Posts
Image
အကြွေးတောင်းနည်း / အကြွေးပြန်ရမည့်နည်း ယတြာ ပေးနိုင်ပါလျက် မပေးပဲနေသူများထံကတောင်းယူရန်အတွက်ဖြစ်ပါတယ် ပေးစရာ မရှိလို့ တရားစွဲလည်းထောင်ကျပဲခံလိုက်မယ် ဆိုတဲ့သူဆီကတော့မရနိုင်ပါ ကျောက်ခဲရေညှစ်သလိုဖြစ်ပါမယ်။ ညစဉ် မိမိ ဘုရားဝတ်ပြုပြီး မိမိထံက ရယူထားသူကို မေတ္တာပို့ စိတ်ညွှတ်ရပါမယ် အကြိမ်ကြိမ် ရေရွတ်ရပါမယ်။ ဥပမာ မောင်မြရေ မင်းငါ့ဆီကယူထားတဲ့ အကြွေးငွေ ~~ မည်မျှကို ပြန် လာပေးပါ မင်းလည်းပေးနိုင်ပါစေ ပေးနိုင်အောင်လည်း ကိုယ်ရော စိတ်ပါ ချမ်းသာပါစေ ငါလည်း မင်းအပေါ် မေတ္တာထားပါတယ် ။ အဲဒီလို တစ်ပါတ် ပြုလုပ်ပြီးရင် နတ်စင် ဖြစ်စေ ညောင်ပင်ကြီး မှာဖြစ်စေ စာရွက်တစ်ရွက်မှာ မိမိ ဖြစ်လိုရာရေးပြီး ညောင်ပင် ကိုင်း မှာ ချည်လိုက်ပါ။ အပင်အောက်ခြေ ကိုလည်း သန့်ရှင်းပါ အမွှေးတိုင် တစ်တိုင် ဖယောင်းတိုင် တစ်တိုင် ကွမ်းရာတစ်ရာလည်း သင့်သလို ထွန်းပါ တင်ပါ။ ပြီးရငိ် အထက်က စာရွက်မှာရေးထားတဲ့စာသားက်ို အထပ်ထပ် ပြောပါ ရုက္ခစိုး မင်းကြီး ကလည်း သူပေးချင် လာအောင် ပေးနိုင်အောင် ပေးလာအောင် ကူညီပါ ရလာခဲ့ရင် ပိတ်ဖြူ ပူဇော်ပါမယ် လို့ ပြောပါ ရခဲ့ရင်အပင်က်ု ပိတ်ဖြူပါတ် မုန့် ဖယောင်းတိုင် အမွှေးတို...
Image
မိုးကြိုးအန္တရယ် လမ်းညွှန်ချက် နားထဲ … စီကနဲ ဝီကနဲ ခေါင်းထဲ … ကျင်ကနဲ တစ်ကိုယ်လုံး … ဖျဉ်းကနဲ အမွှေးတွေ … မတ်ကနဲ ဖြစ်သွားပြီလား ? မျက်စေ့ မြင်ရသေးရင် ၀န်းကျင် တစ်ချက်ကြည့်လိုက်ပါ။ ဖြူကနဲ ပြာကနဲ … မြင်နေရင် အသက်ရှူရ ခက်နေရင် ကျိမ်းသေပါပြီ လျှပ်စီးထိပြီး မိုးကြိုးပစ်ခံရပါတော့မယ်။ သင် … ပြေးနိုင်ပါသေးလား။ နိုင်ရင် အမိုးတစ်ခုခုအောက် ပြေးဝင်းပါ။ စက္ကန့် ၃၀ လောက် အချိန်ရပါတယ်။ သို့သော် … လှုပ်မရ‌တော့ဖို့ များပါတယ်။ ဒါ့ကြောင့် … ဖနောင့် နှစ်ဖက်ထိပြီး ခြေဖျားထောက် ထိုင်ချလိုက်ပါ။ ခေါင်းကို ရသလောက်ငုံ့ပါ။ လက်နှစ်ဖက်က နားတွေ အတင်း ဖိအုပ်ထားလိုက်ပါ။ လဲမသွားပါစေနဲ့။ လှဲမချ လိုက်ပါနဲ့။ သင့်ကို … မိုးကြိုး ဒဲ့ ပစ်ခံရခြင်းက လွတ်နိုင်ပါ‌သေးတယ်။ မိုးကြိုး အပစ်ခံရတဲ့သတင်း‌တွေ အများကြီးတွေ့နေလို့ ရေးပေးတာပါ။ ကွင်းထီးထီး တောင်ထီးထီး အပင်ထီးထီး တိုင်ထီးထီး ရေပြင်ကြီးငယ် ပိုက်အသွယ်သွယ် မီးကြိုးမှန်သမျှ ဝေးဝေးရှောင်ကြပါလို့။ ဘေးကင်းကြပါစေ။ Aung Myo Oo Unicode နားထဲ … စီကနဲ ဝီကနဲ ခေါင်းထဲ … ကျင်ကနဲဲ တစ်ကိိုယ်လုံး … ဖျဉ်းကနဲ အမွှေးတွေ … မတ်ကနဲ ဖြစ်သွားပြီလား...
Image
Image
အခြေခံပညာအတန်းများရဲ့ အောင်စာရင်းကြေညာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာအတန်းများရဲ့ အောင်စာရင်းကို ဒီနေ့(ဇွန် ၁၃ ရက်)မှာပဲ သက်ဆိုင်ရာကျောင်းအသီးသီးကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကလွဲပြီး ကျန်တဲ့အခြေခံပညာအတန်းအားလုံးရဲ့ အောင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုလို COVID-19 ကာလမှာ အောင်စာရင်းကြည့်ရှုရင်းကနေ လူစုလူဝေးမဖြစ်ပေါ်ဖို့အတွက် Social Distancing ပုံစံနဲ့ပြင်ဆင် ဆောင်ရွက်ခဲ့ကြပါတယ်။ အောင်စာရင်းကြည့်ရှုရာမှာ တစ်ဦးချင်းစီအလိုက်သာ ကြည့်ရှုစေပြီးတော့ တစ်ဦးနဲ့ တစ်ဦးကို ခြောက်ပေ အကွာမှာ တန်းစီစောင့်ဆိုင်းတဲ့ ပုံစံဖြစ်ပါတယ်။ သက်ဆိုင်ရာကျောင်းတွေက ဆရာ၊ ဆရာမတွေကလည်း သက်မှတ်ထားတဲ့ နေရာကနေ စောင့်ဆိုင်း ကြည့်ရှုဖို့ နှိုးဆော်သတိပေးတာမျိုးတွေလည်း ရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မူလတန်းကျောင်းသားဦးရေ ၂၅ သိန်းခန့်၊ အလယ်တန်း ကျောင်းသားဦးရေ သိန်း ၃၀ ခန့်၊ အထက်တန်းကျောင်းသားဦးရေ ၁၂ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ####################### zawgyi …. ……………. အခြေခံပညာအတန်းများရဲ့ အောင်စာရင်းကြေညာ မြန်မာတစ်နိုင်ငံလ...
Image
ဘုန်းကြီးတသက်နဲ့တကိုယ် ဒီလိုအလှူရှင်မျိုး မတွေ့ခဲ့ဖူးပါဘူးဗျာ “” ဘုန်းဘုန်း…ကျောင်း…အရှေ့ဘက် ပိန္နဲတောက ဒကာကြီးဦးကောင်းက ဘုန်းကြီးနဲ့တွေ့ချင်လို့တဲ့..ဘုရား…”” “” ဘယ် ဦးကောင်း..”” “” တပည့်တော်တို့ကျောင်းအရှေ့က ပိန္နဲတောကလေ…”” “”အဲ့ဒိပိန္နဲတောကြီးက လူမေနဘူးဆို..”” “” ဟုတ်တယ်..သူတို့က ရွာတောင်အစပ်က စိုက်ပျိုးရေးခြံထဲမှာ အဘိုးကြီး အဘွားကြီးနေကြတာ…သားသမီးလဲမရှိဘူး…”” “” ငါ မသိပါဘူး..သူတို့ကို…”” “” ဘယ်သိမှာတုံး…အဘိုးကြီးရော အဘွားကြီးရော ဒိဌိတွေလေ.. တသက်နဲ့တကိုယ်ဘုန်းကြီးကျောင်း ဒီတခါလာဖူးသေးတာပဲ…”” “” ဟင်..ဟုတ်လား…”” ဆရာတော့်စိတ်ထဲ နည်းနည်းတော့ ထူးဆန်းသွားပါတယ်… စိတ်လဲ စိတ်ဝင်စားသွားမိတယ်… “” ဘုန်းဘုန်းက ဒီဒေသကို ရောက်တာသိပ်မကြာသေးလို့လေ.. ဒေသခံတွေကတော့ သူတို့အကြောင်းအကုန်သိကြတယ်.. ဗုဒ္ဓဘာသာတာပြောတာ..ဘုန်းကြီးကျောင်းလဲ မလာဘူး.. အိမ်လဲ ဆွမ်းကပ်တို့ ကထိန်သင်္ကန်းကပ်တို့ တခုမှ မလုပ်ဖူးဘူး…ရွာသူရွာသားတွေနဲ့လည်း သိပ်ရောရောနှောနှောနေတာမတွေ့ရဘူး..သူတို့လုပ်တဲ့ခြံနားနီးချင်းတွေလောက်ပဲ အပေါင်းအသင်းရှိတာ…”” ဆရာတော်ဦးပန္တိက သူကျိန်းတဲ့ကျောင်းကနေ ဧည့်တွေ့ကျောင်းလေးဆီကို စင...
Image
ဒန့်သလွန်တစ်ပင်လုံး ဆေးအသုံးကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ဖို့ ဒန့်သလွန် ကိုစားကြစို့ အရွက်- အရွက်ကို ဟင်းချိုချက်သောက်လျင် သွေးကျသည်။ အမူးအမော် ပြေစေသည်။ အရွက်ကို ကြက်သွန်ဖြူ ငရုတ်ကောင်းနှင့်ဟင်းချို ချက်သောက်ပါက ရာသီထိန်တတ်သောအမျိုးသမီးများ ဓမ္မတာမှန်စေသည်။ အပူလွန်ကဲသော ရောဂါများကိုနိုင်သည်။ ကျောပူရင်ပူ လည်ချောင်းပူ နှုတ်ခမ်းပူစသော အပူလွန်ကဲခြင်းကို ပျောက်ကင်းစေသည်။ အရွက်နုများကို ကြော်စားပါက ယားနာပျောက်သည်။ အရွက် သတ္တုရည်ကို နို့နှင့်ရောသောက်လျှင်ဆီးရွင်စေသည်။ အရွက်ကို ငါးကြင်း၊ ကြက်သွန်နီဖြင့် ကြော်စားလျှင် လေသက်စေသည်။အရွက်ကို ပဒဲကော၊ ကြက်သွ န်ဖြူ နှင့်ဟင်းချိုချက်သောက်ပါက ဓမ္မတာထိန်ခြင်းငုပ်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့်-ဒန့်သလွန်အပွင့်ကို ပုစွန်ခြောက်ဖြင့်သုပ်စားပါက အကြောဆိုင်းခြင်း၊ အကြောဆွဲခြင်း၊ အြေ ကာ ရမ်း၊ အကြောရောင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့်ကို ထောပတ် ၊ကြက် ဥနှင့် ကြော်စားလျင် ခွန်အားတိုးစေသည်။ အပွင့်ကို ဆိတ်သားနှင့် ကြော်စားပါကလေ မဖြတ်နို င်ပါ။ အပွင့်ကို ပရန္နဝါဥထောပတ်နှင့် ကြော်စားလျင် ကာမအားကို တိုးပွားစေသည်။ အပွင့်ကို နိ...
Image
သိပ်ဖတ်လို့ ကောင်းတယ်။ အချိန် တစ်မိနစ်ပဲပေးပါ။ စိတ်ထဲ အမှိုက်လာသွန်မခံကြရပါစေနဲ့။ တစ်နေ့မှာ လူတစ်ယောက်ဟာ အထုပ်ကြီး တခုကို ပုခုံးမှာထမ်းပြီး အိမ်ထဲဝင်လာတယ်။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ညေ့်ခန်ကကြမ်းပြင်ပေါ် ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့ သင်ဘာလုပ်မလဲ။”ဟေ့ လူ ဒါဘာ လုပ် တာလဲ။ အဲဒီအမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူးဆိုရင်တော့ မင်းကိုငါ သတ်ပစ်မယ်”ဆိုပြီး ဓါးဖြစ်ဖြစ် သေ နတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။ အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ မကျန်အောင် သေချာ ကောက် ပြီး ထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စတခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ် ပေးလိုက် တယ်။ ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့အမှိုက်ထုပ်ကြီးတမ်းပြီး ပြန်ထွက်သွားတယ်။ ကြမ်းပေါ်မှာအမှိုက်သရိုက် အစ အန လေး တစက်တောင်မကျန်ခဲ့ဘူး။ ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့စိတ်အခြေအနေကတော့ အရင်လိုမဟုတ်ေ တော့ပါ ဘူး။ ဒီအကြောင်းကို တနူံ့နူံ့နဲ့ ပြန်စဉ်းစားပြီး ဒေါသထွက်နေ...