အေမြြဆက္ခံံခြင္႔လက္မွတ္္တို႔ အေၾကာင္း

ေသဆုံးသူတစ္ဦး ရရန္ရွိေသာ “ ေႂကြးၿမီ ” မ်ားကို အေမြဆက္ခံသူက ၿမီစားထံ ေတာင္းဆိုလွ်င္ “ အေမြဆက္ ခံျခင္္း အက္ဥပေဒ “ ပုဒ္မ ၂၁၄ အရ “ အေမြဆက္ခံခြင္႔လက္မွတ္ “ ကို ေရွးဦးစြာ ေတာင္းဆိုရန္ လိုေပသည္။ “ အေမြဆက္ခံခြင္႔လက္မွတ္ “ ရရွိၿပီးေနာက္မွသာ အဆိုပါ ေႂကြးၿမီးမ်ားကို ေတာင္းဆိုႏိုင္ေပသည္။
“ ေမာင္ဖိုးထြား ႏွွင့္မေငြဇင္ ( ၁၉၃၇ ရန္ကုန္ ၃၉၆ ) ‘’ ၌ ျမန္မာဗုဒၶဘာသာ လင္ သို႔မဟုတ္ မယားေသဆုံး လွ်င္ ၎ရရန္ရွိေသာ ေႂကြးၿမီမ်ားကို ေတာင္းဆိုရန္အတြက္ အေမြဆက္ခံသူက “အေမြဆက္ခံခြင္႔လက္မွတ္ ‘’ ရယူရန္ လိုသည္ဟု ဆုံးျဖတ္သည္။
အေမြဆက္ခံံခြင္႔လက္မွတ္ထုတ္ေပးရာတြင္ အဓိကဆုံးျဖတ္ရမည္႔အခ်က္မွာ ေလွ်ာက္ထားသူသည္ ေသသူ၏ ေႂကြးၿမီမ်ားကို ေကာက္ခံသိမ္းဆည္းခြင္႔ရွိသူ ဟုတ္မဟုတ္္ ဆိုျခင္းသာျဖစ္သည္။ ပိုင္ဆိုင္ခြင္႔ႏွင္႔ပတ္သက္၍ လုံးဝ ဆုံးျဖတ္ျခင္းမျပဳရေပ။ သိုျဖစ္ရာ အေမြဆက္ခံရန္ လက္မွတ္မွာ ေသသူ၏ေႂကြးၿမီးမ်ားကိုေကာက္ခံႏိုင္ရန္ ပုဂၢိဳလ္အေနျဖင္႔ ထုတ္ေပးျခင္းသာျဖစ္ေၾကာင္း ေပၚလြင္သည္။ “ ေဒၚေအးၾကည္ ႏွင္႔ ဦးသာထြန္း၏ ပစၥည္းကိစၥ ( ၁၉၆၇ မတစ ၂၂၀ ) “။
အေမြဆက္ခံခြင္႔လက္မွတ္ထုတ္ေပးရန္ စုံစမ္းမႈျပဳလုပ္ျခင္းမွာ အက်ဥ္းနည္းအားျဖင္႔ သာေဆာင္ရြက္ျခင္းျဖစ္၍ ရႈပ္ေထြးမည္႔ဥပေဒ အခ်က္အလက္မ်ားကို သုံးသပ္ရန္မဟုတ္ေပ ။ “ ေဒၚအုံး ႏွင္႔ ေဒၚအုံးက်င္ ( ၁၉၆၆ မတစ ၁၀၄ )’’။
အေမြဆက္ခံခြင္႔လက္မွတ္္ ထုတ္ေပးျခင္းမွာ လက္မွတ္ရယူသည္ ၎ကိုယ္တိုင္အတြက္ျဖစ္ေစ၊ အျခားရ သင္႔သူအတြက္ျဖစ္ေစ ေသသူရရန္ရွိေသာ ေႂကြးေငြမ်ားကို ေတာင္းခံႏိုင္ရန္ ေခတၱယာယီ အစီအစဥ္အျဖစ္ ျပဳလုပ္ျခင္းျဖစ္၍ ရႈပ္ေထြးသည္႔ တရားဥပေဒအခ်က္အလက္မ်ားကို အဆိုပါ အက်ဥ္းနည္းအားျဖင္႔ ျပဳလုပ္သည္႔ စုံစမ္းစစ္ေဆးမႈတြင္ စဥ္းစားရန္ မဟုတ္ေပ။ ‘’ ကိုေအး ႏွင္႔ မခင္ေစာဝင္း ( ၁၉၆၆ မတစ ၁၃၅၀ ) ‘’။
က်န္ရစ္သူ ခင္ပြန္းသည္္ ေသသူ၏ ေႂကြးၿမီမ်ားကို ေကာက္ခံႏိုင္ရန္အတြက္ အမြဆက္ခံခြင္႔လက္မွတ္ ရထိုက္သူျဖစ္သည္။ ‘’ ကိုေအးႏွင္႔ မခင္ေစာဝင္း ( ၁၉၆၆ မတစ ၁၃၅၀ ) ‘’ ။ ေမာင္ဘဟန္ ႏွင္႔ ေမာင္ထြန္းရင္ ( ၁၂ ရန္ကုန္ ၆၂၉ ) ‘’။
၁၉၆၆ ခုႏွစ္တြင္္ ဆုံးျဖတ္သည္႔ အမႈတစ္ခု “ ကိုေအးႏွင္႔ မခင္ေစာဝင္း ( ၁၉၆၆ မတစ ၁၃၅၀ ) ‘’တြင္ မယား ကြယ္လြန္ရာ မယား၏ လစာေငြမ်ား၊ ပင္စင္ေငြမ်ားႏွင္႔ က႐ုဏာေၾကးမ်ားအတြက္ လင္က အေမြဆက္ခံ ခြင္႔လက္မွတ္ေလွ်ာက္သည္။ မယား၏ ယခင္အိမ္ေထာင္ေဟာင္းမွ အထက္သမီးက ကန္႔ကြက္သည္။
အထက္္ သမီးက ၎၏မိခင္ မေသမီက အစိုးရထံ ရသင္႔သည္႔ က႐ုဏာေၾကးမ်ားကို ၎အားေပးရန္ အမည္ေပးသြင္း ထားေၾကာင္း အေၾကာင္းျပသည္။ ဤအမႈကို တရား႐ုံးခ်ဳပ္မွ အဆုံးအျဖတ္ေပးရာ၌ ျမန္မာဗုဒၶဘာသာတစ္ ေယာက္ သည္ ၎ကြယ္လြန္သြားသည္႔အခါ အစိုးရထံမွရရွိသည္႔ က႐ုဏာေၾကးမ်ား ၎၏ သမီးအား ေပးရန္ အမည္တင္သြင္းျခင္းသည္ ေသတမ္းစာေရးသားသည္႔ သေဘာသက္ေရာက္ေန၍ အေမြခံအေမြစားမဟုတ္လွ်င္ ၎ေငြကို လက္ခံ႐ုံသာျဖစ္ၿပီး အက်ဳိးခံစားခြင္႔မရွိ။
ဘ႑ာေရးဌာန ၫြန္ၾကားခ်က္မွာ က႐ုဏာေငြေၾကးကို ‘’ လက္ခံခြင္႔ “မွ်သာရွိေၾကာင္း၊ သို႔ရာတြင္ နည္းဥပေဒဟူသည္ တရားဥပေဒကဲ႔သို႔ခိုင္မာျခင္းလည္မရွိိ။ မလြဲ မေသြေဆာင္ရြက္ရမည္႔သေဘာလည္ မဟုတ္ေၾကာင္း၊ အသက္အာမခံႏွင္႔ အိုနာစာရန္ပုံေငြကိစၥမ်ားမွာမူ သက္ဆိုင္ဥပေဒျပ႒ာန္းခ်က္မ်ားရွိေန၍ က႐ုဏာေၾကးကိစၥႏွင္႔ မတူေၾကာင္း ဆုံးျဖတ္ၿပီး အေမြဆက္ခံခြင္႔ လက္မွတ္ကို လင္ျဖစ္သူအား ေပးသည္။
အေမြဆက္ခံခြင္႔လက္မွတ္ကို ပုဂၢိဳလ္အေနျဖင္႔ ရရွိျခင္းျဖစ္၍ ထိုသူ ေသဆုံးေသာအခါ ၎္အား ထုတ္ေပးခဲ႔ ေသာလက္မွတ္မွာ အက်ဳိးသက္ေရာက္ေအာင္ ေဆာင္ရြက္ခဲ႔ျခင္္း မျပဳရေသးပါမူ အလိုအေလ်ာက္ ပ်က္ျပယ္ ကုန္ဆုံးသြားသည္ဟု မွတ္ယူရမည္ျဖစ္သည္။ ၎၏ အေမြခံအေမြစားတို႔က ထိုလက္မွတ္ႏွင္႔ ပတ္သက္၍ ဆက္ခံျခင္း မျပဳႏိုင္ေပ။ အေမြခံအေမြစားမ်ားအေနျဖင္႔ အေမြဆက္ခံရန္လက္မွတ္ရလိုပါမူ တရားဥပေဒျပ႒ာန္း ထားသည္႔အတိုင္း သီးသန္႔ေလွ်ာက္ထားရမည္ျဖစ္ေပသည္။ ‘’ ေဒၚေအးၾကည္ ႏွင္႔ ဦးသာထြန္း၏ ပစၥည္း မ်ားကိစၥ ( ၁၉၆၇ မတစ ၂၂၀ ) ‘’ ။
အေမြဆက္ခံခြင္႔ လက္မွတ္ထုတ္ေပးေရးကိစၥမ်ားတြင္ အဓိကအဆုံးအျဖတ္ေပးရမည္႔အခ်က္မွာ ေလွ်ာက္ ထားသူသည္ ေသသူ၏ ေႂကြးၿမီမ်ားကို ေကာက္ခံသိမ္းဆည္းခြင္႔ရွိိသူ ဟုတ္မဟုတ္ဆိုသည္႔အခ်က္ျဖစ္သည္။ အက်ဥ္းနည္း စုံစမ္းစစ္ေဆးထုတ္ေပးျခင္းျဖစ္၍ ရႈပ္ေထြးနက္နဲသည္ဥပေဒအခ်က္အလက္မ်ားကို စဥ္းစားရန္ မဟုတ္ေပ။ ယင္းသို႔ ရႈပ္ေထြးနက္နဲေသာ ဥပေဒအခ်က္အလက္မ်ားမွာ အေမြမႈႀကီး၌သာ စဥ္းစားရန္ျဖစ္သည္။ ‘’ ဦးဘေသာင္း ႏွင္႔ ေဒၚျမေက ( ၁၉၇၉ မတစ ၉၀ ) ’’ ။
ေငြဒီကရီရသူသည္ ဇာရီမႈမဖြင္႔မီ ကြယ္လြန္သည္။ တရားႏိုင္၏ တရားဝင္ကိုယ္စားလွယ္က တရားရႈံးအေပၚ ဇာရီမႈဖြင္႔သည္။ အေမြဆက္ခံေရးဥပေဒပုဒ္မ ၂၁၄ ( ၁ ) ( ခ ) ပါ ျပ႒ာန္းခ်က္မ်ားအရမႈ တရားႏိုင္၏ ေႂကြးၿမီး မ်ားကို ေကာက္ခံရန္အလို႔ငွာ တရားႏိုင္၏ တရားဝင္ကိုယ္စားလွယ္သည္ အေမြထိန္းလက္မွတ္စာ ျဖစ္ေစ သို႔မဟုတ္ အေမြဆက္ခံခြင္႔လက္မွတ္ျဖစ္ေစ တင္ျပရန္ လိုေပသည္။ ‘’ ဦးကိုကို ႏွင္႔ ဦးကိုဦး [ ၁၉၈၂ ခုႏွစ္ တရားမျပင္ဆင္မႈအမွတ္ ၆၅၊ ဗဟိုတရား႐ုံး ( မႏၲေလး ) ] ‘’။
ယခုအမႈတြင္ မူလ႐ုံးတရားလိုိတို႔ ေလွ်ာက္ထားစြဲဆို ေတာင္းခံသည္႔ကိစၥမွာ ကြယ္လြန္သူ ေဒၚႏွင္းခ်ဳံ က်န္ရစ္ေသာ ေရႊထည္ပစၥည္းမ်ားႏွင္႔ ေနအိမ္အေဆာက္အအုံးတို႔အတြက္ျဖစ္ေၾကာင္း ေပၚေပါက္သည္။ ထို႔ေၾကာင္႔ ရွမ္းျပည္နယ္တရား႐ုံးက ထိုပစၥည္းမ်ားအတြက္ အေမြဆက္ခံခြင္႔ လက္မွတ္ထုတ္ေပးရန္ စရိတ္ႏွင္႔ တကြ ဒီကရီခ်မွတ္ေပးခဲ႔ျခင္းသည္ အေမြဆက္ခံေရးဥပဒပါ ျပ႒ာန္းခ်က္မ်ားႏွင္႔ မညီၫြတ္ေၾကာင္း ထင္ရွား သည္။
ထပ္မံဆုံးျဖတ္ခ်က္။ ထို႔ျပင္ အေမြဆက္ခံခြင္႔လက္မွတ္ ေလွ်ာက္ထားသည္႔ကိစၥကို ရွမ္းျပည္နယ္္ တရား႐ုံးက တရားမႀကီးမႈအျဖစ္ ဖြင္႔လွစ္စစ္ေဆးေဆာင္ရြက္ခဲ႔ျခင္းသည္လည္္း ဥပေဒႏွင္႔ ညီၫြတ္ျခင္းမရွိေပ။
’’ ဦးထြန္းေမာင္ ႏွင္႔ ဦးစံဝင္းပါ ၂ ( ၁၉၉၄ မတစ ၇၀ ) ’’ ။
အေမြဆက္ခံေရးဥပေဒ ပုဒ္မ ၃၇၉ အရ အေမြဆက္ခံခြင္႔လက္မွတ္ထုတ္ေပးရန္္ ေလွ်ာက္လႊာႏွင္႔အတူ တရား ႐ုံးတြင္ ႐ုံးခြန္တံဆိပ္ေခါင္းအတြက္ ေငြသြင္းထားရန္လိုသည္။ ‘’ ေဒၚ ခင္မာယာၫြန္႔ ႏွင္႔ ေဒၚတင္ျမင္႔ [ ၁၉၇၆ ခုႏွစ္ တရားမျပင္ဆင္မႈအမွတ္ ၃၁ ( ဗဟိုတရား႐ုံး ) ]’’။
(ဦးျမစိိန္ ၊ ျမန္မာဓေလ႔ထုံးတမ္းဥပေဒ အေျခခံမူမ်ား ၊ စာ ၁၈၂ )
DVBlawlab
Unicode
အမွွေဆက်ခံံခွင့်လက်မှတ််
သေဆုံးသူတစ်ဦး ရရန်ရှိသော “ ကြွေးမြီ ” များကို အမွေဆက်ခံသူက မြီစားထံ တောင်းဆိုလျှင် “ အမွေဆက် ခံခြင််း အက်ဥပဒေ “ ပုဒ်မ ၂၁၄ အရ “ အမွေဆက်ခံခွင့်လက်မှတ် “ ကို ရှေးဦးစွာ တောင်းဆိုရန် လိုပေသည်။ “ အမွေဆက်ခံခွင့်လက်မှတ် “ ရရှိပြီးနောက်မှသာ အဆိုပါ ကြွေးမြီးများကို တောင်းဆိုနိုင်ပေသည်။
“ မောင်ဖိုးထွား နှှင့်မငွေဇင် ( ၁၉၃၇ ရန်ကုန် ၃၉၆ ) ‘’ ၌ မြန်မာဗုဒ္ဓဘာသာ လင် သို့မဟုတ် မယားသေဆုံး လျှင် ၎င်းရရန်ရှိသော ကြွေးမြီများကို တောင်းဆိုရန်အတွက် အမွေဆက်ခံသူက “အမွေဆက်ခံခွင့်လက်မှတ် ‘’ ရယူရန် လိုသည်ဟု ဆုံးဖြတ်သည်။
အမွေဆက်ခံံခွင့်လက်မှတ်ထုတ်ပေးရာတွင် အဓိကဆုံးဖြတ်ရမည့်အချက်မှာ လျှောက်ထားသူသည် သေသူ၏ ကြွေးမြီများကို ကောက်ခံသိမ်းဆည်းခွင့်ရှိသူ ဟုတ်မဟုတ်် ဆိုခြင်းသာဖြစ်သည်။ ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ လုံးဝ ဆုံးဖြတ်ခြင်းမပြုရပေ။ သိုဖြစ်ရာ အမွေဆက်ခံရန် လက်မှတ်မှာ သေသူ၏ကြွေးမြီးများကိုကောက်ခံနိုင်ရန် ပုဂ္ဂိုလ်အနေဖြင့် ထုတ်ပေးခြင်းသာဖြစ်ကြောင်း ပေါ်လွင်သည်။ “ ဒေါ်အေးကြည် နှင့် ဦးသာထွန်း၏ ပစ္စည်းကိစ္စ ( ၁၉၆၇ မတစ ၂၂၀ ) “။
အမွေဆက်ခံခွင့်လက်မှတ်ထုတ်ပေးရန် စုံစမ်းမှုပြုလုပ်ခြင်းမှာ အကျဉ်းနည်းအားဖြင့် သာဆောင်ရွက်ခြင်းဖြစ်၍ ရှုပ်ထွေးမည့်ဥပဒေ အချက်အလက်များကို သုံးသပ်ရန်မဟုတ်ပေ ။ “ ဒေါ်အုံး နှင့် ဒေါ်အုံးကျင် ( ၁၉၆၆ မတစ ၁၀၄ )’’။
အမွေဆက်ခံခွင့်လက်မှတ်် ထုတ်ပေးခြင်းမှာ လက်မှတ်ရယူသည် ၎င်းကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားရ သင့်သူအတွက်ဖြစ်စေ သေသူရရန်ရှိသော ကြွေးငွေများကို တောင်းခံနိုင်ရန် ခေတ္တယာယီ အစီအစဉ်အဖြစ် ပြုလုပ်ခြင်းဖြစ်၍ ရှုပ်ထွေးသည့် တရားဥပဒေအချက်အလက်များကို အဆိုပါ အကျဉ်းနည်းအားဖြင့် ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတွင် စဉ်းစားရန် မဟုတ်ပေ။ ‘’ ကိုအေး နှင့် မခင်စောဝင်း ( ၁၉၆၆ မတစ ၁၃၅၀ ) ‘’။
ကျန်ရစ်သူ ခင်ပွန်းသည်် သေသူ၏ ကြွေးမြီများကို ကောက်ခံနိုင်ရန်အတွက် အမွဆက်ခံခွင့်လက်မှတ် ရထိုက်သူဖြစ်သည်။ ‘’ ကိုအေးနှင့် မခင်စောဝင်း ( ၁၉၆၆ မတစ ၁၃၅၀ ) ‘’ ။ မောင်ဘဟန် နှင့် မောင်ထွန်းရင် ( ၁၂ ရန်ကုန် ၆၂၉ ) ‘’။
၁၉၆၆ ခုနှစ်တွင်် ဆုံးဖြတ်သည့် အမှုတစ်ခု “ ကိုအေးနှင့် မခင်စောဝင်း ( ၁၉၆၆ မတစ ၁၃၅၀ ) ‘’တွင် မယား ကွယ်လွန်ရာ မယား၏ လစာငွေများ၊ ပင်စင်ငွေများနှင့် ကရုဏာကြေးများအတွက် လင်က အမွေဆက်ခံ ခွင့်လက်မှတ်လျှောက်သည်။ မယား၏ ယခင်အိမ်ထောင်ဟောင်းမှ အထက်သမီးက ကန့်ကွက်သည်။
အထက်် သမီးက ၎င်း၏မိခင် မသေမီက အစိုးရထံ ရသင့်သည့် ကရုဏာကြေးများကို ၎င်းအားပေးရန် အမည်ပေးသွင်း ထားကြောင်း အကြောင်းပြသည်။ ဤအမှုကို တရားရုံးချုပ်မှ အဆုံးအဖြတ်ပေးရာ၌ မြန်မာဗုဒ္ဓဘာသာတစ် ယောက် သည် ၎င်းကွယ်လွန်သွားသည့်အခါ အစိုးရထံမှရရှိသည့် ကရုဏာကြေးများ ၎င်း၏ သမီးအား ပေးရန် အမည်တင်သွင်းခြင်းသည် သေတမ်းစာရေးသားသည့် သဘောသက်ရောက်နေ၍ အမွေခံအမွေစားမဟုတ်လျှင် ၎င်းငွေကို လက်ခံရုံသာဖြစ်ပြီး အကျိုးခံစားခွင့်မရှိ။
ဘဏ္ဍာရေးဌာန ညွန်ကြားချက်မှာ ကရုဏာငွေကြေးကို ‘’ လက်ခံခွင့် “မျှသာရှိကြောင်း၊ သို့ရာတွင် နည်းဥပဒေဟူသည် တရားဥပဒေကဲ့သို့ခိုင်မာခြင်းလည်မရှိိ။ မလွဲ မသွေဆောင်ရွက်ရမည့်သဘောလည် မဟုတ်ကြောင်း၊ အသက်အာမခံနှင့် အိုနာစာရန်ပုံငွေကိစ္စများမှာမူ သက်ဆိုင်ဥပဒေပြဋ္ဌာန်းချက်များရှိနေ၍ ကရုဏာကြေးကိစ္စနှင့် မတူကြောင်း ဆုံးဖြတ်ပြီး အမွေဆက်ခံခွင့် လက်မှတ်ကို လင်ဖြစ်သူအား ပေးသည်။
အမွေဆက်ခံခွင့်လက်မှတ်ကို ပုဂ္ဂိုလ်အနေဖြင့် ရရှိခြင်းဖြစ်၍ ထိုသူ သေဆုံးသောအခါ ၎င်း်အား ထုတ်ပေးခဲ့ သောလက်မှတ်မှာ အကျိုးသက်ရောက်အောင် ဆောင်ရွက်ခဲ့ခြင််း မပြုရသေးပါမူ အလိုအလျောက် ပျက်ပြယ် ကုန်ဆုံးသွားသည်ဟု မှတ်ယူရမည်ဖြစ်သည်။ ၎င်း၏ အမွေခံအမွေစားတို့က ထိုလက်မှတ်နှင့် ပတ်သက်၍ ဆက်ခံခြင်း မပြုနိုင်ပေ။ အမွေခံအမွေစားများအနေဖြင့် အမွေဆက်ခံရန်လက်မှတ်ရလိုပါမူ တရားဥပဒေပြဋ္ဌာန်း ထားသည့်အတိုင်း သီးသန့်လျှောက်ထားရမည်ဖြစ်ပေသည်။ ‘’ ဒေါ်အေးကြည် နှင့် ဦးသာထွန်း၏ ပစ္စည်း များကိစ္စ ( ၁၉၆၇ မတစ ၂၂၀ ) ‘’ ။
အမွေဆက်ခံခွင့် လက်မှတ်ထုတ်ပေးရေးကိစ္စများတွင် အဓိကအဆုံးအဖြတ်ပေးရမည့်အချက်မှာ လျှောက် ထားသူသည် သေသူ၏ ကြွေးမြီများကို ကောက်ခံသိမ်းဆည်းခွင့်ရှိိသူ ဟုတ်မဟုတ်ဆိုသည့်အချက်ဖြစ်သည်။ အကျဉ်းနည်း စုံစမ်းစစ်ဆေးထုတ်ပေးခြင်းဖြစ်၍ ရှုပ်ထွေးနက်နဲသည်ဥပဒေအချက်အလက်များကို စဉ်းစားရန် မဟုတ်ပေ။ ယင်းသို့ ရှုပ်ထွေးနက်နဲသော ဥပဒေအချက်အလက်များမှာ အမွေမှုကြီး၌သာ စဉ်းစားရန်ဖြစ်သည်။ ‘’ ဦးဘသောင်း နှင့် ဒေါ်မြကေ ( ၁၉၇၉ မတစ ၉၀ ) ’’ ။
ငွေဒီကရီရသူသည် ဇာရီမှုမဖွင့်မီ ကွယ်လွန်သည်။ တရားနိုင်၏ တရားဝင်ကိုယ်စားလှယ်က တရားရှုံးအပေါ် ဇာရီမှုဖွင့်သည်။ အမွေဆက်ခံရေးဥပဒေပုဒ်မ ၂၁၄ ( ၁ ) ( ခ ) ပါ ပြဋ္ဌာန်းချက်များအရမှု တရားနိုင်၏ ကြွေးမြီး များကို ကောက်ခံရန်အလို့ငှာ တရားနိုင်၏ တရားဝင်ကိုယ်စားလှယ်သည် အမွေထိန်းလက်မှတ်စာ ဖြစ်စေ သို့မဟုတ် အမွေဆက်ခံခွင့်လက်မှတ်ဖြစ်စေ တင်ပြရန် လိုပေသည်။ ‘’ ဦးကိုကို နှင့် ဦးကိုဦး [ ၁၉၈၂ ခုနှစ် တရားမပြင်ဆင်မှုအမှတ် ၆၅၊ ဗဟိုတရားရုံး ( မန္တလေး ) ] ‘’။
ယခုအမှုတွင် မူလရုံးတရားလိိုတို့ လျှောက်ထားစွဲဆို တောင်းခံသည့်ကိစ္စမှာ ကွယ်လွန်သူ ဒေါ်နှင်းချုံ ကျန်ရစ်သော ရွှေထည်ပစ္စည်းများနှင့် နေအိမ်အဆောက်အအုံးတို့အတွက်ဖြစ်ကြောင်း ပေါ်ပေါက်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်တရားရုံးက ထိုပစ္စည်းများအတွက် အမွေဆက်ခံခွင့် လက်မှတ်ထုတ်ပေးရန် စရိတ်နှင့် တကွ ဒီကရီချမှတ်ပေးခဲ့ခြင်းသည် အမွေဆက်ခံရေးဥပဒပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ကြောင်း ထင်ရှား သည်။
ထပ်မံဆုံးဖြတ်ချက်။ ထို့ပြင် အမွေဆက်ခံခွင့်လက်မှတ် လျှောက်ထားသည့်ကိစ္စကို ရှမ်းပြည်နယ်် တရားရုံးက တရားမကြီးမှုအဖြစ် ဖွင့်လှစ်စစ်ဆေးဆောင်ရွက်ခဲ့ခြင်းသည်လည််း ဥပဒေနှင့် ညီညွတ်ခြင်းမရှိပေ။
’’ ဦးထွန်းမောင် နှင့် ဦးစံဝင်းပါ ၂ ( ၁၉၉၄ မတစ ရ၀ ) ’’ ။
အမွေဆက်ခံရေးဥပဒေ ပုဒ်မ ၃၇၉ အရ အမွေဆက်ခံခွင့်လက်မှတ်ထုတ်ပေးရန်် လျှောက်လွှာနှင့်အတူ တရား ရုံးတွင် ရုံးခွန်တံဆိပ်ခေါင်းအတွက် ငွေသွင်းထားရန်လိုသည်။ ‘’ ဒေါ် ခင်မာယာညွန့် နှင့် ဒေါ်တင်မြင့် [ ၁၉၇၆ ခုနှစ် တရားမပြင်ဆင်မှုအမှတ် ၃၁ ( ဗဟိုတရားရုံး ) ]’’။
(ဦးမြစိိန် ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ ၊ စာ ၁၈၂ )
DVBlawlab
Comments
Post a Comment