အောက်ဆုံးတွင်ရှိနေသူများ၏ လုပ်အားနှင့် ငွေကြေးကို ထိပ်ဆုံးတွင်ရှိနေသူများက အကျိုးအမြတ်ရယူနေခြင်းလား ?????
ထိပ်ဆုံးတွင်ရှိနေသောသူများကကွန်ရက်ဖြန့်လုပ်ငန်းကြီး ၏ ရောင်းချမှုအကျိုးအမြတ်များကို ရရှိခံစားနေခြင်းဆိုသည်မှာ MLM သဘောတရားနှင့် ဆန့်ကျင်ခြင်းမရှိပါ ။ ဤသည်မှာ MLM၏တစ်စုံတစ်ခုသော အချိန် တစ်စုံတစ်ခုသော အစိတ်အပိုင်း ကိုဖျက်ခနဲ့ရိုက်ယူထားသည့် ဓါတ်ပုံပုံသေနှင့် တူနေပါသည်။ စင်စစ် MLMစီးပွားရေးဆိုသည်မှာ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသော လုပ်ငန်းဖြစ်ပါသည်။
လုံးဝကြောင်းကြိုးညီညွတ်သည့် ဥပမာတစ်ခုပြပါမည်။ လွန်ခဲ့သည့်နှစ်နှစ်က စီးပွားရေးတည်ဆောက်ခဲ့သည့် Fred ၏ဝင်ငွေသည် ယခုမှလုပ်ငန်းစတင်သည့် Harry၏ ဝင်ငွေထက် များစွာသာလွန်မည်မှာသဘာဝကျပါသည်။ သို့သော် Fredကြိုးစားသလောက် Harry သည်အလုပ်ကိုကြိုးစားလုပ်ရာ နောက်နှစ်နှစ်ကြာသောအခါ Harry ၏ဝင်ငွေသည် လွန်ခဲ့သည့် နှစ်နှစ်က Fred ရသည့်ဝင်ငွေမျှရရှိလာပါသည်။ သို့သော်ထိုအချိန်တွင် Fred သည်လည်း ထိုနှစ်နှစ်မျှသောကာလအတွင်း ညီမျှသောအားထုတ်မှုဖြစ် အလုပ်လုပ်လျှက်ရှိရာ Harry၏ဝင်ငွေသည် Fredကိုမှီနိုင်စရာမရှိပါ ။ဆိုလိုသည်မှာ Fredနှစ်Harryနှစ်ဦးသည် အားထုတ်မှုပမာဏညီမျှနေသမျှ Harryသည် Fredကိုမမှီနိုင် ဟုဆိုလိုခြင်းဖြစ်သည်။
ပုံကိုကြည့်ပါ။ဤပုံသည် အောင်မြင်သောMLM ကုမ္ပဏီတစ်ခု၏ ဖြန့်ချီသူများကွန်ယက် ဖြန့် လုပ်ငန်းကို တင်စားသရုတ်ဖေါ်ထားခြင်းဖြစ်ပါသည်။ Aသည်ကုမ္ပဏီသို့အစောဆုံးလာရောက် ဆက်သွယ်၍ စီးပွားရေးကိုတည်ဆောက်ရာ သူ့ကွန်၇က်ဖြန့်လုပ်ငန်းကို တြိဂံAဖြစ်ဖေါ်ပြထားပါသည်။ သူ့ကွန်၇က်သည် အဆင့်၅ ဆင့်ရှိသည်ဆိုပါစို့။ Bသည်A၏ကွန်ယက်သို နောက်ဆုံးမှဝင်ရောက်လာနိုင်သော်လည်း Aထက်ပိုမို ကြိုးစားအလုပ်လုပ်သဖြင့် ဖြန့်ချီသူပိုမိုများပြားစွာပါလာသည့် B၏ကွန်ယက်သည် A ထက်ကျယ်ဝန်းလာသည်ကို တွေ့ရှိရပါမည်။ သူတို့နှစ်ဦးရရှိမည့်ကော်မရှင်နှုန်းထားမှာ တူညီသော်လည်း B၏ကွန်၇က် ဖြန့်ချီသူ သည်ပိုမို များပြီး ပိုမိုကြီးမားသဖြင့် နောက်နှစ်နှစ်ကြာသောအခါ B၏ဝင်ငွေသည် A ထက်ပိုများပြားလာသည်။ ထို့နည်းတူCသည်B၏ကွန်ယက်သို့နောက်ဆုံးမှဝင်ရောက်လာသော်လည်းAနှင့် B ထက်ပိုကြိုးစာအလုပ်လုပ်သဖြင့် ထိုတူညီသော အချိန်နှစ်နှစ် မျှအတွင်း သူ၏ဝင်ငွေသည် သူ့အထက်အဖွဲ့ Up Line နှစ်ဦးထက် ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
အရေးကြီးသည့်အချက်မှာ ခိုင်မာပြီး တက်ကြွစွာလှုပ်ရှားသည့်ကုမ္ပဏီကို ရှာဖွေရန်ဖြစ်ပါသည်။ ယင်းသို့သောကုမ္ပဏီ၏စီးပွားရေးအခွင့်အလန်းများမှာပိုမိုများပြားလေ့ရှိပါသည် ။ အကြောင်းမှာသူတို့၏ထုတ်ကုန်များသည် ၇ာနှုန်းပြည့် အဆင့်မြင့်ပစ္စည်းများဖြစ်သဖြင့် ရောင်းအားမှာလည်းအဆင့်မြင့်ကာ ပံ့ပိုးမှုများလည်းကောင်းပြီး အုပ်ချုပ်မှုအပိုင်းတွင်လည်း အဆင့်မြင့်ကြပါသည်။ ထို့အပြင်ထိရောက်သော သင်တန်းပေးမှုများလည်းရှိသည့်အပြင် စီးပွားရေးလုပ်ငန်းတစ်ခုလုံးမှာ အသက်မွေဝမ်းကြောင်းသဘော သက်ရောက်သဖြစ် ယင်းသို့သောကုမ္ပဏီဆိုပါကသင်သည် နောက်ကျမှဝင်ရောက်သော်လည်း အကျိုးအမြတ်မှာ ကောင်းစွာရရှိမည်ဖြစ်ပါသည်။
မြေညီထပ်အခွင့်အရေး Ground Floor Oppprtunityဟုပြောဆိုကြသူများထည့်သွင်းမစဉ်းစားမိသောအချက်တစ်ခုမှာ ဖြန့်ချီသူတစ်ဦးသည် သူအားထုတ်ကြိုးစာမှုအချိုးအစားပမာဏအရသာ အကျိုးခံစားခွင့်ရှိသည်ဆိုသော အချက်ဖြစ်ပါသည်။ ကုမ္ပဏီသို့စောစီးစွာဝင်ရုံမျှနှင့် အလုပ်မလုပ်ဘဲမချမ်းသာနိုင်ပါ။ လူတစ်ယောက်သည်နှစ်ရှည်ကြာမြင့်လှပြီဖြစ်သည့် ကုမ္ပဏီသို့ ဝင်ရောက်လုပ်ကိုင်သည်။ သို့သော်သူ အလုပ်ကို အလွန်အမင်ကြိုးစားလုပ်ကိုင်သည်ဆိုပါစို့ ။ထိုသူ၏ဝင်ငွေသည် ယ္ခုမှပေါ်ပေါက်လာသည့် အသစ်ကျပ်ချွတ်ကုမ္ပဏီကိုဝင်ပြီး ဘာမှမလုပ်ဘဲ မြေညီထပ်အခွင့်အရေးရမည်ဟုမျှော်လင့်နေသူ၏ဝင်ငွေထက် များစွာသာလွန်မည်ဖြစ်ပါသည်။
ဤဥပမာများမှာ အများအပြားရှိပါသည်။ ရာနှင့်ချီသောလူများသည် သက်တမ်းရှည်လှသည်ဖြစ်သည့် ကုမ္ပဏီများသို့ဝင်ရောက်ပြီး အလုပ်ကြိုးစားပြီးလုပ်သဖြင့် ချမ်းသာနေသူ ကုမ္ပဏီသစ်တစ်ခုကို စစခြင်းဝင်ရောက်လာပြီးမကြိုးစားသဖြင့် ယခုအထိသာမာန်အဆင့်ရှိသူ ဥပမာများအများအပြားရှိပါသည် ။
ဦးစွာလာသူဦးစားပေးအခွင့်အရေးဟုသော ground floor oppprtunity ကိုကြော်ငြာသူများသည် ယင်းတို့တွင်အစွဲအလမ်းတစ်ခု စွဲကပ်နေပုံရသည်ဟူ၍လည်းယူစရပါသည်။ ယင်းမှာအခြားမဟုတ် လူများသည်လုပ်ငန်းသစ်တစ်ခုကို စတင်သူများအဖြစ်ခံယူလိုခြင်း ၊ လုပ်ငန်းစောစောစလျှင် ဦးစားပေးအခွင့်အရေးရမည်ဟူသော ယုံကြည်မှုလူများတွင် ရှိကြသည်ဟုယူစကြခြင်း ဖြစ်ပါသည်။ မည်သို့ဆိုစေ ကုမ္ပဏီအသစ်တွင် စောစောဝင်ခြင်းအတွက် ကြီးစွာစွန့်စားမှုရှိသည်ကို သတိပြုရပါမည် ။ ရှုံးနှိမ့်နိုင်မှုရာခိုင်နှုန်းသည် မည်သည့်စီးပွားရေးကိုလုပ်လုပ် ရှုံးနိမ့်မှုရာခိုင်နှုန်းနှင့်ညီမျှပါသည်။ ဆိုလိုသည်မှာရာနှုန်းမြင့်မားသည်သာဖြစ်ပါသည်။
မည်သို့ဆိုစေ ထုတ်ကုန်အသစ် သို့မဟုတ် ဝန်ဆောင်မှုအသစ် သို့မဟုတ် ဝန်ဆောင်မှုအသစ်ဖြစ် စတင်မည့်ကုမ္ပဏီအသစ်ကို ဝင်မည် သို့မဟုတ် ကြာမြင့်စွာ က တည်ထောင်ခဲ့ပြီး ဂုဏ်သတင်းကျော်ဇာမှုရှိနေသည့် ကုမ္ပဏီဟောင်းကိုစတင်ဝင်ရောက်မည် ဆိုသည်မှာ သင့်အပေါ်တွင်မူတည်ပါသည်။ ယနေ့အချိန်တွင် လုံးဝအဆင့်မြင့်သည့် ထုတ်ကုန်နှင့် အကောင်းဆုံးအလုပ်လုပ်ပြီး လူများအကြား ရတနာစီချယ် တော်ဝင်ဘွဲထူးခံ အောင်မြင်မှု အမြင့်ဆုံးရှိအာရှ ကျားဇူလီယန်Zhulian ရွှေစီးပွားရေးကုမ္ပဏီရှိနေပါပြီဆိုတာကို အများသိစေ မျှဝေစေသာ ပြီးပြည့်စုံသော ဘဝလမ်းကြောင်းမျာစီသို့ အတူတက်လှမ်သွားနိုင်ပါကြောင် 2013 ခုနှစ် ဒီဇင်ဘာလ ၂ ရက် နေ့ထုတ် The Voice Weekly- Vol.9/No.47 မှ"ကွန်ရက်ဖြန့်ကြက်စီးပွားရေးလုပ်ငန်းမျာ......ဘယ်သို့" အယ်ဒီတာဖြေရှင်းချက် ကူးယူ ဖေါ်ပြအပ်ပါသည်။
(5 photos)

Comments

Popular posts from this blog