မွေးနေ့လေးမှာ မောင်လေးဖြစ်သူဂျွန်ဂိုအတွက် ရည်စူးပြီး အလှူအတန်းတွေပြုလုပ်ပေးခဲ့တဲ့ မြသင်းခြယ်
ပရိသတ်ကြီးရေ မြသင်းခြယ်ကတော့ မြန်မာသံသီချင်းတွေကို
သီဆုိရင်းပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို
များစွာရရှိထားသူတစ်ဦးဖြစ်ပါတယ်။သူကတော့ သရုပ်ဆောင်နေထူးနိုင်နဲ့အတူ
ပျော်ရွှင်အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့
သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။
ဒီနေ့ဇွန်လ(၁၂)ရက်နေ့လေးဟာဆိုရင်တော့ မြသင်းချယ်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။မြသင်းချယ်ကတော့ သူရဲ့မွေးနေ့လေးမှာ ကွယ်လွန်သွားခဲ့တာ (၆)နှစ်ကျော်သွားပြီဖြစ်တဲ့ မောင်လေးဖြစ်သူ သရုပ်ဆောင်ဂျွန်ဂိုအတွက် ရည်စူးပြီး အလှူအတန်းတွေပြုလုပ်ခဲ့တတာပဲဖြစ်ပါတယ်။
အဆိုပါအလှူလေးကိုတော့ မြသင်းခြယ်က “ ဒီနေ့မားရဲ့မွေးနေ့လေးကို မွေးနေ့ဆုမွန်တွေပို့သပေးတဲ့ ချစ်ရသူအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်ရှင်မားခြယ်မွေးနေ့အလှူ လေးကိုတော့မောင်လေးဂျွန်ဂိုအတွက်ရည်စူးမှုလေးနဲ့ပဲလှူပါတယ်မောင်လေးသိနိုင်မြင်နိုင်ကြားနိုင်ရနိုင်ပါစေ”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း မြသင်းခြယ်ရဲ့အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်။
Source-Mya Thin Chal
######################
Zawgyi
Comments
Post a Comment