


#######################
Unicode
ကမ္ဘောဒီးယား ကို လာတဲ့ နိုင်ငံခြားသားတွေ ကိုဗစ် စစ်ခနဲ့ Q ဝင်တဲ့အခ ပေးရပါမယ်။

လေဆိပ် ကနေ waiting center သို့ ကားခ (၅ USD)၊ ကိုဗစ် စစ်ခ (၁၀၀ USD)၊ နေစရိတ် (၃၀ USD တရက်စာ)၊ (စားစရိတ် သုံးနပ် = ၃၀ USD တရက်စာ)
Q အတူ လုပ်တဲ့ လူမှာ ပိုးများ တွေ.ခဲ့ရင် အတူ Q လုပ်နေတဲ့ သူတွေ အားလုံး ၁၄ ရက် ထပ် Q လုပ်ရမှာ ဖြစ်ပြီး ပိုးထပ်စစ်ဖို. USD ၁၀၀ ထပ်ပေးရမှာ ဖြစ်ပါတယ်။ နောက် ဟိုတယ်ခ၊ အစားအသောက်၊ ဒိုဘီ၊ သန့်ရှင်းရေး၊ ဆရာဝန်၊ လုံခြုံရေးခ တရက် ၈၄ USD ပေးရမှာဖြစ်ပါတယ်
ကိုယ့်ဆီမှာ ပိုးတွေ.ခဲ့ရင်တော့ ကိုဗစ်စစ်တာ အများဆုံး ၄ ကြိမ်ထိ USD ၁၀၀ စီနဲ့ ဆေးရုံတက်ခ တရက် USD ၂၂၅ ထပ်ပေးရမှာဖြစ်ပါတယ်။

ရောဂါပိုးကြောင့် သေဆုံးခဲ့မယ်ဆိုရင်တော့ အသုဘစရိတ်အွက် USD ၁၅၀၀ ပေးရမှာဆိုတော့ … ပိုက်ဆံ တတ်နိုင်မှ လာပေါ့ …
မြန်မာပြည်လည်း နိုင်ငံခြားသား ပြန်လက်ခံမယ်ဆိုရင်တောင် အဲ့လိုလေးတော့ ဖြစ်စေချင် ပါတယ်။ အခုတော့ မြန်မာပြည်ထဲကို ခိုးဝင်လာတဲ့သူလည်း အခမဲ့ ကုသပေးနေရတဲ့ အနေအထားဖြစ်ပါတယ်။

Comments
Post a Comment