြို့ က ဦးလေးတစ်ယောက်ဟာ ဆရာဝန်သွားပြပါသတဲ့။ သူ့မှာ ချမ်းဖျားနဲ့ပင်ပန်းနွမ်းနယ်တဲ့ လက္ခဏာပြတယ်။ ဒါပေမယ့် ချောင်းဆိုး၊ လည်ချောင်းနာနဲ့ ရင်ဘတ်နာတာမျိုးတော့ မရှိဘူး။ PCR Test စစ်ကြည့်လိုက်တော့ Covid Positive ဖြစ်နေပါလေရော။ အဲ့ဒါနဲ့ အားလုံး မျက်လုံးပြူးကုန်ကြတယ်။
ပီကင်းမြို့ဆိုတာက အပြင်ကလာတဲ့လူကို Quarantine ထားတဲ့ မြို့။ အသေအချာအကူးမခံရအောင် ဂရုစိုက်တဲ့မြို့။ တရုတ် သမ္မတ Xi Jingping ရဲ့ မျက်စိအောက်ကမြို့။ အဲ့ဒါကိုဘယ့်နှယ် ကိုဗစ်ကြီးက ၅၅ ရက်တောင်ပျောက်နေပြီးမှ အခုကျမှ ဘာလို့ထပေါ်ရတာလဲ အဖြေရှာမရဖြစ်နေကြပါတယ်။

အခု လူနာဟာ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ပီကင်းမြို့ကနေ တခြားကို ခရီးမထွက်ခဲ့ဘူး။ တခြားမြို့ကို ခရီးသွားခဲ့တဲ့လူတွေနဲ့လည်း ၂ ပတ်အတွင်း ထိတွေ့မှုမရှိခဲ့ဘူး။ ဒါဆိုရင်သူဘယ်ကကူးသလဲ…
သေချာတာပေါ့။ ရောဂါရှိတဲ့လူတစ်ယောက်ယောက်ဆီက လွန်ခဲ့တဲ့ ၂ ပတ်အတွင်းကူးလာခဲ့တာ။ အဲ့ဒီလူဟာလည်း တခြားကို ခရီးမသွားထားတဲ့သူ။ ဒါဆိုရင် ပီကင်းမြို့ရဲ့ Community လူထုထဲမှာ ကိုဗစ်လူနာတွေဟာ လူမသိသူမသိ ရှိနေပြီ။ ဘာကြောင့်မသိတာလဲ…
ဒါဟာ Asymptomatic လို့ခေါ်တဲ့ ရောဂါလက္ခဏာလုံးဝမပြပဲ တစ်ယောက်ကနေတစ်ယောက်ကိုကူးနေတာမို့ မသိတာ။ A ဆိုတဲ့လူမှာ ကိုဗစ်ရောဂါပိုးရှိတယ်။ သို့သော် ရောဂါလက္ခဏာ လုံးဝမပြဘူး။ သူကနေ B ဆိုတဲ့ လူကိုကူးတယ်။ B ကလည်း ရောဂါမပြဘူး။ B ကနေ C ကိုကူးတယ်။ C ကနေ D ကို ကူးတယ်။ D မှာကျမှ ရောဂါလက္ခဏာလာပြတယ်။ သို့သော် A , B နဲ့ C က ဘာရောဂါလက္ခဏာမပြပဲ လူတွေကိုလိုက်ကူးပြီးလို့ သူတို့ကိုယ်တိုင်တောင် ပြန်ပျောက်ကင်းနေပြီ။

A ကနေ B, B ကနေ C, C ကနေ D အထိ ကူးစက်ချိန်ဟာ တစ်လလောက် (သို့) ပိုကြာချင်ကြာမယ်။ ဒါကြောင့် ၅၅ ရက်လောက်ပျောက်နေပြီးမှ ရုတ်တရက်ရောဂါပိုးရှိသူ ထတွေ့တာဖြစ်တယ်။ ဒါဆိုစိုးရိမျစရာလိုလား…
ကျားရှိမှတော့ အန္တရာယ်ရှိမှာပဲ။ စိုးရိမ်စရာပေါ့။ မကိုက်သေးရင်တော့ ကျားကဘယ်နားနေမှန်းမသိဘူး။ ပီကင်းကူးစက်ရောဂါဌာနက ဒုတိယအကြီးဆုံးဖြစ်သူ Pang Xinghuo က…
“ဒီလိုတွေ့ရှိမှုဟာ အချိန်မရွေး နောက်တစ်ကြိမ် အကြီးအကျယ်ထကူးနိုင်တယ် ဆိုတဲ့ အချက်ပေး သံချောင်းခေါက်သံပါပဲ” တဲ့။ အခု အဲ့ဒီလူနာ ၁၄ ရက်အတွင်း ထိတွေ့ခဲ့သမျှကို ခြေရာအကုန်ပြန်ခံပြီး လိုက်ပါတော့မယ်။ အဲ့ဒီကနေ ဘယ်ကကူးသလဲသိအောင်လုပ်မယ်။ လိုအပ်ရင် အဲ့ဒီလူနေတဲ့ရပ်ကွက်ရော၊ သွားခဲ့တဲ့နေရာတွေကရော လူအားလုံးကို PCR Test လုပ်မယ်။
အဲ့ဒီမှာ စတွေ့လို့ကတော့ လိုအပ်ရင် ဝူဟန့်မြို့လို တမြို့လုံး PCR Test လုပ်ပါလိမ့်မယ်။ အဲ့ဒီလူနာက ဆရာဝန်ဆီ Mask တပ်ကာ စက်ဘီးစီးပြီးသွားခဲ့ပါသတဲ့။ သူ့အိမ်သားတွေကိုတော့ Quarantine ထားပြီး PCR Test လုပ်နေပါပြီ။
Hong Kong School of Public Health က Professor Ben Cowling ကတော့ သူနည်းနည်းလေးတောင်မှ မအံ့ဩပါဘူးတဲ့။
Covid-19 ကို Community လူထုကြားထဲက နေပျောက်အောင်လုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူးတဲ့။ အခု တစ်ယောက်တွေ့တယ်မလား။ အဲ့ဒါဆိုသေချာပြီ လူအနည်းငယ်တော့ ကူးစက်ပြီးနေပါပြီတဲ့။ အများစုက Asymptomatic ရောဂါလက္ခဏာလုံးဝမပြပဲ လူတွေကိုထပ်ကူးစက်ကာ သက်ကြီးရွယ်အိုနဲ့ ဆီးချို၊နှလုံး၊သွေးတိုးသမားတွေ ထိသွားနိုင်ပါတယ်။

ပီကင်းမှာ ၅၅ ရက်လောက်ကြာအောင် ပျောက်နေတော့ Covid-19 ကို မေ့တေ့တေ့တောင်ဖြစ်နေပါပြီ။ ကိုဗစ်က မပေါ့ကြဖို့နဲ့ ငါရှိနေသေးတယ်ဆိုတာကို ကိုယ်ထင်ပြလိုက်သလိုပါပဲ။
မပေါ့ကြနဲ့။ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ အားလုံးစည်းကမ်းရှိပါ။ ကိုဗစ် ဟာလူကြားထဲမှာ ရှိနေပါကြောင်း။ ဘယ်မြို့ဘယ်ဒေသကိုလှည့်လည်နေသလဲသာ မသိပါကြောင်း။ ညီညီညွတ်ညွတ် စည်းကမ်းရှိရှိနဲ့ Mask တပ်ကာ ဂရုတစိုက်နေထိုင်ကြပါမှ သူဝင်လို့မရမှာဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။
(Richard Myo Thant)
##########################
တရုတ္ျပည္ ပီကင္းၿမိဳ႕ေတာ္မွာ ကိုဗစ္ လူနာအသစ္ လုံးဝမေတြ႕တာ ၅၅ ရက္ေတာင္ၾကာၿပီမို႔ လုံးဝကင္းစင္သြားၿပီလို႔ ထင္ခဲ့ပါတယ္။
အသက္ ၅၂ ႏွစ္အ႐ြယ္ ပီကင္းၿမိဳ႕ က ဦးေလးတစ္ေယာက္ဟာ ဆရာဝန္သြားျပပါသတဲ့။ သူ႔မွာ ခ်မ္းဖ်ားနဲ႔ပင္ပန္းႏြမ္းနယ္တဲ့ လကၡဏာျပတယ္။ ဒါေပမယ့္ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာနဲ႔ ရင္ဘတ္နာတာမ်ိဳးေတာ့ မရွိဘူး။ PCR Test စစ္ၾကည့္လိုက္ေတာ့ Covid Positive ျဖစ္ေနပါေလေရာ။ အဲ့ဒါနဲ႔ အားလုံး မ်က္လုံးျပဴးကုန္ၾကတယ္။

ပီကင္းၿမိဳ႕ဆိုတာက အျပင္ကလာတဲ့လူကို Quarantine ထားတဲ့ ၿမိဳ႕။ အေသအခ်ာအကူးမခံရေအာင္ ဂ႐ုစိုက္တဲ့ၿမိဳ႕။ တရုတ္ သမၼတ Xi Jingping ရဲ႕ မ်က္စိေအာက္ကၿမိဳ႕။ အဲ့ဒါကိုဘယ့္ႏွယ္ ကိုဗစ္ႀကီးက ၅၅ ရက္ေတာင္ေပ်ာက္ေနၿပီးမွ အခုက်မွ ဘာလို႔ထေပၚရတာလဲ အေျဖရွာမရျဖစ္ေနၾကပါတယ္။
အခု လူနာဟာ လြန္ခဲ့တဲ့ ၂ ပတ္အတြင္း ပီကင္းၿမိဳ႕ကေန တျခားကို ခရီးမထြက္ခဲ့ဘူး။ တျခားၿမိဳ႕ကို ခရီးသြားခဲ့တဲ့လူေတြနဲ႔လည္း ၂ ပတ္အတြင္း ထိေတြ႕မႈမရွိခဲ့ဘူး။ ဒါဆိုရင္သူဘယ္ကကူးသလဲ…
ေသခ်ာတာေပါ့။ ေရာဂါရွိတဲ့လူတစ္ေယာက္ေယာက္ဆီက လြန္ခဲ့တဲ့ ၂ ပတ္အတြင္းကူးလာခဲ့တာ။ အဲ့ဒီလူဟာလည္း တျခားကို ခရီးမသြားထားတဲ့သူ။ ဒါဆိုရင္ ပီကင္းၿမိဳ႕ရဲ႕ Community လူထုထဲမွာ ကိုဗစ္လူနာေတြဟာ လူမသိသူမသိ ရွိေနၿပီ။ ဘာေၾကာင့္မသိတာလဲ…
ဒါဟာ Asymptomatic လို႔ေခၚတဲ့ ေရာဂါလကၡဏာလုံးဝမျပပဲ တစ္ေယာက္ကေနတစ္ေယာက္ကိုကူးေနတာမို႔ မသိတာ။ A ဆိုတဲ့လူမွာ ကိုဗစ္ေရာဂါပိုးရွိတယ္။ သို႔ေသာ္ ေရာဂါလကၡဏာ လုံးဝမျပဘူး။ သူကေန B ဆိုတဲ့ လူကိုကူးတယ္။ B ကလည္း ေရာဂါမျပဘူး။ B ကေန C ကိုကူးတယ္။ C ကေန D ကို ကူးတယ္။ D မွာက်မွ ေရာဂါလကၡဏာလာျပတယ္။ သို႔ေသာ္ A , B နဲ႔ C က ဘာေရာဂါလကၡဏာမျပပဲ လူေတြကိုလိုက္ကူးၿပီးလို႔ သူတို႔ကိုယ္တိုင္ေတာင္ ျပန္ေပ်ာက္ကင္းေနၿပီ။

A ကေန B, B ကေန C, C ကေန D အထိ ကူးစက္ခ်ိန္ဟာ တစ္လေလာက္ (သို႔) ပိုၾကာခ်င္ၾကာမယ္။ ဒါေၾကာင့္ ၅၅ ရက္ေလာက္ေပ်ာက္ေနၿပီးမွ ႐ုတ္တရက္ေရာဂါပိုးရွိသူ ထေတြ႕တာျဖစ္တယ္။ ဒါဆိုစိုးရိမ်စရာလိုလား…
က်ားရွိမွေတာ့ အႏၲရာယ္ရွိမွာပဲ။ စိုးရိမ္စရာေပါ့။ မကိုက္ေသးရင္ေတာ့ က်ားကဘယ္နားေနမွန္းမသိဘူး။ ပီကင္းကူးစက္ေရာဂါဌာနက ဒုတိယအႀကီးဆုံးျဖစ္သူ Pang Xinghuo က…
“ဒီလိုေတြ႕ရွိမႈဟာ အခ်ိန္မေ႐ြး ေနာက္တစ္ႀကိမ္ အႀကီးအက်ယ္ထကူးႏိုင္တယ္ ဆိုတဲ့ အခ်က္ေပး သံေခ်ာင္းေခါက္သံပါပဲ” တဲ့။ အခု အဲ့ဒီလူနာ ၁၄ ရက္အတြင္း ထိေတြ႕ခဲ့သမွ်ကို ေျခရာအကုန္ျပန္ခံၿပီး လိုက္ပါေတာ့မယ္။ အဲ့ဒီကေန ဘယ္ကကူးသလဲသိေအာင္လုပ္မယ္။ လိုအပ္ရင္ အဲ့ဒီလူေနတဲ့ရပ္ကြက္ေရာ၊ သြားခဲ့တဲ့ေနရာေတြကေရာ လူအားလုံးကို PCR Test လုပ္မယ္။
အဲ့ဒီမွာ စေတြ႕လို႔ကေတာ့ လိုအပ္ရင္ ဝူဟန႔္ၿမိဳ႕လို တၿမိဳ႕လုံး PCR Test လုပ္ပါလိမ့္မယ္။ အဲ့ဒီလူနာက ဆရာဝန္ဆီ Mask တပ္ကာ စက္ဘီးစီးၿပီးသြားခဲ့ပါသတဲ့။ သူ႔အိမ္သားေတြကိုေတာ့ Quarantine ထားၿပီး PCR Test လုပ္ေနပါၿပီ။
Hong Kong School of Public Health က Professor Ben Cowling ကေတာ့ သူနည္းနည္းေလးေတာင္မွ မအံ့ဩပါဘူးတဲ့။
Covid-19 ကို Community လူထုၾကားထဲက ေနေပ်ာက္ေအာင္လုပ္ဖို႔ဆိုတာ ထင္သေလာက္မလြယ္ပါဘူးတဲ့။ အခု တစ္ေယာက္ေတြ႕တယ္မလား။ အဲ့ဒါဆိုေသခ်ာၿပီ လူအနည္းငယ္ေတာ့ ကူးစက္ၿပီးေနပါၿပီတဲ့။ အမ်ားစုက Asymptomatic ေရာဂါလကၡဏာလုံးဝမျပပဲ လူေတြကိုထပ္ကူးစက္ကာ သက္ႀကီး႐ြယ္အိုနဲ႔ ဆီးခ်ိဳ၊ႏွလုံး၊ေသြးတိုးသမားေတြ ထိသြားႏိုင္ပါတယ္။

ပီကင္းမွာ ၅၅ ရက္ေလာက္ၾကာေအာင္ ေပ်ာက္ေနေတာ့ Covid-19 ကို ေမ့ေတ့ေတ့ေတာင္ျဖစ္ေနပါၿပီ။ ကိုဗစ္က မေပါ့ၾကဖို႔နဲ႔ ငါရွိေနေသးတယ္ဆိုတာကို ကိုယ္ထင္ျပလိုက္သလိုပါပဲ။
မေပါ့ၾကနဲ႔။ Mask တပ္ပါ။ လက္ေဆးပါ။ ခပ္ခြာခြာေနပါ။ အားလုံးစည္းကမ္းရွိပါ။ ကိုဗစ္ ဟာလူၾကားထဲမွာ ရွိေနပါေၾကာင္း။ ဘယ္ၿမိဳ႕ဘယ္ေဒသကိုလွည့္လည္ေနသလဲသာ မသိပါေၾကာင္း။ ညီညီၫြတ္ၫြတ္ စည္းကမ္းရွိရွိနဲ႔ Mask တပ္ကာ ဂ႐ုတစိုက္ေနထိုင္ၾကပါမွ သူဝင္လို႔မရမွာျဖစ္ပါေၾကာင္း အသိေပးလိုက္ပါတယ္။
(Richard Myo Thant)

Comments

Popular posts from this blog