ြပည်သူတွေကို အံ့အားသင့်ဖွယ် ဝန်ဆောင်မှုတွေ အမြဲပေးနေတဲ့ ‘က.ည.န’ ရုံးများ…

ရန်ကုန်မြို့ရဲ့ အံ့ဖွယ်ဝန်ဆောင်မှုပေးနိုင်တဲ့ အစိုးရရုံးကိုပြပါဆိုရင် ကညနရုံးတွေကို ပြရမယ်။ ရန်ကုန်လိုင်စင် ကားစီးရေ သောင်းဂဏန်းမရှိခင်ကလည်း ယာဉ်သက်တမ်းတိုးပေးတဲ့ရုံး ၄ ရုံး။ ရန်ကုန်လိုင်စင် စီးရေ သန်းချီရှိလာတော့လည်း ဒီ ၄ ရုံးပဲ။
နောက်ထပ်ရုံးတွေ ထပ်မတိုးဘူးခပ်တည်တည် ဒီ ၄ ရုံးပဲ။ ရုံးတွေရဲ့ လုံခြုံရေးကတော့ သိပ်ထူးခြားတယ်။ မိုးမလင်းခင် ငါးနာရီလောက်ဆိုရုံးရှေ့မှာလည်ကတုံးအဖြူနဲ့ စွမ်းအားရှင်လား လျှို့ဝှက်ထောက်လှမ်းရေးလား ဘာမှန်းမသိသူတွေ အဆင်သင့်နေရာယူထားပြီးသား သက်တမ်းတိုးမယ့်ကားတွေရောက် လာတာနဲ့ အဲ့ဒီဘာမှန်းမသိသူတွေက ဘာကူညီရမလဲလို့မေး ကြတယ်။

ကား တန်းစီဖို့ နေရာ ဦးပေးရမလား၊ ရုံးထဲမှာ လိုက်လုပ်ပေးရမလားကြိုက်တာပြောတဲ့။ မနက် ၈ နာရီလောက်ဆို ရုံးတံခါးဖွင့်မယ်၊ အပြေးအလွှားဝင် သက်တမ်းတိုးလျှောက်လွှာ ဝယ်ဖို့အုံနာဘုတ် ထပ်။ တစ်စောင်ကို တစ်ရာတောင် မတန်တဲ့ လျှောက်လွှာကို အုံနာဘုတ်ထပ်ပြီးမှ ဖြည့်ခွင့်ရမယ်။
သက်တမ်းတိုးဖို့လာသူတွေကို ဒီအတိုင်း လျှောက်လွှာဖြည့်ဖို့ ဝေပေးလိုက်လည်း ရတာပဲ။ မပေးဘူး နာရီဝက်လောက် အနည်းဆုံးအချိန်ကုန် ပင်ပန်းအောင် ကျန်းမာရေးနဲ့ညီညွတ်အောင် လှုပ်ရှားခိုင်းပြီးမှ ဖြည့် ခိုင်းတာ။
ပြီးရင် ယာဉ်စစ် ခဲခြစ် ဓာတ်ပုံရိုက်ရမယ်။ ပြီးရင်တော့ စည်ပင်ဘီးခွန်ဆောင်ဖို့ အုံနာဘုတ်ထပ်နာရီ ဝက်စောင့်။ ပြီးရင် ပရီမီယမ်ကြေးဆောင်ဖို့အုံနာဘုတ်ထပ် နာရီဝက်စောင့်။ ရဲမှုရှိရင်ကွန်ပြူတာစစ် နာရီ ဝက် စောင့် အားလုံးပြည့်စုံရင် လိုင်စင်ကြေးသွင်းဖို့စောင့် နာရီဝက်။ နောက်ဆုံးအုံနာဘုတ်နဲ့မှတ်ပုံတင်ကိုင်ပြီး ဦးစီးအရာရှိဆီကိုသွား အစစ်ခံ။

ဒီ အုံနာဘုတ်နဲ့ ဒီ ဝီးတက်စ် အကုန်လုံး စစ်ဆေးပြီးပြီ ဘာကို ထပ်စစ်မှန်းလည်း မသိဘူး။ အုံနာဘုတ်ကိုကောင်တာ တစ်ခုထဲမှာတင်ပေးလိုက် ကောင်တာ တစ်ခုထဲကနေ ပရီမီယမ်ကြေး၊ ဘီးခွန်၊ လိုင်စင်ကြေးတွေ အကုန်တွက်ချက်ပြီး သက်တမ်းတိုးပေးလိုက်ရင် မရဘူးလား။ ရတာပေါ့ ဒါပေမဲ့ ငွေသွင်းကောင်တာတွေများမှ အစွန်းထွက်လေးတွေကျန်ခဲ့ပြီး ပြည်သူတွေ ငွေရဲ့တန်ဖိုးကို ပိုနားလည်မယ်။ တိုးရခွေ့ရတော့ ကျန်းမာရေးနဲ့ညီညွတ်မယ်အံ့ဖွယ် ဝန် ဆောင်မှုပေးထါးတာ။
ဒီထက် အံ့ဖွယ် မြင်ချင်ရင် စီးတီးတက္ကစီအတွက် လိုင်စင်သက်တမ်းတိုး လုပ်ကြည့်။ တက္ကစီက တစ်နှစ်တစ်ကြိမ် တိုးရတယ်။ ယာဉ်သက်တမ်းတိုးပြီး နှစ်ရက်လောက်နေရင် ဝါးတန်းလမ်း ကညနလုပ်ငန်းရုံးကို ထပ်သွားပါ။ မနက်၇နာရီလောက် အရောက် သွား တိုကင်ယူဖို့ စာရွက် ထပ်။ အနည်းဆုံး တစ်နာရီလောက် တန်းစီပါ။
မစောင့်နိုင်ရင် ရေပေးလို့ရတယ်။ တိုကင်ရရင်ရုံးထဲဝင်ဆီးချုပ် ဝမ်းချုပ်နဲ့ နေ့ဝက်လောက် တိုးခွေ့တန်းစီလိုက်ရင် လုပ် ငန်းလိုင်စင်ဆိုတာကြီး ရပြီ။ ပြီးရင် အဲ့ဒီကနေ ကျိုက္ကဆံစူပါဝမ်းဘေး YRTA ရုံးကို စီးတီးတက္ကစီ သက်တမ်းတိုးဖို့ ထပ်မံချီတက်ပါ။ YRTA မှာတော့ အချိန်သိပ်မကြာဘူး လ္ဘက်ရည်ဖိုးလေး စေတနာရှိသလောက် ပေးခဲ့ လို့တော့ ပြောတယ်။
ယာဉ်သက်တမ်းတိုးလုပ်ငန်းသက်တမ်းတိုး စီးတီးတက္ကစီသက် တမ်းတိုးတွေကို ဘာကြောင့် တစ်နေရာထဲ one stop Service လုပ်မပေးတါလဲ။ ဒါလည်း အံဖွယ် ဝန်ဆောင်မှုပါပဲ။ တနေရာထဲ လုပ်ပေးလိုက်ရင်ပြည်သူတွေ အချိန်ကုန် လူပန်းငွေကုန်ဆိုတဲ့လောကဓံ တရားတွေကိုနားမလည်တော့ဘူး။ ဘဝဆိုတာ လွယ်တယ်လို့ ထင်သွားမယ်။

ဒီလို အံ့မခန်း ဝန်ဆောင်မှုတွေပေးရုံ အားမရပြန်တော့ ဘီးခွန် လိုင်စင်ကြေး ယာဉ်မောင်းလိုင်စင်ကြေး၊ လုပ်ငန်းလိုင်စင်ကြေးတွေ ဆယ်ဆကျော်တိုးကောက်တယ် ။ ယာဉ်စစ်ဆေးတဲ့စက်တွေကို ပြည်ပကနေ တကူးတက မှာပြီး လိုင်စင်လာတိုးတဲ့ကားတွေကို စစ်တယ်။ Used carအများစုရှိတဲ့နိုင်ငံမှာ Brand newမှ စစ်လို့ရတဲ့ ဒီစက်တွေကို သုံးလေတော့ ယဉ်ပိုင်ရှင်တွေ လာဘ်ထိုးဖို့ ပိုက်ဆံကုန်၊ ယာဉ်စစ်တဲ့ ဝန်ထမ်းတွေ သူဌေးဖြစ်တာပေါ့။
အဲ့ဒါတွေထက် ပိုအံ့ဖွယ်ကောင်းတာက ရန်ကုန်မြို့လယ်ကောင် ကညနရုံးတွေထဲ လူတွေတိုးခွေ့ ပွဲစားတရုန်းရူန်းဖြစ်နေတာ ဘယ်သူ့မှာ တာဝန်ရှိမှန်းမသိရ ဘယ်သူမှလည်းတာဝန်မခံခပ်တည်တည်ပဲ။
Credit
########################
ြပည္သူေတြကုိ အံ့အားသင့္ဖြယ္ ဝန္ေဆာင္မႈေတြ အၿမဲေပးေနတဲ့ ‘က.ည.န’ ရံုးမ်ား…
ရန္ကုန္ၿမိဳ့ရဲ့ အံ့ဖြယ္ဝန္ေဆာင္မွုေပးနိုင္တဲ့ အစိုးရ႐ုံးကိုျပပါဆိုရင္ ကညန႐ုံးေတြကို ျပရမယ္။ ရန္ကုန္လိုင္စင္ ကားစီးေရ ေသာင္းဂဏန္းမရွိခင္ကလည္း ယာဥ္သက္တမ္းတိုးေပးတဲ့႐ုံး ၄ ႐ုံး။ ရန္ကုန္လိုင္စင္ စီးေရ သန္းခ်ီရွိလာေတာ့လည္း ဒီ ၄ ႐ုံးပဲ။

ေနာက္ထပ္႐ုံးေတြ ထပ္မတိုးဘူးခပ္တည္တည္ ဒီ ၄ ႐ုံးပဲ။ ႐ုံးေတြရဲ့ လုံျခဳံေရးကေတာ့ သိပ္ထူးျခားတယ္။ မိုးမလင္းခင္ ငါးနာရီေလာက္ဆို႐ုံးေရွ႕မွာလည္ကတုံးအျဖဴနဲ႔ စြမ္းအားရွင္လား လွ်ဳိ႕ဝွက္ေထာက္လွမ္းေရးလား ဘာမွန္းမသိသူေတြ အဆင္သင့္ေနရာယူထားၿပီးသား သက္တမ္းတိုးမယ့္ကားေတြေရာက္ လာတာနဲ႔ အဲ့ဒီဘာမွန္းမသိသူေတြက ဘာကူညီရမလဲလို့ေမး ၾကတယ္။
ကား တန္းစီဖို့ ေနရာ ဦးေပးရမလား၊ ႐ုံးထဲမွာ လိုက္လုပ္ေပးရမလားႀကိဳက္တာေျပာတဲ့။ မနက္ ၈ နာရီေလာက္ဆို ႐ုံးတံခါးဖြင့္မယ္၊ အေျပးအလႊားဝင္ သက္တမ္းတိုးေလၽွာက္လႊာ ဝယ္ဖို့အုံနာဘုတ္ ထပ္။ တစ္ေစာင္ကို တစ္ရာေတာင္ မတန္တဲ့ ေလၽွာက္လႊာကို အုံနာဘုတ္ထပ္ၿပီးမွ ျဖည့္ခြင့္ရမယ္။
သက္တမ္းတိုးဖို့လာသူေတြကို ဒီအတိုင္း ေလၽွာက္လႊာျဖည့္ဖို့ ေဝေပးလိုက္လည္း ရတာပဲ။ မေပးဘူး နာရီဝက္ေလာက္ အနည္းဆုံးအခ်ိန္ကုန္ ပင္ပန္းေအာင္ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ လွုပ္ရွားခိုင္းၿပီးမွ ျဖည့္ ခိုင္းတာ။
ၿပီးရင္ ယာဥ္စစ္ ခဲျခစ္ ဓာတ္ပုံရိုက္ရမယ္။ ၿပီးရင္ေတာ့ စည္ပင္ဘီးခြန္ေဆာင္ဖို့ အုံနာဘုတ္ထပ္နာရီ ဝက္ေစာင့္။ ၿပီးရင္ ပရီမီယမ္ေၾကးေဆာင္ဖို့အုံနာဘုတ္ထပ္ နာရီဝက္ေစာင့္။ ရဲမွုရွိရင္ကြန္ျပဴတာစစ္ နာရီ ဝက္ ေစာင့္ အားလုံးျပည့္စုံရင္ လိုင္စင္ေၾကးသြင္းဖို့ေစာင့္ နာရီဝက္။ ေနာက္ဆုံးအုံနာဘုတ္နဲ႔မွတ္ပုံတင္ကိုင္ၿပီး ဦးစီးအရာရွိဆီကိုသြား အစစ္ခံ။

ဒီ အံုနာဘုတ္နဲ႔ ဒီ ဝီးတက္စ္ အကုန္လုံး စစ္ေဆးၿပီးၿပီ ဘာကို ထပ္စစ္မွန္းလည္း မသိဘူး။ အုံနာဘုတ္ကိုေကာင္တာ တစ္ခုထဲမွာတင္ေပးလိုက္ ေကာင္တာ တစ္ခုထဲကေန ပရီမီယမ္ေၾကး၊ ဘီးခြန္၊ လိုင္စင္ေၾကးေတြ အကုန္တြက္ခ်က္ၿပီး သက္တမ္းတိုးေပးလိုက္ရင္ မရဘူးလား။ ရတာေပါ့ ဒါေပမဲ့ ေငြသြင္းေကာင္တာေတြမ်ားမွ အစြန္းထြက္ေလးေတြက်န္ခဲ့ၿပီး ျပည္သူေတြ ေငြရဲ့တန္ဖိုးကို ပိုနားလည္မယ္။ တိုးရေခြ႕ရေတာ့ က်န္းမာေရးနဲ႔ညီညြတ္မယ္အံ့ဖြယ္ ဝန္ ေဆာင္မွုေပးထါးတာ။
ဒီထက္ အံ့ဖြယ္ ျမင္ခ်င္ရင္ စီးတီးတကၠစီအတြက္ လိုင္စင္သက္တမ္းတိုး လုပ္ၾကည့္။ တကၠစီက တစ္ႏွစ္တစ္ႀကိမ္ တိုးရတယ္။ ယာဥ္သက္တမ္းတိုးၿပီး ႏွစ္ရက္ေလာက္ေနရင္ ဝါးတန္းလမ္း ကညနလုပ္ငန္း႐ုံးကို ထပ္သြားပါ။ မနက္၇နာရီေလာက္ အေရာက္ သြား တိုကင္ယူဖို့ စာရြက္ ထပ္။ အနည္းဆုံး တစ္နာရီေလာက္ တန္းစီပါ။
မေစာင့္နိုင္ရင္ ေရေပးလို့ရတယ္။ တိုကင္ရရင္႐ုံးထဲဝင္ဆီးခ်ဳပ္ ဝမ္းခ်ဳပ္နဲ႔ ေန႔ဝက္ေလာက္ တိုးေခြ႕တန္းစီလိုက္ရင္ လုပ္ ငန္းလိုင္စင္ဆိုတာႀကီး ရၿပီ။ ၿပီးရင္ အဲ့ဒီကေန က်ိဳကၠဆံစူပါဝမ္းေဘး YRTA ႐ုံးကို စီးတီးတကၠစီ သက္တမ္းတိုးဖို့ ထပ္မံခ်ီတက္ပါ။ YRTA မွာေတာ့ အခ်ိန္သိပ္မၾကာဘူး လၻက္ရည္ဖိုးေလး ေစတနာရွိသေလာက္ ေပးခဲ့ လို့ေတာ့ ေျပာတယ္။
ယာဥ္သက္တမ္းတိုးလုပ္ငန္းသက္တမ္းတိုး စီးတီးတကၠစီသက္ တမ္းတိုးေတြကို ဘာေၾကာင့္ တစ္ေနရာထဲ one stop Service လုပ္မေပးတါလဲ။ ဒါလည္း အံဖြယ္ ဝန္ေဆာင္မွုပါပဲ။ တေနရာထဲ လုပ္ေပးလိုက္ရင္ျပည္သူေတြ အခ်ိန္ကုန္ လူပန္းေငြကုန္ဆိုတဲ့ေလာကဓံ တရားေတြကိုနားမလည္ေတာ့ဘူး။ ဘဝဆိုတာ လြယ္တယ္လို့ ထင္သြားမယ္။

ဒီလို အံ့မခန္း ဝန္ေဆာင္မွုေတြေပး႐ုံ အားမရျပန္ေတာ့ ဘီးခြန္ လိုင္စင္ေၾကး ယာဥ္ေမာင္းလိုင္စင္ေၾကး၊ လုပ္ငန္းလိုင္စင္ေၾကးေတြ ဆယ္ဆေက်ာ္တိုးေကာက္တယ္ ။ ယာဥ္စစ္ေဆးတဲ့စက္ေတြကို ျပည္ပကေန တကူးတက မွာၿပီး လိုင္စင္လာတိုးတဲ့ကားေတြကို စစ္တယ္။ Used carအမ်ားစုရွိတဲ့နိုင္ငံမွာ Brand newမွ စစ္လို့ရတဲ့ ဒီစက္ေတြကို သုံးေလေတာ့ ယဥ္ပိုင္ရွင္ေတြ လာဘ္ထိုးဖို့ ပိုက္ဆံကုန္၊ ယာဥ္စစ္တဲ့ ဝန္ထမ္းေတြ သူေဌးျဖစ္တာေပါ့။
အဲ့ဒါေတြထက္ ပိုအံ့ဖြယ္ေကာင္းတာက ရန္ကုန္ၿမိဳ့လယ္ေကာင္ ကညန႐ုံးေတြထဲ လူေတြတိုးေခြ႕ ပြဲစားတ႐ုန္း႐ူန္းျဖစ္ေနတာ ဘယ္သူ႔မွာ တာဝန္ရွိမွန္းမသိရ ဘယ္သူမွလည္းတာဝန္မခံခပ္တည္တည္ပဲ။
How To Make Money From Playing Jackpot Slots at PlayCasino
ReplyDeleteWhat is the best online casino to make money from playing slot งานออนไลน์ machines? Learn about the different ways to make money online and 바카라 사이트 start gambling 샌즈카지노 today.