ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး ျမန္မာႏိုင္ငံကို ဘယ္ႏွစ္ႀကိမ္ႂကြခဲ့ပါသလဲ?

၁။ ပထမအႀကိမ္
မဟာသကၠရာဇ္ (၁၀၄) ခုႏွစ္ ဒုတိယဝါ သက္ေတာ္ ၃၆ ႏွစ္တြင္ ဖိုးဦးေတာင္ ( ျပည္ၿမိဳ႕အနီး ) သို႔ႂကြခ်ီေတာ္မူသည္။ ျပည္ေရႊဆံေတာ္ ေစတီေပၚထြန္းခဲ့သည္။

၂။ ဒုတိယအႀကိမ္
မဟာသကၠရာဇ္ ( ၁၁၁ )ခုႏွစ္ ဝါေတာ္( ၈ ) ဝါ သက္ေတာ္ ၄၃ ႏွစ္တြင္ သုဝဏၰဘုမၼိ သထုံျပည္သို႔ ရဟႏၲာအရွင္ ဂဝံပတိမေထရ္၏ ပင့္ေလွ်ာက္ခ်က္အရ ရဟႏၲာ ( ၅၀၀ )တို႔ ႏွင့္အတူ ႂကြခ်ီေတာ္မူသည္။ က်ိဳက္ထီး႐ိုးေစတီ ေပၚထြန္းခဲ့သည္။
၃။တတိယအႀကိမ္
မဟာသကၠရာဇ္ (၁၁၃) ခုႏွစ္ ဝါေတာ္ (၁၀) ဝါ သက္ေတာ္ ၄၅ ႏွစ္တြင္ ရခိုင္ျပည္သို႔ ရဟႏၲာ ( ၅၀၀ ) ႏွင့္အတူ ႂကြခ်ီေတာ္မူခဲ့သည္။မဟာျမတ္မုနိအပါအဝင္ မုနိေလးဆူ ေပၚထြန္းခဲ့သည္။

၄။ စတုတၳအႀကိမ္
မဟာသကၠရာဇ္ (၁၂၃ ) ခုႏွစ္ ဝါေတာ္ (၂၀) ဝါ သက္ေတာ္ (၅၅)ႏွစ္တြင္ သုနာပရႏၲတိုင္းသို႔ ႂကြခ်ီေတာ္မူသည္။မန္းေရႊစက္ေတာ္ေျခေတာ္ရာမ်ားကိုးကြယ္ရန္ ခ်ထားေတာ္မူခဲ့သည္။

၅။ ပဥၥမအႀကိမ္
မဟာသကၠရာဇ္ (၁၃၆) ခုႏွစ္ဝါေတာ္ (၃၃) ဝါ သက္ေတာ္ ၆၈ ႏွစ္တြင္ တေကာင္းျပည္သို႔ ႂကြခ်ီေတာ္မူသည္။ဟန္လင္းႀကီးေစတီ ေပၚထြန္းခဲ့သည္။
(စာကိုး။ ။ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ ျမန္မာ့ဗဟုသုတ(၁၀၀)ထဲမွ)
Credit original writer
[Unicode]
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး မြန်မာနိုင်ငံကို ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ?
၁။ ပထမအကြိမ်
မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။
၂။ ဒုတိယအကြိမ်
မဟာသက္ကရာဇ် ( ၁၁၁ )ခုနှစ် ဝါတော်( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာအရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ ( ၅၀၀ )တို့ နှင့်အတူ ကြွချီတော်မူသည်။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။
၃။တတိယအကြိမ်
မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဝါတော် (၁၀) ဝါ သက်တော် ၄၅ နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ ( ၅၀၀ ) နှင့်အတူ ကြွချီတော်မူခဲ့သည်။မဟာမြတ်မုနိအပါအဝင် မုနိလေးဆူ ပေါ်ထွန်းခဲ့သည်။

၄။ စတုတ္ထအကြိမ်
မဟာသက္ကရာဇ် (၁၂၃ ) ခုနှစ် ဝါတော် (၂၀) ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။မန်းရွှေစက်တော်ခြေတော်ရာများကိုးကွယ်ရန် ချထားတော်မူခဲ့သည်။
၅။ ပဉ္စမအကြိမ်
မဟာသက္ကရာဇ် (၁၃၆) ခုနှစ်ဝါတော် (၃၃) ဝါ သက်တော် ၆၈ နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည်။ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည်။

(စာကိုး။ ။ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ(၁၀၀)ထဲမှ)

Comments

Popular posts from this blog