ထိုင္မသိိမ္း ! အေခၚအေဝၚ မတိမ္းပါးေစလိုပါ
တစ္ခါက.
TV Channel တစ္ခု မွာ နံမည္ေက်ာ္ ဒီဇိုင္နာ တစ္ေယာက္ရဲ့ Interview
တစ္ခုၾကည့္ လိုက္ရတယ္ ~~ သူက. သူဖန္တီး တဲ့ မဂ္လာဝတ္စုံ ေတြ အေၾကာင္း
အားတက္သေရာ ရွင္းျပေနတာပါ… အဲ့မွာ ဘာေတြ႕လိုက္ရလဲ ဆိုေတာ့
သတို႔သမီး
ျဗန္႔ထဘီႀကီးကိုကိုင္၊ကိုင္ၿပီး ဒီ ထိုင္မသိမ္းကို စီးကြင့္ေတြ နဲ႔ ဘယ္လို
ထိုးထားတာ ၊ တန္ဖိုးႀကီး စိန္ပြင့္ေတြ အလုံးေရ ဘယ္ေလာက္စီ ထားတာဆိုၿပီး
ရွင္းျပေနေလရဲ့!
ကိုယ့္မွာ
စိတ္စနိုးစေနာင့္ျဖစ္မိတယ္ ျမန္မာ့ရိုးရာ ဝတ္စုံ တစ္ထည္ရဲ့ အေခၚအေဝၚ တစ္ခု
ကို အထက္နဲ႔ ေအာက္ အႀကိမ္ႀကိမ္မွားၿပီး ေျပာေန၊ေခၚေနတာကိုပါ။
သူ႔
ကို အျပစ္တင္လို႔လဲ မရပါဘူး ၊ အခု အေတာ္မ်ားမ်ား ကကို သတို႔သမီး ဝတ္စုံ ၊
မဂ္လာဝတ္စုံကိုထိုင္မသိမ္းဝတ္မွာေလ၊ထိုင္မသိမ္း ဝတ္ၿပီး ေဆာင္မွာ!
စသည့္ျဖင့္ တြင္တြင္က်ယ္က်ယ္အမွားႀကီး က တစ္ျပည္လုံး လိုလိုပါ ~~~
ဒါ
ဆို ဘာအေရးႀကီးလို႔လဲ ၊ ဒီ အေခၚအေဝၚ ေလး အတြက္နဲ႔ ဘာျဖစ္သြားမွာ
မို႔လို႔လဲ ေတြးၾက ၊ ေျပာၾကရင္ေတာ့ ျမန္မာတို႔ရဲ့ ရိုးရာယဥ္ေက်းမွု နဲ႔
ထုံးဓေလ့ အေခၚအေဝၚ ေပ်ာက္ၿပီး ေနာက္ဆုံး အမွားႀကီး ကို အမွန္ထင္သြားတယ္မွာ ၊
မေပ်ာက္ကြယ္
သင့္တဲ့ အမ်ိဳးသားေရး လကၡဏာ ရပ္ေတြ မသိလိုက္ဖာသာ
ေပ်ာက္ကြယ္သြားရေတာ့မွာပါ~~ နံမည္ေက်ာ္ ဒီဇိုင္နာ ေတြ အေနနဲ႔လဲ
ရိုးရာဝတ္စားဆင္ယင္မွု ေဝါဟာရ မွန္ကန္ေစေရး အထူးဂ႐ုျပဳေပးၾကပါလို႔ ေမတၱာ
ရပ္ခံပါရေစ
ကဲ … ထိုင္မသိမ္း အေၾကာင္းေလး ျပန္ဆက္ၾကရေအာင္
ထိုိင္မသိမ္း
ဆိုတာ မင္းသမီး ၊ ယခုေခတ္ သတို႔သမီး ေတြ အေပၚဝတ္ရတဲ့ အက်ီ္ကို ေခၚဆိုတာပါ ၊
ရတနာပုံေခတ္ မတိုင္မီ ကုန္းေဘာင္ေခတ္ဦး ေနာက္ အမရပူရ ေခတ္ အထိ အမ်ိဳးသမီး
ေတြ ရဲ့
အေပၚ ဝတ္အက်ီ ေတြဟာ သိုရင္း ၊ သင္တိုင္း သ႑န္ တင္ပါးထိ ဖုံးလို႔ ရွည္လ်ားၾကပါတယ္ ၊
ဒီ
အခါ အဲ့အမ်ိဳးသမီးဟာ ထိုင္ လိုက္ေတာ့မယ္ ဆိုရင္ ရွည္က်ေနတဲ့ အက်ီ္
ေအာက္နားစ. ကို အဝိုင္းအဝိုင္းညီေအာင္ သိမ္းၿပီး ၊ ျပဳျပင္ၿပီးမွ
ထိုင္ရပါတယ္
ရတနာပုံေခတ္ေလာက္
ေရာက္တဲ့ အခါမွာ အေပၚဝတ္ သိုရင္းရွည္ လို အက်ီ္ ကို ခါးအနီးနားတစ္ဝိုက္ထိ
တိုေအာင္ ၊ တင္ပါး အထက္ထိ တိုေအာင္ ျပဳျပင္ခ်ဳပ္လုပ္ဝတ္ဆင္ခဲ့ၾကပါတယ္ ၊
အဲ့
အေပၚဝတ္အက်ီ္ဟာ ထိုင္လိုက္တဲ့ အခါ မွာ အနားစ သိမ္းစရာ မလိုပဲ ၊ ကိုယ္နဲ႔
ခ်ပ္ခ်ပ္ရပ္ရပ္ ရွိေနလို႔ ထိုင္မသိမ္း အက်ီၤလို႔ ေခၚပါတယ္တဲ့
ရတနာပုံေခတ္ က အမ်ိဳးသမီးေတြ ဟာ ရင္စည္း ၊ ရင္ခံ အရင္ပတ္ၿပီး အေပၚက ထိုင္မသိမ္း အက်ီ္ ကို ထပ္မံဝတ္ဆင္ရေလ့ ရွိပါတယ္ ။
ေရႊနန္းေတာ္
အတြင္းက. မိဘုရား ၊ မင္းသမီး မ်ား ကတာ့ ခါးေသး ၊ ရင္ခ်ီေအာင္ ဂ႐ုစိုက္ၿပီး
ကိုယ္က်ပ္ အက်ီ္ ကို အေနာက္တြင္ ႀကိဳးႏွစ္ဆယ့္ေလးေခ်ာင္းယွက္သိုင္းထိုး ကာ
ဝတ္ဆင္ၿပီး ထိုင္မသိမ္း အက်ီ္ကို အေပၚက. ထပ္ဝတ္ပါတယ္။
အဲ့
ထိုိင္မသိမ္းအက်ီ္ မွာ ေရွ႕ ႏွစ္ခု စိတဲ့ ေနရာ ၊ ဗိုက္ျပင္အနီးနား မွာ
ယေန႔ေခတ္ အလြယ္ေခၚေနတဲ့ ေၾကးစည္ ( အမွန္က. ကရနို႔ ၊ အနို႔ ) ႏွစ္ဖက္ခ်
ခ်ဳပ္လုပ္ တပ္ဆင္ရပါတယ္….။
ေအာက္က ဝတ္တာ ေတာ့ ျဗန္႔ထဘီီ ေပါ့ ၊အနက္ေရာင္ အထက္ဆင္အျပားႀကီး ႏွစ္ထြာခန္႔ ၊” အကိုယ္ “ဆိုတဲ့ ခ်ိတ္သား က တစ္ေတာင္ေလာက္သာ ရွိပါတယ္ ၊
ထို ကိုယ္ထည္သား ေအာက္က မွ ကန္လန္႔စင္း အေၾကာင္းေလးမ်ားကို “သာလိကာမ်က္လုံး ” ေခၚျပီး ေအာက္ဆုံးကမွ ေရသီနား ဆက္ရပါတယ္ ။
ဒါဟာ ေရွးျမန္မာအမ်ိဳးသမီးတို႔ရဲ့ ဝတ္စားဆင္ယင္ မွု ထိုင္မသိမ္း ၊ ျဗန္္႔ထဘီ တို႔ပါ
ဒါဆိုိ
အဲ့ေခတ္က. အမ်ိဳးသမီး ေတြ ဘယ္ ေပါ့ေပါ့ပါးပါးရွိပါလဲ ၊ အိမ္ေနရင္း
ဘယ္လိုမ်ား ေနၾကပါလိမ့္ ဆိုရင္… ပြဲလမ္းသဘင္မရွိလို႔ အိမ္ေနရင္း အခါ ၊ ညဘက္
အိပ္ရာဝင္တဲ့ အခါေတြ မွာေတာ့ ယေန႔ ေခတ္အေခၚ ကြင္းထမီ ၊ အဲ့ေခတ္ အေခၚ
ဒုံးထဘီ ေတြ ဝတ္ၿပီးအိပ္ၾကေနၾကပါတယ္၊
အေပၚအက်ီ္ ကေတာ့ ရင္ဖုံးလက္ရွည္၊ တ႐ုတ္ပြ ရင္ဖုံးအက်ီ္မ်ား နဲ႔ ေနၾက ၊ အိပ္ၾကရပါတယ္။
ဒီအေၾကာင္းအရာ
မ်ားဟာ ျမတ္ သိမွီလိုက္တဲ့ သက္ေတာ္ႀကီး ေဆြေတာ္မ်ိဳးေတာ္ မ်ား ၊
ပညာရွင္မ်ား ကို လက္လွမ္းမွီသေလာက္ ေမးျမန္းထားတာေလးေတြပါ၊
ဒီထက္ ပိုမို ျပည့္စုံေအာင္ အသိပညာရွင္ ၊ အတတ္ပညာ ရွင္ တို႔ိက ျဖည့္စြက္ေရးသားေဆြးေႏြးေပးၾကပါ
ျမန္မာ့ယဥ္ေက်းမွု ထုံးဓေလ့ ေဝါဟာရ အမွန္မ်ား ရွင္သန္ မွန္ကန္ေစလိုမွု ဆႏၵ အမွန္ျဖင့္
ျမတ္သခ္ငယ္( ခတၱိယရိပ္ၿငိမ္ )
ဆရာတင့္ Tint HtooAung
Unicode
ထိုင်မသိိမ်း ! အခေါ်အဝေါ် မတိမ်းပါးစေလိုပါ
တစ်ခါက.
TV Channel တစ်ခု မှာ နံမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ Interview
တစ်ခုကြည့် လိုက်ရတယ် ~~ သူက. သူဖန်တီး တဲ့ မဂ်လာဝတ်စုံ တွေ အကြောင်း
အားတက်သရော ရှင်းပြနေတာပါ… အဲ့မှာ ဘာတွေ့လိုက်ရလဲ ဆိုတော့
သတို့သမီး
ဗြန့်ထဘီကြီးကိုကိုင်၊ကိုင်ပြီး ဒီ ထိုင်မသိမ်းကို စီးကွင့်တွေ နဲ့ ဘယ်လို
ထိုးထားတာ ၊ တန်ဖိုးကြီး စိန်ပွင့်တွေ အလုံးရေ ဘယ်လောက်စီ ထားတာဆိုပြီး
ရှင်းပြနေလေရဲ့!
ကိုယ့်မှာ
စိတ်စနိုးစနောင့်ဖြစ်မိတယ် မြန်မာ့ရိုးရာ ဝတ်စုံ တစ်ထည်ရဲ့ အခေါ်အဝေါ်
တစ်ခု ကို အထက်နဲ့ အောက် အကြိမ်ကြိမ်မှားပြီး ပြောနေ၊ခေါ်နေတာကိုပါ။
သူ့
ကို အပြစ်တင်လို့လဲ မရပါဘူး ၊ အခု အတော်များများ ကကို သတို့သမီး ဝတ်စုံ ၊
မဂ်လာဝတ်စုံကိုထိုင်မသိမ်းဝတ်မှာလေ၊ထိုင်မသိမ်း ဝတ်ပြီး ဆောင်မှာ!
စသည့်ဖြင့် တွင်တွင်ကျယ်ကျယ်အမှားကြီး က တစ်ပြည်လုံး လိုလိုပါ ~~~
ဒါ
ဆို ဘာအရေးကြီးလို့လဲ ၊ ဒီ အခေါ်အဝေါ် လေး အတွက်နဲ့ ဘာဖြစ်သွားမှာ
မို့လို့လဲ တွေးကြ ၊ ပြောကြရင်တော့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု နဲ့
ထုံးဓလေ့ အခေါ်အဝေါ် ပျောက်ပြီး နောက်ဆုံး အမှားကြီး ကို
အမှန်ထင်သွားတယ်မှာ ၊
မပျောက်ကွယ်
သင့်တဲ့ အမျိုးသားရေး လက္ခဏာ ရပ်တွေ မသိလိုက်ဖာသာ
ပျောက်ကွယ်သွားရတော့မှာပါ~~ နံမည်ကျော် ဒီဇိုင်နာ တွေ အနေနဲ့လဲ
ရိုးရာဝတ်စားဆင်ယင်မှု ဝေါဟာရ မှန်ကန်စေရေး အထူးဂရုပြုပေးကြပါလို့ မေတ္တာ
ရပ်ခံပါရစေ
ကဲ … ထိုင်မသိမ်း အကြောင်းလေး ပြန်ဆက်ကြရအောင်
ထိိုင်မသိမ်း
ဆိုတာ မင်းသမီး ၊ ယခုခေတ် သတို့သမီး တွေ အပေါ်ဝတ်ရတဲ့ အကျီ်ကို
ခေါ်ဆိုတာပါ ၊ ရတနာပုံခေတ် မတိုင်မီ ကုန်းဘောင်ခေတ်ဦး နောက် အမရပူရ ခေတ်
အထိ အမျိုးသမီး တွေ ရဲ့ အပေါ် ဝတ်အကျီ တွေဟာ သိုရင်း ၊ သင်တိုင်း သဏ္ဍန်
တင်ပါးထိ ဖုံးလို့ ရှည်လျားကြပါတယ် ၊
ဒီ
အခါ အဲ့အမျိုးသမီးဟာ ထိုင် လိုက်တော့မယ် ဆိုရင် ရှည်ကျနေတဲ့ အကျီ်
အောက်နားစ. ကို အဝိုင်းအဝိုင်းညီအောင် သိမ်းပြီး ၊ ပြုပြင်ပြီးမှ
ထိုင်ရပါတယ်
ရတနာပုံခေတ်လောက်
ရောက်တဲ့ အခါမှာ အပေါ်ဝတ် သိုရင်းရှည် လို အကျီ် ကို ခါးအနီးနားတစ်ဝိုက်ထိ
တိုအောင် ၊ တင်ပါး အထက်ထိ တိုအောင် ပြုပြင်ချုပ်လုပ်ဝတ်ဆင်ခဲ့ကြပါတယ် ၊
အဲ့
အပေါ်ဝတ်အကျီ်ဟာ ထိုင်လိုက်တဲ့ အခါ မှာ အနားစ သိမ်းစရာ မလိုပဲ ၊ ကိုယ်နဲ့
ချပ်ချပ်ရပ်ရပ် ရှိနေလို့ ထိုင်မသိမ်း အကျီင်္လို့ ခေါ်ပါတယ်တဲ့
ရတနာပုံခေတ် က အမျိုးသမီးတွေ ဟာ ရင်စည်း ၊ ရင်ခံ အရင်ပတ်ပြီး အပေါ်က ထိုင်မသိမ်း အကျီ် ကို ထပ်မံဝတ်ဆင်ရလေ့ ရှိပါတယ် ။
ရွှေနန်းတော်
အတွင်းက. မိဘုရား ၊ မင်းသမီး များ ကတာ့ ခါးသေး ၊ ရင်ချီအောင် ဂရုစိုက်ပြီး
ကိုယ်ကျပ် အကျီ် ကို အနောက်တွင် ကြိုးနှစ်ဆယ့်လေးချောင်းယှက်သိုင်းထိုး ကာ
ဝတ်ဆင်ပြီး ထိုင်မသိမ်း အကျီ်ကို အပေါ်က. ထပ်ဝတ်ပါတယ်။
အဲ့
ထိိုင်မသိမ်းအကျီ် မှာ ရှေ့ နှစ်ခု စိတဲ့ နေရာ ၊ ဗိုက်ပြင်အနီးနား မှာ
ယနေ့ခေတ် အလွယ်ခေါ်နေတဲ့ ကြေးစည် ( အမှန်က. ကရနို့ ၊ အနို့ ) နှစ်ဖက်ချ
ချုပ်လုပ် တပ်ဆင်ရပါတယ်….။
အောက်က ဝတ်တာ တော့ ဗြန့်ထဘီီ ပေါ့ ၊အနက်ရောင် အထက်ဆင်အပြားကြီး နှစ်ထွာခန့် ၊” အကိုယ် “ဆိုတဲ့ ချိတ်သား က တစ်တောင်လောက်သာ ရှိပါတယ် ၊
ထို ကိုယ်ထည်သား အောက်က မှ ကန်လန့်စင်း အကြောင်းလေးများကို “သာလိကာမျက်လုံး ” ခေါ်ပြီး အောက်ဆုံးကမှ ရေသီနား ဆက်ရပါတယ် ။
ဒါဟာ ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင် မှု ထိုင်မသိမ်း ၊ ဗြန့််ထဘီ တို့ပါ
ဒါဆိို
အဲ့ခေတ်က. အမျိုးသမီး တွေ ဘယ် ပေါ့ပေါ့ပါးပါးရှိပါလဲ ၊ အိမ်နေရင်း
ဘယ်လိုများ နေကြပါလိမ့် ဆိုရင်… ပွဲလမ်းသဘင်မရှိလို့ အိမ်နေရင်း အခါ ၊
ညဘက် အိပ်ရာဝင်တဲ့ အခါတွေ မှာတော့ ယနေ့ ခေတ်အခေါ် ကွင်းထမီ ၊ အဲ့ခေတ် အခေါ် ဒုံးထဘီ တွေ ဝတ်ပြီးအိပ်ကြနေကြပါတယ်၊
အပေါ်အကျီ် ကတော့ ရင်ဖုံးလက်ရှည်၊ တရုတ်ပွ ရင်ဖုံးအကျီ်များ နဲ့ နေကြ ၊ အိပ်ကြရပါတယ်။
ဒီအကြောင်းအရာ
များဟာ မြတ် သိမှီလိုက်တဲ့ သက်တော်ကြီး ဆွေတော်မျိုးတော် များ ၊
ပညာရှင်များ ကို လက်လှမ်းမှီသလောက် မေးမြန်းထားတာလေးတွေပါ၊
ဒီထက် ပိုမို ပြည့်စုံအောင် အသိပညာရှင် ၊ အတတ်ပညာ ရှင် တိို့က ဖြည့်စွက်ရေးသားဆွေးနွေးပေးကြပါ
မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့ ဝေါဟာရ အမှန်များ ရှင်သန် မှန်ကန်စေလိုမှု ဆန္ဒ အမှန်ဖြင့်
မြတ်သခ်ငယ်( ခတ္တိယရိပ်ငြိမ် )
ဆရာတင့် Tint HtooAung
Comments
Post a Comment