Posts

Showing posts from November, 2018
Image
မည်သူ့ကိုအပြစ်တင်ရမှန်မသိသော မြန်မာနိုင်ငံအတွင်းမှလူ့အခွင့်ရေးပိတ်ပင်ခံရမှု ကျွန်တော်တို့တွေက လက်ရှိစီးပွားရေးတွေလုပ်ရင်း အပိုဝင်ငွေတခုအနေနဲ့ ကုမ္ပဏီတခုမှာလဲ Marketing တခုကိုလုပ်ကိုင်ကြပါတယ် အစကထိုင်းနိုင်ငံမှာပေါ့ အဲ့တုန်းက ဘာပြဿနာမှမရှိသေးဘူး ပူးတွဲလုပ်ကိုင်ရင်းနဲ့ အစင်ပြေလာကြတော့ လက်ရှိအလုပ်တွေကနေ ထွက်လိုက်ကြတယ် ကိုယ်ပိုင်လုပ်ငန်းသမားတွေကတော့ ပူးတွဲ လုပ်ကြတာပေါ့ ထိုင်းနိုင်ငံမှာကအခွံငွေကိစ္စဘဲကြောက်ရတယ် ရောင်းဝယ်ဖောက်ကားတာ ကုမ္ပဏီကနေ လွှတ်တဲ့ တခြား အာရှ ဥရောပခရီးတွေအားလုံး လွတ်လပ်စွာသွားလာခဲ့ကြတာ အစင်ပြေနေတယ် ဒီလိုအစင် ပြေနေတော့ဒီလိုလုပ်ငန်းမျိုး မြန်မာနိုင်ငံမှာရှိစေချင်ကြတယ် ဒါ မျိုးချစ်မြန်မာတွေရဲ့စိတ်ပေါ့ ကုမ္ပဏီနဲ့ ညှိနှိုင်း ကြပြီး မြန်မာနိုင်ငံမှာပါကုမ္ပဏီကြီး တရားဝင်လာရောက်ဖွင့်လှစ် နိုင်အောင်ကျိုးစားခဲ့ကြတယ် ၂၀၁၅ မှာ မြန်မာနိုင်ငံမှာ ထိုင်းရုံးချုပ်ကနေ မြန်မာအခြေစိုက် လာရောက်ဖွင့်လှစ်ပေးခဲ့တယ် ဒီအထိအစင်ပြေကြသေး တယ် သုံးနှစ်လောက်လုပ်ငန်းလည်ပါတ်ကာ နိုင်ငံတော် အခွံငွေတွေကိုလဲ အပြည့်အဝထမ်းဆောင်ကြတယ် ဝင်ငွေခွန် သွင်းကုန်အခွံ ကုန်ပစ္စည်းတွေကိုလဲ FDA အစားသောက်ဆေးဝါး ကွတ်ကဲရေး စားသုံးသူ...
Image
မြနန်းနွယ်ဟာ ၁၉၀၆ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ယခုရှိဆိုရင် ၁၁၁ နှစ်ရှိရော့ပေါ့။ ဦးသန့်က ၁၉၀၉ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။မြနန်းနွယ်ထက် ဦးသန့်က ၃ နှစ်ပင်ငယ်ပါသေးတယ်။ နောက်ပြီး ၁၉၁၅ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊စာရေးဆရာမ ဒေါ်ခင်မျိုးချစ် တို့ ဟာမြနန်းနွယ်အောက် ၉ နှစ်လောက် ငယ်ကြပါသေးတယ်။မြနန်းနွယ်မွေးတဲ့အချိန်ဟာ အင်္ဂလိပ်လက်အောက်က ရုန်းထကြဖို့၊ လွတ်လပ်ကြဖို့ လူငယ်တွေ အသိအမြင်၊မျိုးချစ်စိတ် တွေ ပေါက်ဖွားရှင်သန်လာကြတဲ့ အချိန်ဖြစ်ပါတယ်။ အခုရေးပြတဲ့ အကြောင်းဟာ အောင်ဆုရှင် (သာကီဝင်)ဆိုတဲ့ စာအုပ်ထဲက မြနန်းနွယ်ရဲ့ အကြောင်း ဖြစ်ပါတယ်။စာရေးဆရာအောင်ဆုရှင် အဘဦးအောင်ဆု နဲ့တွေ့ပြီးမြနန်းနွယ်အကြောင်း မေးမြန်းစပ်စု ထားတာဖြစ်ပါတယ်။ မြနန်းနွယ်ဟာ စော်ဘွားမျိုးဆက်၊ သူမ၏ အဖေအမေတွေက မိုးကုတ်ကျောက်တွင်းပိုင်တွေ၊သူမမွေးပြီးနောက် မိဘတွေမှာ ကျောက်တွင်းက ကျောက်အောင်ပြီး စီးပွားတွေ တရိပ်ရိပ်တက်လာလို့ သူတို့၏ သမီး မြနန်းနွယ် အလိုကျ လိုက်လျောပေးခဲ့ကြတာ ဖြစ်ပါတယ်။ မြနန်းနွယ်ဟာ အသက် ၁၅ နှစ် မှာ အိန္ဒိယနိုင်ငံကိုတက္ကသိုလ်ပညာ ဆည်းပူးခဲ့ပါတယ်။၁၉၂၆ မှာအိန္ဒိယနိုင်ငံက ဝိဇ္ဇာဘွဲ့ယူပြီး မြန်မာနိုင်ငံကို ပြန်လာပ...