ပိရမစ်ရောင်ချမှု စနစ် သို့မဟုတ် MLM စနစ်လား
Pyramind Selling၏အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုကြည့် ကြည့်ရအောင်-----။ အောက်စ်ဖို့ဒ် အင်္ဂလိပ်အဘိဓာန်က Pyramid Selling ၏ အဓိပ္ပါယ်ကို "ငွေကြေးကလိန်ကျပုံစံတစ်မျိုး"ဟု ဖွင့်ဆိုထားပါတယ် ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။ အကြောင်းမူ ယင်းစနစ်သည် ယနေ့အချိန်ထိတရားဝင်ရပ်တည်မှု မရှိသောကြောင့်ဖြစ်ပါသည်။ ဤကိစ္စနှင့်ပါတ်သက်၍ ရှုပ်ထွေးရသည့်အကြောင်းတစ်ရပ်ပေါ်လာသည် ။ အကြောင်းမှာ MLM ကုမ္ပဏီများကို Pyramid Salling (တြိဂံ ပုံစံရောင်းချမှုစနစ်)ဟူ၍ အမှတ်မှားအမည်မှားပေးလိုက်ကြသောကြာင့်ဖြစ်ပါသည်။
ပို၍အကြောင်းမလှဖြစ်ရပုံမှာ လူများသည် Pyramid Selling ဟူသောစကားအဓိပ္ပါယ်မျှမသိဘဲ ယင်းစကားကိုတွင်ကျယ်စွာအသုံးပြုကြခြင်း ဖြစ်ပါတယ်။ အချက်အလက်နှင့်ပြောရသော် တြိဂံပုံစံ (သုံးချောင်းထောက်) မရှိသည့် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အဖွဲ့အစည်းများဟူ၍ရှိပါသလား ဟူသောမေးခွန်းကိုမေးမြန်းလိုပါသည်။ သုံးချောင်းထောက်မရှိသည့်စီးပွားရေး လုပ်ငန်းဟူ၍လုံးဝမရှိပါ ။ အားလုံးသောလုပ်ငန်းကြီးများတွင် အကြီးအကဲရှိမည် ။သူအောက်တွင်အမှုဆောင်များရှိမည် ။ထို့နောက်ဝန်ထမ်းများရှိမည် ဖြစ်သည်။ မည်သည့်စီးပွားရေးပုံစံ မည်သည့်ထုတ်ကုန် ပုံစံဖြစ်စေ ဖြန့်ချီမှု့ပုံစံသည်လည်း အဆင့်ဆင့်ရှိမည်သာဖြစ်သည်။ ဥပမာလက်ကားဖြန့်ချီခြင်း လက် လီဖြန့်ချီခြင်း စသည်တို့ဖြစ်သည် ။ ယင်းအဆင့်များတွင်လည်း အချိုးအစားအလျောက် ရောင်းချရသည့်ပစ္စည်း ပမာဏအလျောက် အသီးသီးအကျိုးအမြတ်များ ရရှိကြသည်သာဖြစ်ပေသည်။
သို့ဖြစ်၍ Pyamid Selling သည် လူထုအကြား အုတ်အော်သောင်းနင်း ဖြစ်လာရာငွေကြေး ကလိန်ကကျစ်များ ပါသည့်အလျောက် 1973 ခုနှစ်တွင်မှ မျှတစွာကုန်သွယ်မှုဥပဒေ (Fair Trading Act 1973) အရရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။ ဤ Pyramid Selling တြိဂံပုံစံအရောင်းစနစ်၏သဘောမှာ ပါဝင်လိုသူကို ဝင်ကြေးငွေ Entry Fees အမြောက်အများတောင်းခံခြင်းဖြစ်သည် ။ သို့သော်နောက်ထက်အဖွဲ့ဝင်လာသူများအား ထောက်ခံချက်ပေးခြင်းဖြစ် မိမိဝင်ကြေးငွေပြန်ရမည့် အပြင် အခြားသောအကျိုးအမြတ်များကိုလည်းခံစားခွင့်ရှိပြီး ထုတ်ကုန်များမှာမူ အများအားဖြစ် ဒုတိယတန်းစားသာဖြစ်သည်။ အချို့မှာအတုယောင် သာဖြစ်သည်။ ထို့ကြောင့် အစစ်အမှန်သုံးစွဲသူ လူအများ၏အဝယ်ကိုမစောင့်ဘဲ အဖွဲ့ဝင်များကိုသာ ပစ္စည်းများကိုများနိုင်သလောက် ဝယ်စေသည်။ MLMစီးပွားရေး
၏စနစ်သဘောမှာ အလွန်ထက်မြတ်သဖြင့် ပစ္စည်းများကိုကောင်းစွာရောင်းချနိုင်ရုံမက အကျိုးအမြတ်ရှိသည့်စီးပွားရေ တစ်ခု တည်ဆောက်နိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည် ။ထို့ကြောင့် ယင်းအရှိန်အဝါသြဇာကိုယူ၍ မသမာသူများက ဖျားယောင်းသွေးဆောင်မှုပြုသောအခါ လူများသည် သာမာန်အားဖြစ် သတိပြုသင့်သည်ကိုပင် သတိမပြုတော့ဘဲ များပြားကြီးမားသည့်ငွေကြေးများကိုသုံးစွဲမိကြသည် ။ အချို့ဆိုပါကအိုးပေါင်အိမ်ပေါင် ၍ အဖွဲဝင်ပါလား ပစ္စည်းဝယ်ပါလားဟုပင် တိုက်တွန်းမှုများ ရှိခဲ့ကြသည် ။နောက်ပိုင်းကျမှအမှန်တရားသည် ဆပ်ပြာပူးပေါင်း များဖြစ်သည်ကို သိကြရသည်။အမှန်တရားသည် ပျောက်ကွယ်သွား ပေပြီ ။ နောက်လူကိုစုပါဟုဆိုသည်မှာလည်း လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ အထူးသဖြစ့်မိမိကိုယ်တိုင် ကမယုံကြည်တော့သည့် လုပ်ငန်းအတွက် စည်းရုံးရန်မှာ ပို၍လွယ်ကူပေ။
သို့ဖြင့် 1973 ခုနှစ်နောက်ပိုင်း တွင် အားလုံးသောMLMကုမ္ပဏီများအား ထိန်းကျောင်းအုပ်ချုပ်ရန်အလို့ငှာဥပဒေနှင့်စည်းမျဉ်းဥပဒေများပေါ်ပေါက်လာခဲ့သည်။ စည်းမျဉ်းဥပဒေများက MLM စနစ်ကို အခြေခံထုတ်လုပ်သည့် ပစ္စည်းများအားလုံးအပေါ် ကန့်သက်ထိန်းချုပ်မှုပြုခဲ့သည် ။ တချိန်တည်းတွင် အဖွဲ့ဝင်များနှငိ့လုပ်ငန်းတည်ဆောက်သူများအား အဖွဲ့ဝင်ကြေးမှ အကျိုးအမြတ်ခံစားခြင်းကိုလည်း ပိတ်ပင်လိုက်သည်။ တဆက်တည်းတွင် ပစ္စည်းများကို အလွန်အမင် များပြားစွာဝယ်ယူခြင်းမပြုသင့်ဟုသော သတိပေးမှုကိုလည်း ကြိုတင်ပြုလုပ်ရမည်ဟု ဖေါ်ပြထားလေသည်။

မည်သို့ဆိုစေ ထို့အချိန်မတိုင်မှီနှင့် ယင်းယင်းအချိန်ကာလများတွင်သာမက နောက်ပိုင်းကာလများတိုင်အောင် အမှန်တကယ်စစ်မှန်သော MLMကုမ္ပဏီများသည် ရှိပြီးရှိဆဲဖြစ်ကာယခုတိုင် အောင်မြင်စွာလုပ်ကိုင်ဆဲဖြစ်သည်ကိုမူ သတိပြုသင့်ပါသည်။
ယခု သင်အား Pyramid Selling လားဟူသောမေးခွန်းမေးသူကို ပြန်ကြည့်ရအောင် သင်မည်သို့ဖြေကြားမလဲ-------။ သင်ကတဖန် "ခင်ဗျားပြောတဲ့ တြိဂံပုံစံဆိုတာဘာလဲ ၊ ခင်ဗျားသိသလောက်ပြောပြပါ "ဟု ပြန်မေးသင့်ပါတသည်။ ယင်းသို့မေးလျှင် သူတို့သည် အလွန်ဝေဝါးသော သို့တည်းမဟုတ် သင်လုပ်ကိုင်နေသည့် MLMစနစ်နှင့် လုံးဝမသက်ဆိုင်သော အဖြေကိုသာ ပေးမည်ဖြစ်ပါသည်။ ဤတွင်သူ့ကိုသင်အဖြေပေးရန် လွယ်ကူလာမည်ဖြစ်ပါသည်။ "ဟုတ်ပါတယ် အခြေခံအားဖြစ် MLMစီးပွားရေနှင့် တူသယောင်ရှိပါတယ်။ ဒါပေမဲ့အဲ့မှာတစ်စုံတစ်ခုမှားနေတယ်လို့ခင်ဗျားထင်တယ်မဟုတ်ပါလား" ဟုပြောသင်ပါတယ်။ ဆိုလိုသည်မှာသံသယများပြေပျောက်သည့်အထိ သူတို့ဟာသူတို့ဖြေရှင်းမှုကိုအားပေးရန်ဖြစ်သည် ။သင်ကိုယ်တိုင်လည်းPyramid Selling (တြိဂံပုံစံအရောင်းစနစ် ) ဆိုသည်မှာ MLMစနစ်၏သဘောသဘာဝကိုယူပြီး ငွေကြေးကလိန်ကျသည့်စနစ်ဖြစ်ကြောင်း သဘောပေါက်ပြီးဖြစ်ရာ ထိုသူတို့ကိုလည်းယင်းသို့သဘောပေါက်အောင် တစိထိုင်တည်းအပြီးရှင်းလင်းရမည်ဖြစ်ပါသည်။

အကျဉ်းချုပ်ဆိုရသည်ရှိသော် Pyramid Selling ခေါ် တြိဂံပုံစံအရောင်းစနစ်သည် MLMစနစ်၏ အခြေခံသဘောတရားအချို့ကိုယူ၍ အသုံးပြု့ထားသော်လည်း အောက်ပါအချက်များအားလုံးသော်လည်းကောင်းအချို့သော်လည်းကောင်း ပါရှိသည့်လုပ်ငန်းဖြစ်ပါသည်။
(၁) ထုတ်ကုန်အရည်အသွေးညံ့ဖျင်းခြင်း
(၂) အဖွဲ့ဝင်ခွင့်ကြီးမြင့်ခြင်း
(၃)ရာထူးနေရာမြင့်မားစွာရရှိရန်နှင့်ပစ္စည်းအပေါ် ဈေးနှုန်းများများရရှိရန် ကုန်ပစ္စည်းများကို အများအပြားဝယ်ယူရန်တိုက်တွန်းခြင်း
(၄) လက်လီအရောင်းအပေါ်ထည့်သွင်းတွက်ချက်မှုမရှိခြင်း
(၅)ငွေကုန်ကြေးကျများသော သင်တန်းများကိုမတက်မမေတက်ကြရခြင်း ]။
(၆)အလွန်အမင်ချဲ့ကားထားသည့် ဝင်ငွေပြခြင်း
ဤသည်မှာ MLMနှင့်ဲပိရမစ်စနစ်တို့၏ ကွာခြားချက်ဖြစ်သည်။ ကူယူမျှဝေခြင် ဇူလီယန်MLM min zaw oo 41-2898469 ..အစစ်အမှန်ကိုလိုချင်ရင်ဆက်သွယ်နိုင်ပါတယ် မြန်မာ 09255760459//ထိုင်း 0877739246
(5 photos)




Comments

Popular posts from this blog